Skip to main content
  • ပင်မစာမျက်နှာ
  • ကျွန်ုပ်တို့အကြောင်း
  • သတင်းများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    နိုင်ငံရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    စီးပွားရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    လူမှုရေးကဏ္ဍသတင်းများ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍသတင်းများ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
  • ကဏ္ဍများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    နိုင်ငံရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    စီးပွားရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    လူမှုရေးကဏ္ဍ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
  • ဆောင်းပါးများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍအကြောင်းဆောင်းပါးများ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ
  • ဆွေးနွေးချက်များ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ
  • အမေးအဖြေကဏ္ဍ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေ

    • ပြည်တွင်း
    • နိုင်ငံတကာ
  • ဆက်သွယ်ရန်

en-language-menu

  • English

English Grammar in Use (Intermediate Level)

sacadmin Mon, 06/23/2025 - 14:45

Unit 28 

(must and can't)

Raymond Murphy

Document

must and can't.pdf

Subject-Image

  • eng lesson
  • eng lesson

Posted-Date

Mon, 06/23/2025 - 12:00
MM-Subject-Category
လူမှုရေးကဏ္ဍ
လူမှုရေးကဏ္ဍ-ပညာရေး

ဆက်စပ်ကဏ္ဍများ

မြန်မာ့အားကစားယှဉ်ပြိုင်မှုစွမ်းပကား နိုင်ငံတကာအလယ် နိုင်ငံ့ဂုဏ်တင့်တယ်
မြန်မာ့အားကစားယှဉ်ပြိုင်မှုစွမ်းပကား နိုင်ငံတကာအလယ် နိုင်ငံ့ဂုဏ်တင့်တယ်
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါအားကစားပြိုင်ပွဲမကျင်းပမီ လက်ရှိကာလ၌ ပါဝင်ယှဉ်ပြိုင်လျက်ရှိသော ပြည်တွင်း/ ပြည်ပအားကစားပြိုင်ပွဲများမှ မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ရေကုန်ရေခန်း အနိုင်မခံအရှုံးမပေး ယှဉ်ပြိုင်နေမှုများသည် နိုင်ငံတကာအလယ်၌ မြန်မာအားကစားစွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ကို တင့်တယ်စေမည့် အလားအလာကောင်းများအဖြစ် မြင်တွေ့နေရသည်။ပြည်တွင်း၌ ကျင်းပလျက်ရှိသည့် ဖူဆယ်လိဂ်ပြိုင်ပွဲများ၊ MNL ပြိုင်ပွဲများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများ၊ ဗီယက်နမ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၂၅ ခုနှစ် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲများ၊ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ် အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပြိုင်ပွဲများနှင့် ၂၀၂၆ ခုနှစ် အာရှဖလား ယူ-၁၇ အမျိုးသားဘောလုံးပြိုင်ပွဲများနှင့်ပတ်သက်၍ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်နေမှု စွမ်းပကားများနှင့် အလားအလာကောင်းများသည် မြန်မာအားကစားလောကအတွက်သာမက အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှ အာရှအားကစားပြိုင်ပွဲများအထိ အောင်မြင်စွာတက်လှမ်းနိုင်မည့် လက်ရည်၊ ခြေရည်များကို မြင်တွေ့နေရသည်။၂၀၂၅ ခုနှစ် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ခြေစစ်ပြိုင်ပွဲများတွင် မြန်မာအမျိုးသမီးဘောလုံးအသင်းသည် တီမောအသင်းကို သုံးဂိုးပြတ်ဖြင့် နှစ်ပွဲဆက်အနိုင်ရလဒ်ကြောင့် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရန် အခြေအနေကောင်းသော်လည်း ဖိလစ်ပိုင်အသင်း၏ရှုံးပွဲကြောင့် နောက်ဆုံးတွင် အနိမ့်ဆုံးသရေကစားရမည်ဖြစ်ပြီး လက်ရှိတွင် မြန်မာအသင်းက ခြောက်မှတ်ဖြင့် ဦးဆောင်နေပြီး ဆီမီးဖိုင်နယ်တွင် အနိုင်ရလဒ်ကောင်းရရှိနိုင်သည်။ ပြည်တွင်း၌ကျင်းပသည့် ၂၀၂၆ ခုနှစ် အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲတွင် မြန်မာအသင်းသည် မထင်မှတ်ဘဲ အိန္ဒိယအသင်းကို ရှုံးနိမ့်သွားခဲ့ပြီး ခြေစစ်ပွဲအပြီးတွင် အိန္ဒိယအသင်းက ခုနစ်မှတ်ဖြင့် အုပ်စုပထမ၊ အင်ဒိုနီးရှားအသင်းက ငါးမှတ်နှင့် မြန်မာအသင်းက လေးမှတ်ရရှိခဲ့သည်။မည်သို့ပင်ဖြစ်စေ မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းသည် နိုင်ငံတကာလက်ရွေးစင်အသင်းများနှင့် ရေကုန်ရေခန်း အကြိတ်အနယ်ယှဉ်ပြိုင်နိုင်ခဲ့ပြီး မြန်မာအမျိုးသမီးဘောလုံးအသင်း၏ ခြေစွမ်းခြေစများမှာ အားတက်ဂုဏ်ယူဖွယ် ရလဒ်ကောင်းပေါ်ထွက်ခဲ့သည်။ လက်ရှိကာလ မြန်မာဘောလုံးလောက၌ အမျိုးသားဘောလုံးအသင်းထက် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းများအနေဖြင့် အလားအလာကောင်းများရှိနေသည်။ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ၂၀၂၆ ခုနှစ် အာရှဖလား ယူ-၁၇ ခြေစစ်ပွဲတွင် မြန်မာအမျိုးသားဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး MNL လူငယ်လိဂ်ပြိုင်ပွဲအတွေ့အကြုံများအရ မြန်မာလူငယ် အမျိုးသားဘောလုံးအသင်းသည် အခြေအနေကောင်းများ ရရှိနိုင်သည်။ခြေစစ်ပွဲကို နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ခြေစစ်ပွဲအုပ်စုအရ မြန်မာအသင်းသည် အိုမန်၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ နီပေါအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်သဖြင့် ခြေစစ်ပွဲအတွက် ရုန်းကန်ရဖွယ်ရှိသည်။ အာရှဖလား ယူ-၁၇ ပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအလိုက် အသင်းစုစုပေါင်း ၃၈ သင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထို့ပြင် နာမည်ကြီးကလပ် ဘာစီလိုနာ ယူ-၁၂ အသင်းအပါအဝင် နိုင်ငံအလိုက် အသင်းပေါင်း ၄၀ ပါဝင်ယှဉ်ပြိုင်မည့် ဂျပန်ဖိတ်ခေါ် ယူ-၁၂ ဂျူနီယာကမ္ဘာ့အားကစားချန်ပီယံရှစ် ၂၀၂၅ ပြိုင်ပွဲကို ယခု ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဂျပန်နိုင်ငံ ချီဘားရှိ ဖူကူဒါဒန်ရှိကွင်း၌ ကျင်းပမည်ဖြစ်ရာ မြန်မာ ယူ-၁၂ လူငယ်လေးများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လူငယ်ကစားသမားများ နိုင်ငံတကာပြိုင်ပွဲများ၌ အတွေ့အကြုံများရရှိစေရန် ၂၀၂၃ ခုနှစ်မှစတင်၍ အဆိုပါပြိုင်ပွဲတွင် မြန်မာလူငယ်လေးများကို ပါဝင်ယှဉ်ပြိုင်စေလျက်ရှိသည်။ ယင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၂ အသင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးချယ်ထားသည့် ကစားသမားလေးများ၊ အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) နှင့် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) တို့မှ ကစားသမား ၁၈ ဦးဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါပြိုင်ပွဲအပြီးတွင် ဂျပန်နိုင်ငံ၏ အထင်အကရနေရာများသို့ သွားရောက်လေ့လာခြင်း၊ ဂျေလိဂ်ဘောလုံးပြိုင်ပွဲ ကြည့်ရှုခြင်းအစီအစဉ်များကို ဆောင်ရွက်ပေးမည်ဖြစ်ရာ မြန်မာနိုင်ငံမှ လက်ရွေးစင်အားကစားသမားများအနေဖြင့် နိုင်ငံတော်က အားပေးမြှင့်တင်မှု၊ ပင်ကိုခြေစွမ်းခြေစများနှင့် နိုင်ငံတကာအတွေ့အကြုံများအရ အနာဂတ်တွင် အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။
