လူမှုဖူလုံရေး အာမခံထားသူများ အငြိမ်းစားယူပြီးနောက် ဆေးကုသမှု ဆက်လက်ခံယူခွင့် ရရှိရန်အတွက် လျှောက်ထားမည့် နည်းလမ်းများနဲ့ လိုအပ်သည့် အထောက်အထားများကို သိရှိလိုပါသည်။
လူမှုဖူလုံရေး အာမခံထားသူများ အငြိမ်းစားယူပြီးနောက် ဆေးကုသမှုဆက်လက်ခံယူခွင့် ရရှိရန်အတွက် နည်းဥပဒေ ၁၀၂ (ဂ) အရ ထည့်ဝင်ကြေးကာလ လပေါင်း(၁၈၀) နှင့် အထက်ပေးသွင်းထားရပါမည်။ ဆေးကုသမှုဆက်လက်ခံယူနိုင်ရေးအတွက် အငြိမ်းစားစိစစ်ရေး သက်သေခံလက်မှတ်ကို ကိုင်ဆောင်ထားရမည်ဖြစ်ပြီး ထိုလက်မှတ် ရရှိနိုင်ရေးအတွက် မိမိအား အငြိမ်းစားယူခွင့်ပြုသော ဌာနဆိုင်ရာရုံးအမိန့်စာနှင့် ပင်စင်ကတ်တို့ကို တင်ပြလျက် သက်ဆိုင်ရာလူမှုဖူလုံရေးရုံးတွင် အငြိမ်းစားစိစစ်ရေးသက်သေခံလက်မှတ်ကို အငြိမ်းစားယူသည့်နေ့မှ တစ်နှစ်အတွင်းလျှောက်ထားနိုင်သည်။
ဆေးစတင်ကုသည့်နေ့မှ (၂၆) ပတ်အထိသာ ဆေးကုသမှုခံယူခွင့်ရှိသည်။ အငြိမ်းစားယူပြီးနောက် ဆေးကုသမှုအတွက် နည်းဥပဒေ (၁၀၄) နှင့်အညီ ဆေးကုသမှုကုန်ကျ စရိတ်၏ ၅၀% ကို လူမှုဖူလုံရေးအဖွဲ့မှ ကျခံမည် ဖြစ်ပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/