(၆၁) ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံ (MSC) စတင်
(၆၁) ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံ (MSC) သည် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ရှိ Hotel Bayerischer Hof တွင် တရားဝင်စတင်ခဲ့ပြီး ကမ္ဘာ့ပြဿနာများကို ဆွေးနွေးရန် အဆင့်မြင့်နိုင်ငံရေးသမားများ၊ ဆန်းစစ်သူများ၊ အနောက်နိုင်ငံမီဒီယာများနှင့် လုံခြုံရေးကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပြီး ယူကရိန်းပဋိပက္ခကို အဓိကထား ဆွေးနွေး ကြမည်ဖြစ်သည်။
သမ္မတ Vladimir Putin ၏ ၂၀၀၆ ခုနှစ်က NATO ၏ချဲ့ထွင်မှုကို သတိပေးခဲ့သည့် ကျော်ကြားသောမိန့်ခွန်းပြောကြားခဲ့ရာ ဤညီလာခံသို့ ရုရှား အရာရှိများကို ဖိတ်ကြားခြင်းမရှိခဲ့ပေ။
သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁၃ ရက်နေ့ တွင် အမေရိကန်နှင့် ရုရှားအရာရှိများသည် မြူးနစ်တွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့၌ ညီလာခံပြင်ပ တွေ့ဆုံကြမည်ဟု ကြေညာခဲ့ပြီး ယူကရိန်း ကိုလည်းပါဝင်ရန် ဖိတ်ကြားခဲ့သည်။ Vladimir Zelensky က မည်သည့် ရုရှားကိုယ်စားလှယ်အဖွဲ့နှင့်မှ ဆွေးနွေးရန် မျှော်လင့်ထားခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
အဓိကတက်ရောက်သူများတွင် အမေရိကန်ဒုသမ္မတ J.D. Vance၊ NATO အထွေထွေအတွင်းရေးမှူး Mark Rutte နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen တို့ ပါဝင်သည်။
ကိုးကား-RT