လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦးသည် မကျန်းမာမှုဖြစ်ပေါ်ပါက ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့် ရရှိရန်အတွက် လျှောက်ထားရမည့် နည်းလမ်းများနဲ့ လိုအပ်သည့် အထောက်အထားများကို သိရှိလိုပါသည်။

(က) မကျန်းမာမှုဖြစ်လျှင် သက်ဆိုင်ရာ လူမှုဖူလုံရေးဆေးပေးခန်းခန်းသို့ သွားရောက် ကုသမှုခံယူနိုင်ပြီး အနားယူရန် လိုအပ်လျှင် ဆရာဝန်က ဆေးလက်မှတ်ဖြင့် ဆေးခွင့်ပေးပါမည်။
(ခ) လူမှုဖူလုံရေးဆေးခန်း၏ ဆေးကုသမှုဖြင့် မလုံလောက်သော ဆေးကုသမှုများအတွက် အလုပ်သမားဆေးရုံကြီး (သို့မဟုတ်) နီးစပ်ရာ ပြည်သူ့ဆေးရုံကြီးများး သို့ ဆေးစာနှင့်တကွ လွှဲပြောင်းပေးပို့ပါမည်။
(ဂ) အလုပ်မဆင်းနိုင်သည့်အတွက် ဆေးခွင့်ယူရန် တစ်ပတ်အတွင်း သက်ဆိုင်ရာ လူမှုဖူရေး ဆေးခန်းသို့ အကြောင်းကြားရမည်။
(ဃ) အကျိုးခံစားခွင့်ရရှိနိုင်‌ရေးအတွက် အပတ်စဉ်ဖြစ်စေ၊ ဆေးခွင့်ကာလ ကုန်ဆုံးသည့်အခါတွင် ဖြစ်စေ လျှောက်ထားနိုင်သည်။
(င) အကျိုးခံစားခွင့် ရရှိနိုင်ရေးအတွက် လိုအပ်သည့် အထောက်အထားများမှာ-
(၁) မကျန်းမာမှုဖြစ်ကြောင်း အလုပ်ရှင်ထံမှ အကြောင်းကြားစာပုံစံ
(၂) ဆရာဝန်မှ ဆေးခွင့်ပေးသည့် ဆေးလက်မှတ်ပုံစံ
(၃) ဆေးရုံတက်ရပါက ဆေးရုံတက်ဆင်းလက်မှတ်များ
(၄) လူနာ၏ ကိုယ်တိုင်ရေးလျှောက်လွှာ
(၅) လူမှုဖူလုံရေး အာမခံစိစစ်ရေးကတ်ပြား။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

Question

လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦးသည် မကျန်းမာမှုဖြစ်ပေါ်ပါက ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့် ရရှိရန်အတွက် လျှောက်ထားရမည့် နည်းလမ်းများနဲ့ လိုအပ်သည့် အထောက်အထားများကို သိရှိလိုပါသည်။