အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေနဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်စပ်လျဉ်းပြီး နိုင်ငံတကာနဲ့မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်နေပါသလဲ။

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေနဲ့ အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးကွန်ရက် (ASEAN Occupational Safety and Health – ASEAN-OSHNET) အဖွဲ့ဝင် နိုင်ငံအဖြစ် အာဆီယံဒေသတွင်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၂-၂၀၂၃ ကာလ အတွင်း ကွန်ရက်အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လျက်ရှိပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တွေမှာ (၂၃) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ညှိနှိုင်းရေးအဖွဲ့ အစည်းအ‌ဝေး၊ (၉) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ညီလာခံ၊ (၄) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ဆုချီးမြှင့်ခြင်း အခမ်းအနားတို့ကို အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်ခဲ့ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

Question

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေနဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်စပ်လျဉ်းပြီး နိုင်ငံတကာနဲ့မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်နေပါသလဲ။