အလုပ်သမားရေးရာဥပဒေများအား အလုပ်ရှင်နှင့် အလုပ်သမားများအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး မည်သို့အသိပညာပေးဆောင်ရွက်နေသည်ကို သိရှိလိုပါတယ်။

လုပ်ငန်းခွင်အေးချမ်းသာယာစေရေး၊ မျှတသောလုပ်ငန်းခွင်ဆက်ဆံရေးစနစ် ကျင့်သုံး တတ်စေရေး၊ အလုပ်သမား ရေးရာဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒလုပ်ထုံးလုပ်နည်းများအား အလုပ်ရှင်၊ အလုပ်သမားများက သိရှိလိုက်နာနိုင်ရေး အတွက် အလုပ်ရှင်များ၊ အလုပ်ရှင် ကိုယ်စားစီမံခန့်ခွဲသူများ၊ စက်ရုံအတွင်း အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေး ကော်မတီ (WCC) အဖွဲ့ဝင်များ၊ အလုပ်သမားများအား မိတ်ဖက်ဌာနများနှင့်ပေါင်းစပ်၍ စီမံချက်များ ချမှတ်ကာ အလုပ်သမားရေးရာအသိပညာပေးဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ပေးလျက် ရှိရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ၂၇၀၇ ရုံမှ တက်ရောက်သူ အလုပ်ရှင်၊ အလုပ်သမား ၉၇၉၈၅ ဦးကို အသိပညာပေးဆွေးနွေး နိုင်ခဲ့ပါသည်။ ဆက်လက်၍ အလုပ်သမားရေးရာအသိပညာပေးဆွေးနွေးပွဲများ ပိုမိုဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

Question

အလုပ်သမားရေးရာဥပဒေများအား အလုပ်ရှင်နှင့် အလုပ်သမားများအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး မည်သို့အသိပညာပေးဆောင်ရွက်နေသည်ကို သိရှိလိုပါတယ်။