ဘီးလင်းမြို့နယ်တွင် ရင်ချင်းဆက်အမြွှာညီအမကို ခွဲစိတ်မွေးဖွားနိုင်ခဲ့

News Image

  • ဘီးလင်းမြို့နယ်တွင် ရင်ချင်းဆက်အမြွှာညီအမကို ခွဲစိတ်မွေးဖွားနိုင်ခဲ့

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ရင်ချင်းဆက်အမြွှာညီအမကို ယမန်နေ့ ဇူလိုင် ၉ ရက် ည ၉ နာရီ၄၂ မိနစ်အချိန်၌ အောင်မြင်စွာခွဲစိတ်မွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။

ရင်ချင်းဆက်အမြွှာညီအမမှာ ဘီးလင်းမြို့နယ်၊ ပိုင်ဒဝယ်ကျေးရွာတွင်နေထိုင်သည့် နော်ချောဂေဆိုသူအမျိုးသမီး၏ (၅) ကြိမ်မြောက်ကိုယ်ဝန်တွင် အဆိုပါ ရင်ချင်းဆက် အမြွှာလေးညီအမကိုမွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မိခင်ဖြစ်သူ နော်ချောဂေနီင် ကလေးနှစ်ဦးလုံး ကျန်းမာစွာရှိကြောင်း ဘီးလင်းမြို့နယ် ပြည့်သူကျန်းမာရေး ဦးစီးဌာနက အသိပေးထားသည်။

“ဆရာဝန်တစ်ဦးတည်းသာရှိတဲ့ နယ်မြို့လေးကဆေးရုံမှာယခုလိုမွေးဖွားပေးနိုင်ခဲ့ခြင်းအတွက် ခွဲစိတ်အဖွဲ့ဝင်များအား လုံးအတွက် အထူးဂုဏ်ယူပါတယ်”ဟု ဆိုထားသည်။

ရင်ချင်းဆက်အမြွှာညီအမကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ခြင်းသည် (၂) ကြိမ်ရှိခဲ့ပြီဖြစ်ကာ၊ ၁၉၉၂ ခုနှစ်ခန့်က တစ်ကြိမ် မွေးဖွားပေးခဲ့ရပြီး ယင်းသည် ပြည်သူ့အချစ်တော် “အေးအေးငြိမ်း နှင့် အိအိငြိမ်း” တို့ဖြစ်ကြောင်း သိရသည်။

Popular Myanmar