လုပ်ငန်းခွင်အေးချမ်းသာယာစေရန် ကောင်းမွန်သည့် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေး တည်ဆောက်နိုင်ရန်အတွက် ဌာနမှဆောင်ရွက်ပေးနေမှု အခြေအနေများကို သိရှိလို ပါတယ်။
ကောင်းမွန်သည့် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေး Fair Labour Practice ထူထောင် နိုင်ရန်အတွက်ဌာနမှ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲများကို ကျင်းပခြင်းအပေါ် ဝန်ကြီးဌာန၏ တည်ဆဲဉပဒေများနှင့်အညီ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်နှင့် အလုပ်သမားများ၏ အခက်အခဲများကိုတင်ပြစေ၍ လိုအပ်သည်များညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ၂၀၁၃ ခုနှစ်၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ ၅(က)(၁)အရ ချုပ်ဆိုသည့် EC စာချုပ်တွင် အလုပ်ရှင်အနေဖြင့် အလုပ်ခန့်ထားမှု သဘောတူညီချက်စာချုပ်(EC)အပိုဒ် ၁၇(က)ပါအတိုင်း အလုပ်ရှင်၏တာဝန်ဝတ္တရားများကို ဆောင်ရွက်ပေးရန်လိုအပ်သကဲ့သို့ အလုပ်သမားများဘက်မှလည်း အပိုဒ် ၁၇(ခ)ပါ အလုပ် သမားများ၏ စည်းကမ်းများအတိုင်းလိုက်နာဆောင်ရွက်ရန်လိုအပ်ပါတယ်။ ထို့အပြင် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးကောင်းမွန်စေရန် မြို့နယ်အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် မိတ်ဖက်ဌာနများနှင့်ချိတ်ဆက်၍ အလုပ်သမားရေးရာအသိပညာပေး ဆွေးနွေးပွဲများကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/