လူမှုဖူလုံရေး အာမခံထားသူများသည် မည့်သည့်အခြေအနေတွင် ထည့်ဝင်ကြေးငွေပေးသွင်းရန်ပျက်ကွက်သော်လည်း အကျိုးခံစားခွင့် ရရှိနိုင်ပါသနည်း။
ဥပဒေ ပုဒ်မ ၆၉ အရ လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ပြီးသော အလုပ်ရှင်ကသော် လည်းကောင်း၊ မှတ်ပုံတင်ရန် တာ၀န်ရှိသောအလုပ်ရှင်ကသော်လည်းကောင်း မိမိ၏ အလုပ်သမားအတွက် ထည့်ဝင်ကြေးငွေများ ပေးသွင်းခြင်းမပြုစေကာမူ သို့မဟုတ် အလုပ်သမား၏လုပ်ခထဲမှ ထည့်ဝင်ကြေးငွေကို နုတ်ယူပေးသွင်း ခြင်းမပြုစေကာမူ အာမခံထားသူသည်လည်းကောင်း၊ အာမခံထားသူသေဆုံးပြီးနောက် ထိုသူက အမည်စာရင်း ပေးသွင်းခြင်းခံရသူ သို့မဟုတ် ထိုသို့ အမည်စာရင်းပေးသွင်းခြင်းမရှိခဲ့လျှင် ထိုသူအား မှီခိုသူသည် လည်းကောင်း ဤဥပဒေပါ အကျိုး ခံ၁စားခွင့်များကို ရထိုက်ခွင့်ရှိနိုင်ပါသည်။ ထည့်၀င်ကြေး ငွေပေးသွင်းရန် ပျက်ကွက်သည့် အလုပ်ရှင်သည် ပေးသွင်းရမည့် ထည့်၀င်ကြေးငွေများနှင့်ပျက်ကွက်ကြေးကိုပါ ပေးသွင်း ရမည့်အပြင် အာမခံထားသူအား လူမှုဖူလုံရေးအဖွဲ့က ပေးရမည့်အကျိုးခံစားခွင့်များနှင့် ကုန်ကျစရိတ်အားလုံးကိုလည်း ကျခံရမည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/