ရုရှားအပေါ် ပိတ်ဆို့မှုများ ဖယ်ရှားရန် ဂျပန်အထက်လွှတ်တော်အမတ် တိုက်တွန်း

News Image

  • ရုရှားအပေါ် ပိတ်ဆို့မှုများ ဖယ်ရှားရန် ဂျပန်အထက်လွှတ်တော်အမတ် တိုက်တွန်း

ရုရှားနိုင်ငံအပေါ် ဂျပန်နိုင်ငံက အရေးယူပိတ်ဆို့ထားသော စီးပွားရေး လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များကို အဆိုပါအရေးယူပိတ်ဆို့မှုမှ ဖယ်ရှားသင့်ကြောင်း ဂျပန်ပါလီမန်အထက်လွှတ်တော်အမတ် မူနီအိုဆူဇူကီက သတင်းထောက်များအား ပြောကြားလိုက်ပါသည်။ 

ဒေါ်နယ်ထရမ့်နှင့် ဗလာဒီမာပူတင်တို့ တယ်လီဖုန်းဆက်သွယ် ပြောဆိုမှုအပြီးတွင် မူနီအိုဆူဇူကီက ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်ပါသည်။

ယခင်အမေရိကန်သမ္မတဂျိုးဘိုင်ဒင်အစိုးရ၏ အကြီးမားဆုံးအမှားနှင့် ခန့်မှန်းချက် လွဲချော်ခဲ့ရမှုတစ်ခုဖြစ်ကြောင်း၊  စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ပါက ၄ လအတွင်း ရုရှားသည် နောက်ပြန်ဆုတ်သွားမည်ဟု ဆိုသော်လည်း ယခုအခါ ၃ နှစ်ကျော်သွားပြီဖြစ်ကြောင်း၊ ယခင်ဂျပန် ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါသည်လည်း ရုရှားကို ဆန့်ကျင်သော ပိတ်ဆို့သော မူဝါဒတွင် ပါဝင်ခဲ့မိခြင်းဖြစ်ကြောင်း၊ လက်ရှိ ဝန်ကြီးချုပ် ရှီဂေရု အီရှီဘာ မှာ ထိုဆုံးဖြတ်ချက်တွင် ပါဝင်ခြင်းမရှိခဲ့သဖြင့်  အဆိုပါ အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားသင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားထားပါသည်။

ကိုးကား- TASS