အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားကို G8 အဖွဲ့သို့ ပြန်လည် ဝင်ရောက်ရန် ပြောကြားမှုမှာ ရုရှားနှင့် ၂၁ ရာစု မဟာစီးပွားရေး ပြိုင်ဘက် တရုတ်တို့၏ မိတ်ဖက်ဆက်ဆံရေးကို အားပျော့သွားစေရန် ရည်ရွယ်
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ရုရှားကို G8 အဖွဲ့သို့ ပြန်လည်ဝင်ရောက်ရန် ပြောကြားမှုမှာ ရုရှားနှင့် ၂၁ ရာစု မဟာစီးပွားရေး ပြိုင်ဘက် တရုတ်တို့၏ မိတ်ဖက်ဆက်ဆံရေးကို အားပျော့သွားစေရန် ရည်ရွယ် ထားခြင်းဖြစ်ကြောင်း ရုရှားဆီးနိတ်အမတ် Alexey Pushkov က ပြောကြားလိုက်ပါသည်။
မဟာပထဝီနိုင်ငံရေးအင်အားကြီးသုံးနိုင်ငံ- အမေရိကန်၊ ရုရှားနှင့် တရုတ်တို့အကြား ယူကရိန်းပြဿနာကြောင့် ရုရှားနှင့် တရုတ် နီးကပ်စေခဲ့သည်မှာ ဒေါ်နယ်ထရမ့်အတွက် အဟန့်အတားတစ်ခု မဖြစ်စေလိုကြောင်း၊ ပြင်ပကိစ္စ စစ်ပွဲများကိုလည်း ခေါင်းရှုပ်မစဉ်းစားလိုကြောင်း၊ ၎င်း၏ ရည်မှန်းချက်မှာ မဟာနိုင်ငံရေးကစားပွဲအတွက်သာ ကာကွယ်ရန်ဖြစ်ကြောင်း သူက ပြောကြားထားပါသည်။
ကိုးကား-TASS
Photo: BBC
MM-News-Category