ဥရောပသည် ရုရှားကို စွမ်းအင်နယ်ပယ်မှာ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်သည့်အတွက် မိမိဘက်၌ ပြန်လည်ထိခိုက်ပြီး ယူရိုငွေ တစ် ထရီလီယံကျော် ဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း၊ နောက်ထပ်လည်း ဆုံးရှုံး နစ်နာမှုများ ပိုမိုရှိလာမည်ဖြစ်ကြောင်း Greek-Russian Club ဥက္ကဋ္ဌ Theodoros Ignatiadis ပြောကြားထားပါသည်။

အကြောင်းရင်းမှာ ဥရောပသည် စျေးနှုန်းကြီးသည့် အမေရိကန် LNG ကို မှီခိုလာရခြင်းကြောင့် ဖြစ်ပါသည်။ ရုရှား၏ ဈေးချိုသော စွမ်းအင် အရင်းအမြစ် များ အစား အမေရိကန်က အရည်ပြုဓာတ်ငွေ့ (LNG) ကို ဝယ်ရသည့် အတွက် ကုန်ကျစရိတ် လေးဆနီးပါး ပိုများနေကြောင်း ၎င်းက ပြောကြား ထားပါသည်။
ထို့ပြင် ဥရောပရှိ လျှပ်စစ်စျေးနှုန်းများမှာ အမေရိကန်၊ တရုတ်၊ ရုရှား တို့နှင့် နှိုင်းယှဉ်ပါက ၄ ဆ ၅ ဆ ပိုမိုမြင့်မားနေခြင်းကြောင့် စက်မှု လုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်းကျဆင်းပြီး တဖြည်းဖြည်း ပျောက်ကွယ် သွားနိုင်ကြောင်း၊ ထို့ပြင် အဓိပ္ပာယ်မရှိသည့် မူဝါဒများမှာလည်း ဥရောပ အာဏာပိုင်များက မိမိစီးပွားရေးကို မိမိဖျက်ဆီးနေသည်ကို သိရှိသော်လည်း ဆက်လက်လုပ်နေဆဲဖြစ်ပြီး၊ ၎င်းမှာ မိမိခြေထောက်ကို မိမိရိုက်ချိုး နေခြင်းနှင့် တူနေကြောင်း ကျွမ်းကျင်သူက ဝေဖန်ထားပါသည်။
ကိုးကား- tass
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃
Photo Crd to Times Now World

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တနင်္လာနေ့ (ဩဂုတ် ၁၁) တွင် တရုတ်နိုင်ငံအပေါ် တိုးမြှင့်စည်းကြပ်ခွန်ချမှတ်ရန် ဆိုင်းငံ့ထားသည့် ကာလကို နောက်ထပ် ရက် ၉၀ ထပ်မံသက်တမ်းတိုးလိုက်သည်။ တရုတ် အစိုးရကလည်း အလားတူသဘောထား ပြန်လည်ဖော်ပြလျက် အမေရိကန် ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုဆိုင်းငံ့ထားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အမေရိကန်သမ္မတသည် ယခင်သဘောတူညီချက် ရက် ၉၀ သက်တမ်း ကုန်ဆုံးမည့်အချိန်မတိုင်မီ နာရီပိုင်းအလိုတွင် အမိန့်ကြော်ငြာစာအား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် နိုဝင်ဘာလအလယ်အထိ သက်တမ်းတိုးလိုက်ခြင်းဖြစ်သည်။ တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း အလားတူကာလအတွက် အမေရိကန် ကုန်ပစ္စည်း များအပေါ် အပိုတင်သွင်းခွန်များ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကြေညာ ခဲ့သည်။
အကယ်၍ အဆိုပါသဘောတူညီချက် ဆိုင်းငံ့မှုမအောင်မြင်ခဲ့ပါက အမေရိကန်နှင့် တရုတ်အကြား ဧပြီလကဖြစ်ပေါ်ခဲ့သော ကုန်သွယ်ရေး တင်းမာမှုများ ပြန်လည်မြင့်တက်လာမည်ဖြစ်ကာ နှစ်နိုင်ငံစလုံးက တစ်ဦး နှင့်တစ်ဦး ပိုမိုမြင့်မားသော အခွန်စည်းကြပ်မှုများ ပြန်လည်ကျင့်သုံးရန် အလားအလာရှိနေသည်။ ကုန်သွယ်ရေးစစ်ပွဲ အရှိန်အမြင့်ဆုံး ကာလ တွင် အမေရိကန်၏ တင်သွင်းခွန်နှုန်းမှာ ၁၄၅% အထိ ရှိခဲ့ပြီး တရုတ်၏ တင်သွင်းခွန်နှုန်းမှာ ၁၂၅% ရှိခဲ့သည်။
