မန္တလေးတိုင်းဒသကြီးအစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ် ၂၀၂၅ ခုနှစ် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်

News Image

  • မန္တလေးတိုင်းဒသကြီးအစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ် ၂၀၂၅ ခုနှစ် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်

ကျောက်ဆည်  ဇူလိုင်-၁၁

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ် အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်း စိုပြည်ရေး ၂၀၂၅ ခုနှစ် လူထုလှုပ်ရှားမှုအသွင်ဖြင့် ယနေ့နံနက်ပိုင်းက အစိုးရနည်းပညာ အထက်တန်းကျောင်း ရှမ်းရွာကြီးကျေးရွာတွင် ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်က မိမိ ရပ်ရွာ၊ မြို့နယ်၊ ခရိုင်များ ဒေသတွင်းစိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးခြင်းသည် အလွန်အရေးကြီးကြောင်း ရေအရင်းအမြစ် ပေါကြွယ်ဝဖို့၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့နှင့် မြို့ပြနှင့် လူမှုဝန်းကျင် အေးချမ်း သာယာပြီး သဘာဝပတ်ဝန်းကျင်နှင့် မြေသယံဇာတများ အဖိုးထိုက်တန်စေရန် သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်း များကို အလေးထားဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက်  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြေရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း၊ ကျောက်ဆည်တပ်နယ်မှူး ဗိုလ်မှူးချုပ် တိုးမြင့်ကျော်၊ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စိန်းလန်း စိုပြည်‌ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ / ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ တမာ၊ ပိတောက်၊ သင်္ဘောကုက္ကိုနှင့် မဲဇလီပင် စသည့် ပျိုးပင်ပေါင်း (၁၂၀၀) စုပေါင်းစိုက်ပျိုးခဲ့ပြီး တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှု့အားပေးခဲ့ကြောင်းသိရသည်။

သက်မောင်(ကျောက်ဆည်)