ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့အနေဖြင့် အလုပ်သမားရေးရာ အငြင်းပွားမှုများကို မည်သည့်ကာလအထိ ညှိနှိုင်းဖျန်ဖြေမှု ပြုလုပ်ပေးပါသလဲ။

ညှိနှိုင်းဖျန်ဖြေရမည့် ကာလအနေဖြင့် အငြင်းပွားမှုကို သိရှိသည့် သို့မဟုတ် လက်ခံရရှိသည့်နေ့ရက်မှ ခုနှစ်ရက်အတွင်း ပြေငြိမ်းစေရန် ဖျန်ဖြေရေးအဖွဲ့ရှေ့မှောက်တွင် နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုရမှာ ဖြစ်ပါတယ်။ သတ်မှတ်ရက်အတွင်း ပြေငြိမ်းမှုရရှိအောင် ဖျန်ဖြေခြင်း မပြုနိုင်သည့်အခါ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက်လုံးက ဆက်လက် ဖျန်ဖြေပေးစေလိုကြောင်း တောင်းဆိုလျှင် ပြေငြိမ်းမှုရသည်အထိ ဖျန်ဖြေပေးနိုင်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

Question

ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့အနေဖြင့် အလုပ်သမားရေးရာ အငြင်းပွားမှုများကို မည်သည့်ကာလအထိ ညှိနှိုင်းဖျန်ဖြေမှု ပြုလုပ်ပေးပါသလဲ။