ဆွစ်ဇာလန်နိုင်ငံရှိ အပ်(စ်)တောင်တန်းမှရေခဲများ အချိန်မတိုင်မီ အရည်ပျော်ကျမှုဖြစ်ပွား
ဆွစ်ဇာလန်နိုင်ငံရှိ အပ်(စ်)တောင်တန်းမှ ရေခဲများ အချိန်မတိုင်မီအရည်ပျော်ကျ မှုဖြစ်ပွားကြောင်း၊ ပြီးခဲ့သည့်ဆောင်းရာသီ အတွင်းဖြစ်ပေါ်ခဲ့သော ရေခဲများသည် လွန် ခဲ့သောသီတင်းပတ်များကတည်းကပင် အရည်ပျော်ကျသွားပြီဖြစ်ကြောင်း ရေခဲ တောင်များ လေ့လာစောင့်ကြည့်ရေး အဖွဲ့က ဇူလိုင်လ ၄ ရက်တွင် ထုတ်ပြန်သည်။
ထို့ပြင် ယခုမှစ၍ အောက်တိုဘာလ အတွင်းဖြစ်ပွားမည့် ရေခဲများ အရည်ပျော် မှုသည် ဆွစ်ဇာလန်နိုင်ငံအတွက် ရေခဲတောင်အရည်ပျော်ကျမှု ပမာဏကို မြင် တွေ့ရစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန် နိုင်ငံ၏ ရေခဲတောင် လေ့လာစောင့်ကြည့် ရေးအဖွဲ့ (GLAMOS) က ထုတ်ပြန်ထား ခြင်းဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် နှစ်တစ်နှစ်တာ ၏ရေခဲပျော်ကျမှုသည် ဩဂုတ်လမှသာ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့အချိန် မတိုင်မီ ရေခဲတောင်များအရည်ပျော်ကျ ခြင်းသည် ဆွစ်ဇာလန်နိုင်ငံရှိ ၁၄၀၀ ကျော် သော ရေခဲတောင်များအတွက် သတိပေး ချက်ပင်ဖြစ်ကြောင်းနှင့် ဆွစ်ဇာလန်နိုင်ငံရှိ ရေခဲတောင်များ အရည်ပျော်ကျမှုသည် စိုးရိမ်ဖွယ်ရာ နှုန်းထားသို့ ရောက်ရှိလာနေကြောင်း ယင်းအဖွဲ့ကပြောသည်။
ဆွစ်ဇာလန်နိုင်ငံ၌ ပြီးခဲ့သည့်ဆောင်း ရာသီအတွင်း ဆီးနှင်းကျဆင်းမှု ပမာဏသည် အလွန်နည်းပါးကြောင်း၊ ထို့ပြင် ဇွန်လသည် ဒုတိယမြောက် အပူဆုံးလအဖြစ် မှတ်တမ်းဝင်ကြောင်း၊ ထို့ကြောင့် ရေခဲတောင် အရည်ပျော်သည့်နေ့သို့ ရောက်ရှိ လာပြီဖြစ်ကြောင်း GLAMOS အဖွဲ့အကြီးအကဲ မက်သီးယက်ဟက်က လူမှုကွန်ရက် တွင်ရေးထားသည်။
MWD Web Portal