ထရမ့်၏ အမိန့်ကြော်ငြာစာတွင် တရုတ်နိုင်ငံသည် အမေရိကန်နှင့် မညီမျှသော ကုန်သွယ်ရေးစနစ်များကို ပြုပြင်ရန် အရေးပါသော ခြေလှမ်း များ ဆက်လက်လုပ်ဆောင်နေကြောင်း အသိအမှတ်ပြုထားသည်။ သို့သော် အမေရိကန်၏ ကုန်သွယ်ရေးလိုငွေပြမှု မြင့်မားစွာဖြင့် ဆက်လက် တည်တံ့ နေဆဲဖြစ်ပြီး ၎င်းသည် နိုင်ငံ၏ "အမျိုးသားလုံခြုံရေးနှင့် စီးပွားရေး အတွက် ပုံမှန်မဟုတ်သော အထူးခြားဆုံးခြိမ်းခြောက်မှု" အဖြစ် ရှိနေကြောင်း ဖော်ပြထားသည်။
တိုးမြှင့်စည်းကြပ်ခွန်ချမှတ်ရန် ဆိုင်းငံ့ထားသည့်ကာလကို သက်တမ်း တိုးခြင်းသည် အမေရိကန်က တရုတ်အပါအဝင် ရုရှား၏ ရေနံအဓိက ဝယ်လက်များကို အခြားအခွန်တိုးမြှင့်မှုဖြင့် ခြိမ်းခြောက်ပြီးနောက် ဖြစ်ပေါ် လာခြင်းဖြစ်သည်။ အမေရိကန်က ထိုသို့သော ကုန်သွယ်မှုများသည် ယူကရိန်းပဋိပက္ခကို ထောက်ပံ့နေသည်ဟု စွပ်စွဲခဲ့သည်။ တရုတ်ဘက်မှ အဆိုပါခြိမ်းခြောက်မှုကို လျစ်လျူရှုကာ မော်စကိုနှင့် ၎င်း၏ မိတ်ဖက် ဆက်ဆံရေးမှာ တစ်သမတ်တည်းနှင့် ရှင်းလင်းပြတ်သားမှုရှိပြီး မိမိနိုင်ငံ ၏ အကျိုးစီးပွားနှင့် အကိုက်ညီဆုံး ကုန်သွယ်မှုများ ဆောင်ရွက်ရန် အပြည့်အဝ အခွင့်အရေးရှိကြောင်း အတိအလင်း ပြောကြားခဲ့သည်။
"တရုတ်နိုင်ငံအနေဖြင့် ရုရှားအပါအဝင် အခြားနိုင်ငံများနှင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ဥပဒေ နှင့်အညီ တရားဝင်ဖြစ်ပါသည်" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကွမ်ကျီကွန်က သောကြာနေ့ (ဩဂုတ် ၈) တွင် ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ "မိမိတို့အနေဖြင့် မိမိနိုင်ငံ၏ အကျိုးစီးပွားအပေါ် အခြေခံ၍ တရုတ်နိုင်ငံအတွက် မှန်ကန်သော စွမ်းအင် ထောက်ပံ့မှုဆိုင်ရာ အစီအမံများကို ဆက်လက်ဆောင်ရွက်သွားမည်" ဟု ၎င်းက ထပ်လောင်းဖော်ပြခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

အမေရိကန်သို့ တင်ပို့နေသည့် အိန္ဒိယကုန်ပစ္စည်း ၅၅ ရာခိုင်နှုန်းခန့်မှာ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့၏ အခွန်စည်းကြပ်မှု ခံရမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ဩဂုတ်လ ၁၁ ရက်တွင် ပြောကြားလိုက်ပါသည်။

အိန္ဒိယက ရုရှားထံမှ ရေနံဝယ်ယူမှုကို ပြစ်ဒဏ်ခတ်သည့်အနေဖြင့် ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် သီတင်းပတ်က အိန္ဒိယကုန်ပစ္စည်းများ အပေါ် ထပ်လောင်းအခွန် ၂၅ ရာခိုင်နှုန်း ချမှတ်ခဲ့ပါသည်။ သို့ဖြစ်ရာ အမေရိကန်သို့ တင်ပို့သည့် အိန္ဒိယပို့ကုန်များအပေါ် ကောက်ခံသည့် အခွန်နှုန်းမှာ စုစုပေါင်း ၅၀ ရာခိုင်နှုန်းအထိ ရှိလာပြီး အမေရိကန် ကုန်သွယ်ဖက်နိုင်ငံများတွင် အမြင့်ဆုံးအဆင့်ဖြစ်လာပါသည်။
