အလုပ်သမားဝန်ကြီး ဌာန အနေ ဖြင့် အလုပ်ရှင်၊အလုပ်သမား အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် မည်သို့ ဆောင်ရွက်ပေးနေသည်ကို သိရှိလိုပါတယ်။

စက်ရုံ အလုပ်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုနှင့် အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုများ ကွဲပြားလျက် စက်ရုံအတွင်း ဖွဲ့စည်းထားသော အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ၊ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီ အဆင့်ဆင့်ဖြင့် ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ EC စာချုပ်ပါ အချက်များအပေါ်တွင် အခြေခံပြီး အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုများကို သက်ဆိုင်ရာ ဌာနများတွင် စည်းကြပ်လျက်ရှိသော ဥပဒေတွင် ပြဋ္ဌာန်းပြီး အကျိုးခံစားခွင့်နှင့် အညီ ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

Question

အလုပ်သမားဝန်ကြီး ဌာန အနေ ဖြင့် အလုပ်ရှင်၊အလုပ်သမား အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် မည်သို့ ဆောင်ရွက်ပေးနေသည်ကို သိရှိလိုပါတယ်။