သရီးဒီပရင်တာဖြင့် ကမ္ဘာ့အကြီးဆုံး အဆောက်အအုံ ဆောက်လုပ်မှု စတင်
ကာတာနိုင်ငံကတော့ တကယ့်ကိုစံပါပဲလို့ဆိုရလောက်ပါပေတယ်။ သရီးဒီ ပရင်တာတွေဆိုတာ ကြီးမားတဲ့အရာတွေကို မထုတ်ပေးနိုင်ဘူးလို့ အရင်တုန်းကသိ ထားခဲ့ကြတာပါ။ ဒါပေမဲ့ ကာတာနိုင်ငံက အဆောက်အအုံကြီးတစ်ခုလုံးကို သရီးဒီ ပရင်တာ အသုံးပြုပြီး တည်ဆောက်ဖို့ လုပ်ငန်းကိုစတင်နေပါပြီ။ တည်ဆောက်မယ့် နေရာကလည်း သဲကန္တာရထဲမှာပါ။
ကနဦးအနေနဲ့ စာသင်ကျောင်းကြီး နှစ်ကျောင်းကိုဆောက်မှာပါ။ တစ်ကျောင်းကို စတုရန်းမီတာ ၂၀၀၀၀ ကျယ်ဝန်းပါတယ်။ ဒီလိုကြီးမားတဲ့ အဆောက်အအုံကိုတည် ဆောက်ဖို့အတွက် အသုံးပြုထားတဲ့ သရီးဒီပရင်တာရဲ့ အရွယ်အစားကလည်း Boe-ing 737 ရဲ့ လေယာဉ်ရုံလောက်ရှိပါတယ်။ ဒါဟာ ရှိခဲ့ဖူးသမျှသော သရီးဒီပရင်တာတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။
MWD Web Portal
MM-News-Category