ဒေါ်နယ်ထရမ့်၏ အခွန်တိုးမြှင့်မှုကြောင့် အိန္ဒိယ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဌာနသည် ပို့ကုန်လုပ်ငန်းရှင်များနှင့် စက်မှုလုပ်ငန်း အပါ အဝင် သက်ဆိုင်သူအားလုံးနှင့် ချိတ်ဆက် ဆောင်ရွက်လျက် ရှိပါသည်။ ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်နှင့် ပဉ္စမအကြီးဆုံး စီးပွားရေးအင်အားကြီး အိန္ဒိယတို့အကြား ကုန်သွယ်မှုမှာ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၈၇ ဘီလီယံခန့် ရှိကြောင်း အိန္ဒိယအစိုးရ၏ ခန့်မှန်းချက်အရ သိရှိရပါသည်။
ကိုးကား- CNA
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃
Photo Crd- Reuters

တရုတ်နိုင်ငံ စီးပွားရေး၏အခြေခံက တည်ငြိမ်ကောင်းမွန်ပြီး ရင်းနှီးမြှုပ်နှံမှုထိရောက်နှုန်း မြင့်မား သလို သုတေသနပြုထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုများသည် စဉ်ဆက်မပြတ် တိုးတက်လာရာ တရုတ် စီးပွားရေးသည် တည်ငြိမ်၊ ကောင်းမွန်စွာ တိုးတက်မည်ဟု ယုံကြည်ကြောင်း ဗြိတိန်စီးပွားရေး ပညာရှင်၊ လန်ဒန်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးမူဝါဒဌာန ဒါရိုက်တာဟောင်း John Ross က မကြာမီရက်ပိုင်းက ဆင်ဟွာသတင်းထောက်၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ယခုနှစ် ပထမနှစ်ဝက် ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) သည် ယမန်နှစ် အလားတူကာလထက် ၅.၃ ရာခိုင်နှုန်း တိုးမြင့်လာရာ တည်ငြိမ်ကောင်းမွန်သည့် စီးပွားရေး အခြေခံကိုပြသခဲ့ကြောင်း John Ross က ဆိုသည်။ တရုတ်နိုင်ငံက အတန်အသင့် မြင့်မားသည့် ရင်းနှီးမြှုပ်နှံမှု ထိရောက်နှုန်းကို ထိန်းထားပြီး သုတေသနပြုထုတ်လုပ်ရေး ရင်းနှီး မြှုပ်နှံမှုကို စဉ်ဆက်မပြတ် တိုးချဲ့လျက်ရှိသလို နည်းပညာအဆင့်မြှင့်တင်မှုကို ဆက်တိုက် တွန်းအားပေးလျက်ရှိကြောင်း၊ ယင်းမှာ စီးပွားရေး စဉ်ဆက်မပြတ်တိုးတက်ရေးကို အထောက်အပံ့ ဖြစ်စေကြောင်း ၎င်းက ထောက်ပြ ပြောကြားခဲ့သည်။
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ၏ ယခုနှစ် မတ်လတွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများကို ကိုးကား၍ John Ross က တရုတ်နိုင်ငံအနေဖြင့် GDP တွင် ပါဝင်သည့် ၂၀၂၃ ခုနှစ် သုတေသနပြုထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံအားလုံးတွင် အမြင့်မားဆုံးဖြစ်ပြီး G7 အဖွဲ့၏ နိုင်ငံအများအပြားကို ကျော်လွန်ခဲ့ကြောင်း ပြောကြားခဲ့သည်။
“ဒရုန်း၊ ဉာဏ်ရည်တုနည်းပညာ တချို့၊ ဘက်ထရီနည်းပညာ စသည့်ကဏ္ဍတွေမှာ တရုတ်က နောက်ကလိုက်သူ မဟုတ်တော့ဘဲ ဦးဆောင်သူဖြစ်နေပါပြီ” ဟု ၎င်းက ဆိုသည်။
