ယူကရိန်းက ရုရှား ဂတ်စ်ကို ဆလိုဗက်ကီးယားမှတစ်ဆင့် ဝယ်သုံးနေရ
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှစ၍ ယူကရိန်းနိုင်ငံကိုဖြတ်ကာ ဥရောပသို့တင်ပို့နေသော ရုရှား ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကိုယူကရိန်း ခွင့်မပြုတော့သည့်အတွက် ဥရောပတွင် လောင်စာဈေးနှုန်းများ မြင့်တက်သွားခဲ့သည်။ ယခုအခြေအနေတွင် ယူကရိန်း ကိုယ်တိုင် အီးယူစွမ်းအင်ကုမ္ပဏီများမှတစ်ဆင့် ရုရှားဓာတ်ငွေ့ကို ဝယ်ယူနေရကြောင်း ဆလိုဗက်ကီးယား နိုင်ငံခြားရေးနှင့် ဥရောပရေးရာဝန်ကြီး ဂျူရက် ဘလာနာက ပြောကြားခဲ့ပြီး ဆလိုဗက်ကီးယားမှ တစ်ဆင့် ရုရှားဂတ်စ်ကို ဈေးကြီးပေးဝယ်နေရသည်ဟု ဆလိုဗက် ရုပ်သံ STVR နှင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။
ဆလိုဗက်မီဒီယာများ၏ အဆိုအရ ရုရှားဂတ်စ် ကုဗမီတာ ၁၇ သန်းခန့် ယူကရိန်းသို့ နေ့စဉ် ပြောင်းပြန်စီးဆင်းမှုကို ဖေဖော်ဝါရီ ၆ ရက်နေ့မှ စတင်ခဲ့ကြောင်း သိရပါသည်။ တင်သွင်းမှု အများစုမှာ ဟန်ဂေရီ၊ ဆလိုဗက်နှင့် ပိုလန် ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံများမှတစ်ဆင့် ဖြစ်သည်ဟု သိရပါသည်။
ကိုးကား-RT