အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည့် အငြင်းပွားမှု ဖြေရှင်းရေးယန္တရားအဆင့်ဆင့်ကို ရှင်းပြပေးစေလိုပါတယ်။

သတ်မှတ်လုပ်သားဦးရေပြည့်မီသည့် လုပ်ငန်းများ၊ စက်ရုံများတွင် WCC ဖွဲ့စည်းရမည်ဖြစ်ပြီး အဆိုပါ WCC တွင် လုပ်ငန်းခွင်ဆိုင်ရာ နစ်နာချက်များကို ကနဦးဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခြင်း၊ ပြေငြိမ်းမှုမရရှိသော အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုနှင့် စပ်လျဉ်း၍ မြိုနယ်အဆင့်ဖြစ်သော ညှိနှိုင်းဖျန်ဖြေမှု ပြုပြီးနောက် ပြေငြိမ်းမှုရရှိပါက နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုခြင်းဖြင့် ပြေငြိမ်းမှုမရရှိပါက တိုင်းဒေသကြီး/ပြည်နယ်အဆင့်ဖြစ်သော ခုံသမာဓိ အဖွဲ့သို့ အမှုတွဲလွှဲပြောင်း ပေးပို့ခြင်း၊ ခုံသမာဓိအဖွဲ့က စစ်ဆေးဆုံးဖြတ်ခြင်း၊ ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသော အငြင်းပွားသူများသည် ခုံသမာဓိကောင်စီသို့ လျှောက်ထားခြင်း၊ ခုံသမာဓိကောင်စီက ခုံသမာဓိ ဖြင့် စစ်ဆေးဆုံးဖြတ်ခြင်းတို့ ဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

Question

အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည့် အငြင်းပွားမှု ဖြေရှင်းရေးယန္တရားအဆင့်ဆင့်ကို ရှင်းပြပေးစေလိုပါတယ်။