Wed, 08/13/2025 - 12:00
ကောင်းမွန်သည့်လူငယ်စွမ်းပကားဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆီသို့
ကောင်းမွန်သည့်လူငယ်စွမ်းပကားဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆီသို့
ယနေ့လူငယ်များသည် နောင်ဝယ်လူကြီးဖြစ်ပြီး မိမိအကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးထမ်းဆောင်ကြမည့်သူများဖြစ်သည်။ လူငယ်လူရွယ်များသည် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူကြမည့် မျိုးဆက်သစ်များဖြစ်ကြရာ လူငယ်လူရွယ်များ၏ စွမ်းပကား၊ ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်ဓာတ်ခွန်အားများ တိုးတက်တောက်ပြောင် ကောင်းမွန်လာအောင် ပြုစုပျိုးထောင်မြေတောင်မြှောက် ပေးကြရမည်ဖြစ်သည်။ လူငယ်များအား မြေတောင်မြှောက်မြှင့်တင်ပေးနိုင်မှ နိုင်ငံအနာဂတ်ကောင်းမွန်မည်။၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဆီသို့” (Local Youth Actions For The SDGs And Beyond) ဆောင်ပုဒ်ဖြင့် အသိပေးထားသည်။ လူငယ်များ၏ စွမ်းပကားသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သောပန်းတိုင်ဆီသို့ ဦးတည်နေသည်။ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ကို ဖန်တီးကြမည့်မျိုးဆက်များဖြစ်သောကြောင့် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံပြီး ပညာပြည့်ဝနှလုံးလှသည့် လူငယ်လူရွယ်များဖြစ်လာအောင် ပြုစုပျိုးထောင်ကြရမည်ဖြစ်သည်။နိုင်ငံတကာတွင် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိသူများကို လူငယ်ဟုသတ်မှတ်ပြီး မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိသူများကို လူငယ်ဟုသတ်မှတ်ထားသည်။ ၂၀၂၅ ခုနှစ် ကမ္ဘာ့လူဦးရေစာရင်းအရ လူငယ် ၁၆ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ လူငယ် ၃၅ ရာခိုင်နှုန်းခန့်ရှိသည်။ ထို့ကြောင့် နိုင်ငံတကာနှင့်နှိုင်းယှဉ်လျှင် မြန်မာ နိုင်ငံရှိ လူငယ်ရာခိုင်နှုန်းမှာ များပြားသည်ဟုဆိုနိုင်သည်။ အဆိုပါလူငယ်များကို ကောင်းမွန်စွာပျိုးထောင်ပေးနိုင်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် တန်ဖိုးရှိစွာအသုံးပြုနိုင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည်ဆောက်ရေးတွင် အထောက်အကူပြုမည်ဖြစ်သည်။သို့သော် နိုင်ငံ၏နောက်ခံသမိုင်းကြောင်းနှင့် ဖြစ်ထွန်းနေမှုအခြေအနေများအရ လူငယ်လူရွယ်များ၏ အခန်းကဏ္ဍကို အပြည့်အဝအသုံးမပြုနိုင်သည်ကို တွေ့ရသည်။ လွတ်လပ်ရေးနှင့်အတူဖြစ်ပေါ်လာသည့် နိုင်ငံရေးပယောဂများ၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် လူငယ်များ၏အနာဂတ်များ မှေးမှိန်မှုန်ဝါးနေသလို ခေတ်ရေစီးကြောင်းအရ စိန်ခေါ်မှုများစွာရှိနေသည်ကို တွေ့မြင်နိုင်သည်။ ပဋိပက္ခ များနှင့် အလုပ်အကိုင်အခွင့်အလမ်းပြဿနာများအရ လူငယ်များ ပညာကိုဆုံးခန်းတိုင်အောင် မသင်ယူနိုင်မှုနှင့် နိုင်ငံရေးပယောဂနှင့် ပတ်ဝန်းကျင်ရိုက်ခတ်မှုအရ လမ်းမှားရောက်သည့် လူငယ်များလည်းရှိနေသည်။ နည်းပညာများ တိုးတက်ထွန်းကားလာသည်နှင့်အမျှ လူငယ်များအတွက် ကောင်းကျိုးဆိုးပြစ်များရှိလာသည်။မျက်မှောက်ကာလတွင် နိုင်ငံတော်အစိုးရက