ကမ္ဘာ့ကုန်စည်ကုန်သွယ်ရေးတွင် အကြီးဆုံးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် အဆင့်မြင့် ပြည်ပ တံခါးဖွင့်လှစ်မှုကို ဆက်လက်တွန်းအားပေးဆောင်ရွက်ကာ ကမ္ဘာတစ်ဝန်းသို့ ဈေးကွက်တံခါး တက်ကြွစွာ ဖွင့်လှစ်ထားကြောင်း၊ စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းရေး တွန်းအားပေးမှုကို အားထားဆောင်ရွက်လျက်ရှိရာ ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုဖြစ်စဉ်၏ အချက်အချာကျသည့် အင်အားဖြစ်နေပြီ ဖြစ်ကြောင်း John Ross က သတင်းထောက်အား ပြောကြားခဲ့သည်။
ကိုးကား- Xinhua

ကျောက်ဆည်၊ဩဂုတ်-၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်၊ မိုးရေသောက် စနစ်၊ မြေအောက်ရေသောက်စနစ်ဖြင့် စိုက်ပျိုးသီးနှံမျိုးအား ရေရရှိမှုအပေါ်မူတည်၍ နေရာဒေသနှင့် ရေမြေ အလိုက် အမျိုးမျိုးစိုက်ပျိုးကြကြောင်းနှင့် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီတွင် သင်းတွဲစိုက်ပျိုးရေး နည်းပညာပေး ရှေ့တန်းစခန်း၌ မိုးသီးနှံစုံ (၃၉၈၀)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း၌ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း၊ အရှေ့ငယ်တိုး၊ ထန်းဇင်တော်၊ ငှက္ကတောင်၊ ရွှေဒါး၊ ရဲဘော်ကြီး၊ ရဲယမန်း ကျေးရွာအုပ်စုများပါဝင်ပြီး မိုးသီးနှံစုံစိုက်ပျိုးရာ၌ ဖူးစားပြောင်း(၃၅၈)ဧက၊ ငရုတ်(၁၈၈)ဧက၊ နနွင်း(၉၁)ဧက၊ ချည်မျှင်ရှည်ဝါ (၁၈၇၄) ဧက၊ ကွမ်းရွက် (၁၄) ဧက၊ ဟင်းသီး/ ဟင်းရွက် (၁၈၈) ဧက၊ ကျွဲ၊ နွားစာ (၁၂၆၇) ဧက စုစုပေါင်း (၃၈၉၈) ဧက စိုက်ပျိုးနိုင်ကြောင်း သိရသည်။
စိုက်ပျိုးသီးနှံများအောင်မြင်စေရေး မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့က တောင်သူများအား သွင်းအားစုများ သက်သာရေး သဘာဝ မြေဆွေးပြုလုပ်သုံးစွဲနည်းများ ဖြန့်ဝေခြင်း၊ ဒေသနှင့်ကိုက်ညီသည့် မျိုးများဖြန့်ဝေခြင်း၊ စိုက်နည်းစနစ်များအသိပညာပေးခြင်း၊ စိုက်ပျိုးရေများ လုံလောက်စွာ ပေးဝေခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)

ရန်ကုန် ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုမိုးရာသီတွင် မိုးစပါး ၁၁၄၈၂၂၂ ဧက စိုက်ပျိုးရန် လျာထားပြီး ဇူလိုင်လကုန်ပိုင်းအထိ ၁၀၁၀၄၃၁ ဧက စိုက်ပျိုးနိုင်ခဲ့ကာ ကျန်စိုက်ဧကများတွင် ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“မိုးစပါး ဧက ၁၁ သိန်းကျော်လျာထားပြီး ၁၀ သိန်းကျော် စိုက်ပျိုးပြီးပါပြီ။ ဆက်လက်ပြီးတော့လည်း စိုက်နေပါတယ်။ ထွက်နှုန်းကောင်းပြီး လုပ်သားအင်အားနဲ့ ငွေကြေးကုန်ကျမှုကိုလျှော့ချနိုင်တဲ့ မျိုးစေ့ချကိရိယာနဲ့ စိုက်ပျိုးနိုင်တာကို တောင်သူတွေ သိလာကြပါပြီ။ အထူးသဖြင့် ဌာနကအသိပညာပေးလုပ်ငန်းတွေမှာ စိုက်ပျိုးတောင်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အထွက်နှုန်းတိုးပြီး တောင်သူတွေရဲ့ လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
