တရုတ်မှာ လီသီယံတန်ချိန်သန်း ၅၄၀ တွေ့ရှိမှုက EV ဘက်ထရီလောကကို လှုပ်ခတ်စေနိုင်

News Image

  • တရုတ်မှာ လီသီယံတန်ချိန်သန်း ၅၄၀ တွေ့ရှိမှုက EV ဘက်ထရီလောကကို လှုပ်ခတ်စေနိုင်

လျှပ်စစ်စွမ်းအင်သုံးယာဉ် (EV) များအတွက် ဘက်ထရီဆိုတာကအသက်ပါပဲ။ EV ကားတစ်စီးရဲ့ စွမ်းဆောင်ရည်က ဘယ်လောက်အတိုင်းအတာ အထိရှိတယ်ဆို တာကိုသတ်မှတ်ကြတဲ့အထဲမှာ EV မှာသုံးထားတဲ့ ဘက်ထရီရဲ့စွမ်းဆောင်ရည်ကို အဓိကထားကြည့်ကြတာပါ။

လက်ရှိမှာ အသုံးပြုနေတဲ့ ဘက်ထရီတွေက လီသီယံဘက်ထရီတွေဖြစ်ပြီး အဲဒီ လီသီယံဆိုတာကိုလည်း တရုတ်နိုင်ငံက အဓိကတင်ပို့နေတာဖြစ်ပါတယ်။ ပြောရ မယ်ဆိုရင် တရုတ်နိုင်ငံက လီသီယံတင်ပို့တဲ့ ဈေးကွက်ကို လွှမ်းမိုးထားတာပါ။

မကြာသေးခင်က တရုတ်နိုင်ငံ ဟူနန် ပြည်နယ်မှာ လီသီယံဒြပ်စင်တန်ချိန် သန်း၅၄၀ အထိရှိတဲ့ သတ္တုသိုက် တစ်ခုတွေ့ရှိထားတယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်လာပါတယ်။ အခုလိုမျိုးတွေ့ရှိမှုဟာ EV ဘက်ထရီ လောကကို လှုပ်ခတ်သွားစေနိုင်တာတော့ အမှန်ပါပဲ။

ဒီသတ္တုသိုက်ကိုတော့ ဟူနန်ပြည်နယ် သတ္တုသယံဇာတ တိုင်းတာရေးအဖွဲ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီကနေ လီသီယံတွေကို ကုန်ကျစရိတ် နည်းနည်းနဲ့ထုတ်လုပ်နိုင်မယ်လို့လည်း ဆိုပါတယ်။

MWD Web Portal