Tesla သည် အိန္ဒိယတွင် လုပ်ငန်းများ စတင်နိုင်ရေး အစီအစဉ်များ လုပ်ဆောင်
Tesla သည် အိန္ဒိယနိုင်ငံ၌ လုပ်ငန်းများစတင်နိုင်ရန်နှင့် အစီအစဉ်များ အကောင်အထည်ဖော်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံတွင် ဝန်ထမ်းခန့်အပ်မှု လုပ်ငန်းစဉ်ကို စတင်ခဲ့သည်ဟု သိရသည်။ နည်းပညာဘီလီယံနာ Elon Musk ဦးဆောင်သော ကုမ္ပဏီသည် ဝန်ထမ်းရာထူး ၁၃ နေရာအတွက် ဝန်ထမ်းများခန့်အပ်ရန် ရှာဖွေနေကြောင်း အိန္ဒိယမီဒီယာများကဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ထိုရာထူးများတွင် ဖောက်သည်များနှင့် တိုက်ရိုက်ဆက်ဆံရသော ရာထူးများနှင့် နောက်ကွယ်မှ ပံ့ပိုး ဆောင်ရွက်ပေးရမည့် လုပ်ငန်းတာဝန်များ ပါဝင်သည်။
အဆိုပါသတင်းသည် အိန္ဒိယဝန်ကြီးချုပ် Narendra Modi အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ခဲ့စဉ် လွန်ခဲ့သော သီတင်းပတ်က Washington ၌ Musk နှင့် တွေ့ဆုံခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ တွေ့ဆုံပြီးနောက် Modi က X တွင် ၎င်းနှင့် Musk တို့သည် အာကာသ၊ ရွေ့လျားမှု၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများအပါအဝင် အကြောင်းအရာများစွာကို ဆွေးနွေးခဲ့ကြောင်း မျှဝေခဲ့သည်။ အိန္ဒိယ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် အစိုးရ၏ချုပ်ကိုင်မှုအနည်းဆုံးဖြင့် ကဏ္ဍအလိုက်ဆောင်ရွက်မှု အများဆုံးအကောင်အထည်ဖော်နိုင်ရေးကို မြှင့်တင်ရန် အားထုတ်မှုများအကြောင်း Modi က Musk အား ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ကိုးကား-RT