လူမှုဖူလုံရေးအဖွဲ့မှပေးသော အကျိုးခံစားခွင့်များ ရရှိနိုင်ရေးအတွက် အကျိုးခံစားခွင့် လျှောက်ထားရမည့် ကာလကန့်သတ်ချက်များကိုသိရှိလိုပါသည်
။အလုပ်တွင်ထိခိုက်ဒဏ်ရာရမှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်၊ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းတို့အတွက် အကျိုးခံစားခွင့်များအားဖြစ်ပွားသည့် နေ့မှတစ်နှစ်အတွင်း တောင်းခံရမည်ဖြစ်ပြီး ကျန်အကျိုးခံစားခွင့်များဖြစ်သည့် မကျန်းမာမှု၊ မီးဖွားမှုနှင့်ဆိုင်သောအကျိုးခံစားခွင့်များ၊ သေဆုံးမှုအကျိုးခံစားခွင့်၊ ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်များအတွက် (၃) လ အတွင်း သက်ဆိုင်ရာ လူမှုဖူလုံရေးအဖွဲ့သို့ အထောက်အထားများ ပူးတွဲလျက် လျှောက်ထားရမည်ဖြစ်ပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
MM-Questioner-Type
Question
လူမှုဖူလုံရေးအဖွဲ့မှပေးသော အကျိုးခံစားခွင့်များ ရရှိနိုင်ရေးအတွက် အကျိုးခံစားခွင့် လျှောက်ထားရမည့် ကာလကန့်သတ်ချက်များကိုသိရှိလိုပါသည်