CMP လုပ်ငန်းဆိုသည်မှာ မည်သည့်လုပ်ငန်းများဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းများသည် နိုင်ငံအတွက် မည်မျှအရေးပါသည်ကို သိရှိလိုပါသည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားဝင်ငွေရရှိရန် CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီကို ပြည်ထောင်စုဝန်ကြီးက ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး အမြဲတမ်းအတွင်းဝန်မှ အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ကာ အဖွဲ့ဝင် (၁၉)ဦးဖြင့် ဖွဲ့စည်းခဲ့ပါတယ်။ CMP လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရှင်သန်စေရန် ကော်မတီကို အထောက်အကူပြုရန် ဆပ်ကော်မတီ(၃)ရပ်ဖြင့် အကြံပေးကော်မတီဖွဲ့စည်း၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်။ CMP လုပ်ငန်းဆိုသည်မျာ ပြည်ပမှကုန်ကြမ်းများတင်သွင်းပြီး ကုန်ချော များထုတ်လုပ်ကာ ပြန်လည်တင်ပို့သည့် Cutting, Making, Packaging လုပ်ငန်းများဖြစ်ပါတယ်။ Garment နှင့် Non-Garment လုပ်ငန်းများသည် နိုင်ငံတော်အတွက် အထူးအရေးပါသည့် ကုန်ထုတ်လုပ်ငန်းများဖြစ်ခြင်း၊ တိုင်းပြည်၏ လုပ်သားအရင်းအမြစ်များကို အခြေခံ၍ နိုင်ငံခြားဝင်ငွေရရှိအောင် ဖန်တီးပေးသောလုပ်ငန်းဖြစ်သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး တိုင်းပြည်၏ သွင်းကုန်၊ ထုတ်ကုန်အပိုင်းတွင် အဓိကအရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

Question

CMP လုပ်ငန်းဆိုသည်မှာ မည်သည့်လုပ်ငန်းများဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းများသည် နိုင်ငံအတွက် မည်မျှအရေးပါသည်ကို သိရှိလိုပါသည်။