တိုင်းဒေသကြီးအတွင်း၌ စပါးကို ဒဂုံမြို့သစ်၊ သန်လျင်၊ တွံတေး၊ မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီး၊ မင်္ဂလာဒုံ၊ အင်းစိန်နှင့် အလုံစသည့် ခရိုင်တို့တွင် စိုက်ပျိုးကြပြီး အထွက်နှုန်းကောင်းမျိုးများဖြစ်သည့် မနောသုခ၊ ဆင်းသုခ၊ ရက်-၉၀၊ ရာကျော်၊ ရွှေဝါထွန်း၊ မှော်ဘီ-၃၊ အောင်နိုင်တိုး မျိုးစပါးအုပ်စုများနှင့် ဒေသမျိုးများဖြစ်သည့် ငစိန်၊ မြီးတုံး၊ ကောက်ညှင်း စသည့်မျိုးစပါးအုပ်စုများကို ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။
မိုးစပါးကို ဇူလိုင်လဆန်းမှ စက်တင်ဘာလ ကုန်ပိုင်းအထိစိုက်ပျိုးလေ့ရှိကာ သက်တမ်းတိုစပါးမျိုးများကို အောက်တိုဘာလကုန်ပိုင်းနှင့် သက်ကြီးစပါးများကို ဇန်နဝါရီလကုန်ပိုင်း၌ အပြီးသတ်ရိတ်သိမ်းလေ့ရှိကြောင်း သိရသည်။
မိုးစပါးထက် နွေစပါးကို တောင်သူများ ပိုမိုအားထားသော်လည်း မိုးစပါးသည် ရာသီလိုက်စပါးဖြစ်ပြီး မိုးမပြတ်ရရှိမှုကြောင့် ထွက်နှုန်းသေချာသော စပါးအဖြစ် တောင်သူများ မဖြစ်မနေစိုက်ပျိုးခြင်းဖြစ်သည်။ ယခုနှစ်မိုးစပါးရာသီ၌ စိုက်ပျိုးရေးဦးစီးဌာန (ရေဆင်း) မှ ထုတ်လုပ်သည့် အောင်နိုင်တိုးမျိုးစပါးအသစ်ကို ဧက ၅၀၀၀ အထိ တောင်သူများ စိုက်ပျိုးလျက်ရှိပြီး တစ်ဧကလျှင် ပျမ်းမျှအားဖြင့် တင်း ၈၀ ကျော်ထွက်ရှိသဖြင့် တောင်သူများစိတ်ဝင်စားသော မျိုးစပါးအဖြစ် ယခုမိုးရာသီ၌ စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
တိုင်းဒေသကြီးအတွင်း၌ ဝမ်းစာစပါးဖူလုံမှုကို တိုင်းတာရာ၌ ၂၀၂၄ ခုနှစ်၌ ၁၀၂ ဒသမ ၈၃ ရာခိုင်နှုန်းဖြင့် ဆန်စပါးစားသုံးမှုကို ဖူလုံစေခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထုတ်လုပ်မှုကို ပန်းတိုင်ရည်မှန်းချက်ထက် ပိုမိုတိုးမြှင့်စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညိမ်းသူ-သတင်းစဉ်

နေပြည်တော် သြဂုတ် ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာအုပ်စုရှိ စပျစ်စိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။
တိုးချဲ့စိုက်ပျိုး

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ စားရေရိက္ခာဖူလုံရေးနှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် ဆန်စပါးနှင့် အဓိကရိက္ခာသီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှုကို မထိခိုက်စေရန် လယ်ယာမြေများ အသုံးပြုခြင်းကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စပျစ်အပါအဝင် တောင်သူများ စိုက်ပျိုးလုပ်ကိုင်လိုသည့် ဝင်ငွေရသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို အသုံးပြုခွင့်လုပ်ပိုင်ခွင့်များ ချထားပေးလျက်ရှိကြောင်း၊ စပျစ်သီးနှံစိုက်ပျိုးရာတွင်လည်း စားစပျစ်စိုက်ပျိုးခြင်းအပြင် ဝိုင်ထုတ်လုပ်သည့်ဝိုင်စပျစ်များကို စီးပွားဖြစ်စိုက်ပျိုးခြင်းကိုလည်း ဆောင်ရွက်ရန်တိုက်တွန်းလိုကြောင်း၊ စပျစ်တောင်သူများ စျေးကွက်ရရှိရေးကိုလည်း ဝိုင်လုပ်ငန်းရှင်များပေါင်းစပ်ပေးပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိစေရန် Contract farming စနစ် ဖြင့် ဆောင်ရွက်နိုင်ကြောင်း။
ဝိုင်းဝန်းကြိုးပမ်း
ထိုသို့ ဆောင်ရွက်ခြင်းဖြင့် တောင်သူများရောလုပ်ငန်းရှင်များပါ အကျိုးစီးပွားဖြစ်ထွန်းစေပြီး နိုင်ငံတော်အတွင်း စီးပွားရေးတိုးတက်ကောင်းမွန်လာစေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ စပျစ်စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းအကောင်အထည်ဖော်ဆောင်နိုင်မှု စွမ်းအားရှိသည့် တောင်သူကြီးများအနေဖြင့် စွန့်ဦးလုပ်ကိုင်ကြစေလိုကြောင်း၊ အခြားတစ်ဖက်တွင်လည်း ရမည်းသင်းဒေသ၏ ဝါသီးနှံစိုက်ပျိုးရန် နှစ်အလိုက် လျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးနှင့် တစ်ဧကသတ်မှတ် ဝါဂွမ်းအထွက်ပိဿာ ရရှိရေးကို ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများ၊ တောင်သူများ ဝိုင်းဝန်းကြိုးပမ်းကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက် လိုက်နာဆောင်ရွက်ရမည့် နည်းပညာရပ်ဆိုင်ရာများကို ဆွေးနွေးတင်ပြပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ရမည်းသင်းမြို့နယ်ရှိ လဲဖြူရေထိန်းတမံသို့ ရောက်ရှိပြီး ရာဂီမုန်တိုင်းအရှိန်ကြောင့် တမံအတွင်းသဲနုန်းများ ဖုံးလွှမ်းမှုကို တိုင်းဒေသကြီးအစိုးရ၏ ဘဏ္ဍာရန်ပုံငွေဖြင့် ပြုပြင်ရေးဆောင်ရွက်နိုင်ရန်နှင့် လက်ရှိတမံအားပြုပြင်ခြင်းထက် အခြားသင့်လျော်သော နေရာသစ်တွင် ဆောင်ရွက်ခြင်းက ကုန်ကျစရိတ်သက်သာနိုင်ခြင်းရှိမရှိ သုံးသပ်၍ နေရာသစ်ရှာဖွေရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြား၍ ကျီးနီကန်၏ ရေဝင်ရောက်မှုနှင့် ရေသောက်ဧရိယာအတွင်း စိုက်ပျိုးရေပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
MOI

ရန်ကုန်၊ သြဂုတ် ၉
ရုရှားဖက်ဒေရေးရှင်းဗဟိုဘဏ်က မြန်မာကျပ်ငွေအတွက် တရားဝင် ငွေလဲနှုန်းတစ်ရပ် သတ်မှတ်ထုတ်ပြန်လိုက်ကြောင်း သိရပါသည်။

ရုရှားဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာကျပ်ငွေနှင့်အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ငွေကြေး တာကာ၊ ဘာရိန်းနိုင်ငံ၏ငွေကြေး ဒီနာ၊ ဘိုလီးဗီးယား နိုင်ငံ၏ငွေကြေး ဘိုလီးဗီယားနို၊ အိုမန်နီနိုင်ငံ၏ငွေကြေး ရီရယ်၊ ကျူးဘား နိုင်ငံ၏ငွေကြေး ပီဆို၊ အယ်လ်ဂျီးရီးယားနိုင်ငံ၏ငွေကြေး ဒီနာ၊ အီရန် နိုင်ငံ၏ငွေကြေး ရီယယ်၊ အီသီယိုးပီးယားနိုင်ငံ၏ငွေကြေး ဘီယာ၊ မွန်ဂိုးလီးယားနိုင်ငံ၏ငွေကြေး ထူးဂရခ်၊ နိုင်ဂျီးရီးယားနိုင်ငံ၏ငွေကြေး နိုင်ရာနှင့် ဆော်ဒီနိုင်ငံ၏ငွေကြေး ရီယယ်တို့က တရားဝင်ငွေကြေး စာရင်းထဲ ပါဝင်လာပါသည်။
