လူမှုဖူလုံရေးအဖွဲ့တွင် အာမခံထားသူ အလုပ်သမားတစ်ဦး အမြဲတမ်း မသန်စွမ်းမှုရရှိမည့် ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုး ခံစားခွင့် ကာလများကို သိရှိလိုပါသည်။

လူမှုဖူလုံရေးအဖွဲ့တွင် အာမခံထားသူ အလုပ်သမားတစ်ဦး အမြဲတမ်းမသန်စွမ်းမှုဖြစ်ပွားပါက ဒဏ်ရာ ပျောက်ကင်းသည်အထိ  ဆေးကုသမှုအကျိုးခံစားခွင့်ရှိသည့်အပြင် အလုပ်တွင် ထိခိုက်မှုမဖြစ်မီ လေးလအတွင်း ပျမ်းမျှလုပ်ခ၏ ၇၀% ကို အခြေပြု၍ အမြဲတမ်း လုပ်အားဆုံးရှုံးမှု ရာခိုင်နှုန်း သတ်မှတ်ချက်အရ-
(က)     လုပ်အားဆုံးရှုံးမှု ၂၀% နှင့်အောက်ဖြစ်ပါက (၅)နှစ်နှင့် ညီမျှသော ငွေကြေးခံစားခွင့်၊
(ခ)  လုပ်အားဆုံးရှုံးမှု ၂၀% အထက်မှ ၇၅% ထိ ဖြစ်ပါက လစဉ်ပင်စင် သို့မဟုတ် (၇)နှစ်နှင့်ညီမျှသော ငွေကြေးခံစားခွင့်၊
(ဂ)     လုပ်အားဆုံးရှုံးမှု ၇၅% အထက်ဖြစ်ပါက လစဉ်ပင်စင် သို့မဟုတ် (၉) နှစ်နှင့် ညီမျှသောငွေကြေးခံစားခွင့်၊
(ဃ)     အမြဲတမ်းမသန်စွမ်းမှုကြောင့် အခြားသူတစ်ဦးတစ်ယောက် အမြဲမပြတ်ပြုစုရန်လိုအပ်ပါက ၁၀% နှုန်း ထပ်ပေါင်း၍ ခံစားခွင့်ရှိပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

Question

လူမှုဖူလုံရေးအဖွဲ့တွင် အာမခံထားသူ အလုပ်သမားတစ်ဦး အမြဲတမ်း မသန်စွမ်းမှုရရှိမည့် ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုး ခံစားခွင့် ကာလများကို သိရှိလိုပါသည်။