ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှလျှော့ပေါ့ခွင့်ရသူများ

Upload Image

ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှလျှော့ပေါ့ခွင့်ရသူများ

လျှော့ပေါ့ခွင့်

 

၁။       ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ လျှော့ပေါ့ ခွင့်ပြုသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   လျှောက်ထားသူ၏မိဘနှစ်ပါးစလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန် ထမ်းဆောင်နေဆဲဖြစ်ပါကလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့် အငြိမ်းစားယူခဲ့သူဖြစ်ပါကလည်းကောင်း အဆိုပါလျှောက်ထားသူအား ဥပဒေအရ ၎င်းထမ်းဆောင် ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏တစ်ဝက်အထိလျှော့ပေါ့ပေးနိုင်သည်။

(ခ)    လျှောက်ထားသူ၏မိဘနှစ်ပါးအနက် တစ်ဦးဦးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂ဝ ထက် မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါကလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ်တာဝန် ထမ်းဆောင်ခဲ့ပြီး သက်ပြည့် အငြိမ်းစားယူခဲ့သူ ဖြစ်ပါကလည်းကောင်း၊ အဆိုပါလျှောက်ထားသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏သုံးပုံတစ်ပုံအထိလျှော့ပေါ့ပေးနိုင်သည်။

(ဂ)   ပြည်သူ့စစ်မှုထမ်းတစ်ဦးဦးသည် တာဝန်ထမ်းဆောင်နေသည့်ကာလအတွင်း ထိခိုက်ဒဏ်ရာ ရရှိခြင်း များရှိခဲ့ပါက ထိခိုက်ဒဏ်ရာရရှိသည့်နေ့နောက်ပိုင်း ဆက်လက်တာဝန်ထမ်းဆောင်ရန် ကျန်ရှိသည့် ကာလအား လျှော့ပေါ့ပေးနိုင်သည်။