အဆိုပါ နိုင်ငံခြားငွေကြေး ၁၂ မျိုးကို ရုရှားဖက်ဒေရေးရှင်းဗဟိုဘဏ်၏ ငွေလဲလှယ်နှုန်းစာရင်းမှာ ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်ပြီး လက်ခံ အသုံးပြုလျက်ရှိကြောင်း သိရပါသည်။
ရုရှားဗဟိုဘဏ်၏ တရားဝင်ငွေလဲလှယ်နှုန်းသတ်မှတ်ချက်အရ မြန်မာ ကျပ်ငွေ ၁၀၀၀ ကို ရုရှားငွေကြေး ၃၇.၉၉၀၃ ရူဘယ်နှင့် ညီမျှကြောင်း သြဂုတ်လ ၉ ရက်နေ့ နိုင်ငံခြားငွေလဲလှယ်နှုန်းစာရင်းမှာ ဖော်ပြထား ပါသည်။
ရုရှားဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်နှုန်းထားများနှင့် သက်ဆိုင်ရာ နိုင်ငံခြားငွေကို ဝယ်ရန် သို့မဟုတ် ရောင်းချရန် တာဝန်မယူဘဲ ရုရှား ငွေကြေး ရူဘယ်နှင့် နှိုင်းယှဉ်သတ်မှတ်ပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။
ရုရှားဖက်ဒေရေးရှင်းဗဟိုဘဏ်အနေဖြင့် မြန်မာကျပ်ငွေကို တရားဝင် ငွေကြေးစာရင်းမှာ ထည့်သွင်းပြီး ငွေလဲနှုန်းသတ်မှတ်လိုက်ခြင်းကြောင့် နှစ်နိုင်ငံကုန်သွယ်မှုများ ဆောင်ရွက်ရာမှာ အမေရိကန်ဒေါ်လာသုံးစွဲမှုကို လျှော့ချနိုင်မည်ဟု သိရပါသည်။
လက်ရှိမှာ မြန်မာကျပ်ငွေနှင့် ရုရှားနိုင်ငံသုံး ရူဘယ်တို့အကြား MIR Payment System ကတ် အသုံးပြုပြီး တိုက်ရိုက်ပေးချေမှုများ ဆောင်ရွက် နိုင်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံသည် အခြားနိုင်ငံများကဲ့သို့ ငွေပေးချေမှုရပ်ဝန်း ပိုမိုကျယ်ပြန့် လာစေရေး ရည်ရွယ်ချက်ဖြင့် ယွမ်-ကျပ်၊ ဘတ်-ကျပ်၊ ရူပီး-ကျပ်၊ ရူဘယ်-ကျပ် ပေးချေနိုင်ရေး ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရ ပါသည်။
သတင်း - BETV Business

ကျောက်ဆည်၊ဩဂုတ်-၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ နွေ၊ မိုး၊ ဆောင်း ရာသီများတွင် ဆီထွက် သီးနှံများ လျာထားစိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ခုနှစ် မိုးရာသီ၌ သင်ပျိုကျေးရွာတွင် စိုက်ပျိုးထားသော မိုးနေကြာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ မိုးနေကြာသီးနှံများကို တိုက်နယ်(၁) ကျေးရွာအုပ်စုများတွင်(၄၇၃)ဧက၊ တိုက်နယ် (၂)ကျေးရွာအုပ်စုများတွင်(၁၇၅)ဧက၊ တိုက်နယ်(၃)ကျေးရွာအုပ်စုများတွင် စိုက်ပျိုးနိုင်ခြင်းမရှိသေးကြောင်းနှင့် တိုက်နယ် (၄) ကျေးရွာအုပ်စုများတွင် (၇၇) ဧက၊ တိုက်နယ် (၅) ကျေးရွာအုပ်စုများတွင် (၁၀) ဧက၊ တိုက်နယ် (၆) ကျေးရွာအုပ်စုများတွင်(၄၁၁)ဧက၊ တိုက်နယ် (၇) ကျေးရွာအုပ်စုများတွင် (၁၀၈) ဧက၊ တိုက်နယ် (၈) ကျေးရွာ အုပ်စုများတွင် (၁၁၂၄) ဧက၊ တိုက်နယ် (၉) ကျေးရွာအုပ်စုများတွင် (၄၈) ဧက၊ တိုက်နယ် (၁၀) ကျေးရွာ အုပ်စု များတွင် (၁၂) ဧက၊ တိုက်နယ် (၁၁) ကျေးရွာအုပ်စုများတွင် (၆၄) ဧက၊ တိုက်နယ် (၁၂) ကျေးရွာအုပ်စုများတွင် (၁၀၀) ဧက စိုက်ပျိုးပြီးကြောင်းနှင့် မိုးနေကြာသီးနှံများ လျာထားချက်ပြည့်မီကျော်လွန်ရေး မြို့နယ် စိုက်ပျိုးရေး နှင့်ညှိနှိုင်းမှုအဖွဲ့မှ တောင်သူများနှင့် ပူးပေါင်း၍ ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများစိုက်ပျိုးထားသည့် နေကြာသီးနှံများ အောင်မြင်ရေးဒေသနှင့်ကိုက်ညီသည့်နေကြာမျိုးများရွေးချယ်ခြင်း၊ မြေအမျိုးအစားနှင့် မြေပြုပြင်ခြင်း၊ စိုက် ပျိုးချိန်၊ စိုက်နည်းစနစ်၊ စိုက်ကြောင်းအတိမ်အနက်၊ သွင်းအားစုထည့်သွင်းအသုံးပြုခြင်း၊ အပင်ပြုစု စောင့်ရှောက်ခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ စနစ်တကျရိတ်သိမ်းခြွေလှေ့ခြင်း စသည့် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘရာဇီးနှင့် အိန္ဒိယခေါင်းဆောင်များသည် အမေရိကန်၏ ကုန်သွယ်ခွန် မြှင့်တင်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဘက်ပေါင်းစုံ ပူးပေါင်း ဆောင်ရွက် မှုနှင့် တရားမျှတသော ကုန်သွယ်ရေးကို ထောက်ခံကြောင်း ဘရာဇီး အစိုးရ ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာ ဒါ ဆေးလ်ဗာ သည် အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီ နှင့် ကမ္ဘာ့ စီးပွားရေးအခြေအနေနှင့် ကုန်သွယ်ရေးတင်းမာမှုများကို ဖြေရှင်းရန် ကြာသပတေးနေ့ (ဩဂုတ် ၇) တွင် တစ်နာရီကြာ ဖုန်းဆက် ပြောဆို ဆွေးနွေး ခဲ့ကြသည်။

ထုတ်ပြန်ချက်အရ ခေါင်းဆောင်နှစ်ဦးသည် ဘက်ပေါင်းစုံပူးပေါင်းမှုကို ကာကွယ်ရန်နှင့် လက်ရှိကမ္ဘာ့စိန်ခေါ်မှုများကိုရင်ဆိုင်ရန် အရေးကြီးပုံကို ထပ်လောင်းအတည်ပြုခဲ့ကြပြီး နှစ်နိုင်ငံအကြား နက်ရှိုင်းသော ပူးပေါင်း ဆောင်ရွက်မှုများလုပ်ဆောင်နိုင်ရန် ညှိနှိုင်းခဲ့ကြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘရာဇီးသမ္မတဟောင်း ဂျိုင်ယာ ဘိုလ်ဆိုနာရိုအား ၂၀၂၂ ရွေးကောက်ပွဲအရေးနိမ့်ပြီးနောက် အာဏာသိမ်းရန် ကြံစည်မှုဖြင့် တရားစွဲဆိုနေသည့်ကိစ္စနှင့်ဆက်စပ်၍ ဇူလိုင် ၃၀ ရက်တွင် ဘရာဇီးကုန်ပစ္စည်းများအပေါ် ၅၀% ကုန်သွယ်ခွန် စတင်ကောက်ခံမှု နောက်ပိုင်း တိုက်ရိုက်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ထရမ့်က ဘရာဇီး ကို အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် စွပ်စွဲခဲ့ပြီး ၎င်း၏နိုင်ငံရေးမူဝါဒများကို ဝေဖန်ခဲ့သည်။ ဘရာဇီးအစိုးရက ယင်းစွပ်စွဲချက်ကို ၎င်း၏ပြည်တွင်းရေးကိစ္စများတွင် တရားမဝင် ဝင်ရောက် စွက်ဖက်မှုအဖြစ် ရှုတ်ချခဲ့သည်။ တရုတ်နိုင်ငံက ဘရာဇီးကို ထောက်ခံ ခဲ့ပြီး အမေရိကန်၏ အနိုင်ကျင့်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။