အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေနဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေ တိုင်းတာခြင်းကို မည်ကဲ့သို့ ဆောင်ရွက်ပေးနေ ပါသလဲ။
လုပ်ငန်းခွင် ဆူညံသံနှင့် အလင်းရောင်တို့ကြောင့် အလုပ်သမားများရဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအပေါ် ထိခိုက်မှုမရှိစေရန်နဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေ တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ပြီး ဆူညံသံနှင့် အလင်းရောင်ဆိုင်ရာ လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေတွေကို အခမဲ့ တိုင်းတာဆောင်ရွက် ပေးလျက်ရှိပါတယ်။ ယခင်က ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာသာ တိုင်းတာပေးနိုင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်ကစပြီး တိုင်းတာရေးကိရိယာများ တိုးချဲ့ဝယ်ယူပြီး မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးများရှိ စက်ရုံ၊ အလုပ်ရုံများကိုပါ တိုင်းတာပေးနိုင်ခဲ့ပါတယ်။
တိုင်းဒေသကြီးတစ်ခုချင်းအလိုက် လစဉ်စီမံချက်တွေ ချမှတ်ပြီး လူဉီးရေထူထပ် များပြား တဲ့လုပ်ငန်းများ၊ ဆူညံသံထွက်ရှိမှုများပြားတဲ့ လုပ်ငန်းများနဲ့ အာရုံစူးစိုက်၍ ဆောင်ရွက်ရတဲ့လုပ်ငန်းများကို ဦးစားပေး တိုင်းတာပေးလျက်ရှိပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/