လက်ရှိမြန်မာနိုင်ငံတွင် လုပ်သားအင်အား မည်မျှရှိပါသလဲ၊ အလုပ်လက်မဲ့နှုန်းနဲ့ ပတ်သက်ပြီး ရှင်းပြပေးစေလိုပါတယ်။
၂၀၂၀ပြည့်နှစ်၊ လုပ်သားအင်အားစစ်တမ်း(ပထမအကြိမ်) အစီရင်ခံစာအရ လုပ်သား အင်အား ၂၂.၂၂ သန်းရှိပါတယ်။ အလုပ်လက်မဲ့နှုန်းအနေနဲ့ ၁.၆% ရှိပြီး၊ အလုပ်လက်မဲ့ နှုန်း နည်းပါးခြင်းဟာ ILO ရဲ့ အဓိပ္ပာယ်သတ်မှတ်ချက်အရ မြန်မာနိုင်ငံ တစ်နိုင်ငံတည်း မဟုတ်ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေတိုင်းမှာ တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကြောင့်လဲ ILO အနေနဲ့ ၂၀၁၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ၁၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ စာရင်းအင်းပညာရှင်များညီလာခံမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ အလုပ်လက်မဲ့နှုန်းအပြင် လုပ်သားအင်အားအပြည့်အဝ အသုံးမချနိုင်မှုနှုန်း (Labour Underutilization Rate) ကိုပါ တစ်ပေါင်းတည်းဖော်ပြဖို့ တိုက်တွန်းထားပြီး၊ မြန်မာနိုင်ငံအနေနဲ့ တွက်ချက်ဖော်ပြ လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ နှစ်စဉ်လုပ်သားအင်အားစစ်တမ်း (ပထမအကြိမ်) အစီရင် ခံစာအရ လုပ်သားအင်အားအပြည့်အဝ အသုံးမချနိုင်မှုနှုန်း ၅.၂% ဖြစ်ပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/