ဝန်ကြီးဌာနအားလုံး လူမှုဖူလုံရေးနှင့် အကျုံးဝင်ပါသလား။ လူမှုဖူလုံရေးအဖွဲ့နှင့် မဝင်မနေရ ဌာနမဟုတ်သည့် ဦးစီးဌာနများအနေဖြင့် အကျုံးဝင်လိုပါက မည်သို့လုပ်ဆောင်ရမည်နည်း။

ပြည်သူပိုင်ကဏ္ဍရှိ လုပ်ငန်းဌာနများအနေဖြင့် စီးပွားရေးလုပ်ကိုင်သည့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများသည် မဝင်မနေရ မှတ်ပုံတင်ရန်လိုအပ်ပြီး မှတ်ပုံမတင်မနေရပြဋ္ဌာန်းချက်နှင့် သက်ဆိုင်ခြင်းမရှိသည့် ဦးစီးဌာနသို့ ပြောင်းသွားခြင်း၊ လူမှုဖူလုံရေးနှင့် အကျုံးမဝင်ရသေးသည့် မြို့နယ်များသို့ ပြောင်းရွှေ့ သွားခြင်းဖြစ်ပါက အာမခံအလုပ်သမားအနေဖြင့် ဆက်လက်အကျုံးဝင်ချင်လျှင် ဝန်ကြီးဌာနမှတစ်ဆင့် အလုပ်ရှင်ထည့်ဝင်ကြေးအတွက် ဘတ်ဂျက်ဆက်လက်တောင်းခံပြီး ခွင့်ပြုချက်ရရှိပါက ယခင်ပေးသွင်းနေကျ ရုံးခွဲမှတာဝန်ယူပေးသွင်းမယ်ဆိုပါက ဆက်လက် အကျုံးဝင်နိုင်သလို အကယ်၍ အလုပ်ရှင်ထည့်ဝင်ကြေးအတွက် ခွင့်ပြုရန်ပုံငွေမရရှိပါက မိမိ၏ လုပ်ခလစာဖြင့် ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်သို့ အလုပ်ရှင်နှင့် အလုပ်သမားထည့်ဝင်ကြေးများကိုပေးသွင်းပြီး ဥပဒေပါခံစားခွင့်များကို ဆက်လက်ခံစား ခွင့်ရှိပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

Question

ဝန်ကြီးဌာနအားလုံး လူမှုဖူလုံရေးနှင့် အကျုံးဝင်ပါသလား။ လူမှုဖူလုံရေးအဖွဲ့နှင့် မဝင်မနေရ ဌာနမဟုတ်သည့် ဦးစီးဌာနများအနေဖြင့် အကျုံးဝင်လိုပါက မည်သို့လုပ်ဆောင်ရမည်နည်း။