လူငယ်များအား နယ်ပယ်အလိုက် အားပေးမြှင့်တင်ဆောင်ရွက်ပေးနိုင်မှုများကြောင့် လူငယ်စွမ်းပကားများဖြင့် နိုင်ငံ့အကျိုး မြှင့်တင်ဆောင်ရွက်နိုင်သည်ကို တွေ့ရသည်။ ပညာရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍတို့တွင် လူငယ်လူရွယ်များ၏ စွမ်းပကားများ တိုးတက်ခိုင်မာအားကောင်းလာသည်ကိုတွေ့ရသည်။ လောကတွင် ရုပ်ပိုင်းဆိုင်ရာ ကို ချက်ချင်းတည်ဆောက်နိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာကို ကာလတစ်ခု၊ မျိုးဆက်တစ်ခုမက ပြုစုပျိုးထောင်တည်ဆောက်ရသည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အတွက် ရေရှည်ရင်းနှီးမြှုပ်နှံရမည်မှာ လူငယ်ကဏ္ဍဖြစ်ပြီး လူငယ်ကဏ္ဍကို အခြေခံပညာကျောင်းများမှ စတင်ပျိုးထောင်လျက်ရှိသည်။သို့ဖြစ်ရာ လူငယ်လူရွယ်များကို ငယ်စဉ်ကပင် စဉ်ဆက်မပြတ် ပညာသင်ကြား နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ခြင်း၊ အသိဉာဏ်ပညာနှင့် ပြည့်စုံစေရန် စာပေဖတ်ရှု သည့်အလေ့အထ ထူထောင်ပေးခြင်း၊ စာပေမှတစ်ဆင့် ဆွဲဆောင်စည်းရုံးခြင်း၊ လူငယ်များ စုဝေးဆွေးနွေးဆောင်ရွက်ခြင်း၊ လူငယ်အားကစားအမျိုးမျိုးတို့ကို ကဏ္ဍအလိုက် အားပေးမြှင့်တင်ဖြည့်ဆည်းပေးခြင်း၊ ဝါသနာပါရာလုပ်ငန်းစဉ်များ တိုးတက်အောင်မြင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးပေးခြင်း၊ နည်းပညာများကို အကျိုးရှိထိရောက်စွာ အသုံးချစေခြင်း၊ အများအကျိုးဆောင်ရွက်လိုစိတ်များ တိုးပွားလာစေရန် ဖန်တီးပေးခြင်း၊ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှုနှင့်ကိုက်ညီသည့် ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်စံနှုန်းများ တိုးပွားလာအောင် ဆောင်ကြဉ်းပေးခြင်း စသည်တို့ကို ပျိုးထောင်ပေးပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ပန်းတိုင်သို့ တက်လှမ်းနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။Photo Crd- NOSHAA
Tue, 08/12/2025 - 12:00
လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်ဆီသို့
လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်ဆီသို့
မျက်မှောက်ကာလ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်သည် အသက် ၃၀ သို့မဟုတ် ၎င်းထက်ငယ်ရွယ်သူများဖြစ်ကြပြီး နောက်လာမည့် ငါးနှစ်ကာလ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၅၇ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်သည်ဟု မျှော်လင့်ထားကြသည်။ ကမ္ဘာကြီး၏ အနာဂတ်ကို ဖန်တီးကြမည့် လူငယ်တို့၏ အရေးအရာကိစ္စအဝဝတို့ကို ကမ္ဘာ့နိုင်ငံအသီးသီးတို့က အာရုံစိုက်လာကြစေရန် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို နှစ်စဉ်ဩဂုတ်လ ၁၂ ရက်တွင် ကျင်းပလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ရပ်ရွာအကျိုးပြုလုပ်ငန်းများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ လူငယ်များ ပိုမိုပူးပေါင်းပါဝင်လာစေရန်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို လူငယ်လူရွယ်များ ပိုမိုသိရှိပြီး ပါဝင်ဆင်နွှဲလာကြစေရန်နှင့် လူငယ်များ၏ လိုလားချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်များနှင့် နှစ်စဉ်ကျင်းပလျက်ရှိသည်။ယခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ကုလသမဂ္ဂကချမှတ်ပေးထားသည့် ဆောင်ပုဒ်မှာ “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ဆီသို့ - Local Youth Actions For The SDGs And Beyond” ဟူ၍ ဖြစ်သည်။ ကုလသမဂ္ဂကချမှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုအစီအစဉ်ဖြစ်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustain-able Development Goals- SDGs) ၏ ၆၅ ရာခိုင်နှုန်းကျော်သည် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရပ်ရွာလူထုအဖွဲ့အစည်းများနှင့် အဓိကဆက်နွှယ်နေပြီး ယင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူငယ်အခန်းကဏ္ဍနှင့် လူငယ်တို့၏ စွမ်းပကားတို့မှာ အရေးကြီးသည်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ အစီအစဉ်သည် ၂၀၃၀ ပြည့်နှစ်တွင် ပြီးဆုံးမည်ဖြစ်ပြီး ယင်းအချိန်တွင် ကမ္ဘာ့လူဦးရေ၏ ၅၇ ရာခိုင်နှုန်းအထိ ရှိနေမည်ဖြစ်သော လူငယ်များက SDGs အလွန် အနာဂတ်ကာလတွင် ပို၍အရေးပါနေမည်ဖြစ်ရာ လူငယ်တို့၏ စွမ်းအားမြင့်မားနေစေရန် မြှင့်တင်ထားဖို့ လိုမည်ဖြစ်သည်။၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံစုစုပေါင်းလူဦးရေ၏ ၃၃ ရာခိုင်နှုန်းကျော်သည် လူငယ်များဖြစ်သည်။ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၃၅ နှစ်အထိ အရွယ်ကို လူငယ်အဖြစ်သတ်မှတ်ထားပြီး နိုင်ငံ၏ လူဦးရေအခြေအနေတွင် လူငယ်ထုအင်အားများပြားခြင်းက အလုပ်လုပ်နိုင်သည့်အရွယ် လုပ်သားအင်အားများပြားခြင်းဖြစ်သည်။ လုပ်သားအင်အားများပြားခြင်းသည် နိုင်ငံတည်ဆောက်ရေးအတွက် အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားခြင်းလည်း ဖြစ်သည်။နိုင်ငံ၏အနာဂတ်စွမ်းအား လူငယ်များ စွမ်းရည်မြင့်မားနေမှသာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ ပြည့်မီစေရေးဆောင်ရွက်ရာတွင်လည်းကောင်း၊ အနာဂတ်လူ့ဘောင်ကို ဖန်တီးတည်ဆောက်ရာတွင်လည်းကောင်း အဖိုးတန်လူသားအရင်းအမြစ်များအဖြစ် အရေးပါသောကဏ္ဍမှ ပါဝင်နိုင်ကြမည်ဖြစ်သည်။ သို့ဖြစ်ရာ စည်းလုံးညီညွတ်သော၊ သာယာဝပြောသော၊ ဖွံ့ဖြိုးတိုးတက်သော အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်ကြမည့်လူငယ်များအား ကျန်းမာကြံ့ခိုင်ရေး၊ တွေးခေါ်မြော်မြင်နိုင်စွမ်းမြင့်မားရေး၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်ရေး၊ အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်တရားစံနှုန်းများမြင့်မားရေး လေ့ကျင့်ပြုစုပျိုးထောင်မှုများကို အလေးအနက်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။MOIPhoto- UNESCO
Mon, 08/11/2025 - 12:00
အမြင့်မားဆုံးအောင်ပွဲခံနိုင်ရေး ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်
အမြင့်မားဆုံးအောင်ပွဲခံနိုင်ရေး ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ဆင်နွှဲရတော့မည့်ရက်မှာ နီးသည်ထက်နီးကပ်လာပြီဖြစ်သည်။ ပြိုင်ပွဲဝင်ကြမည့် အားကစားသမားတိုင်းက ပြိုင်ပွဲတိုင်းမှာ အကောင်းဆုံးယှဉ်ပြိုင်၍ ထိုက်ထိုက်တန်တန်အနိုင်ယူကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ကြရေးအတွက် ယခုအချိန်သည် ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြရမည့်အချိန်ဖြစ်သည်။အားကစားသမားတစ်ဦးအဖို့ ဆုယူစင်မြင့်၏ အမြင့်ဆုံးနေရာတွင်ရပ်ကာ ရွှေတံဆိပ်ကို လက်ခံရယူပြီး မိမိတို့၏ နိုင်ငံတော်အလံကိုလည်း အမြင့်ဆုံးတွင် လွှင့်ထူခွင့်ရခြင်းက လွန်စွာကြီးမားလှသည့် ဂုဏ်ကျက်သရေပင်ဖြစ်သည်။ နိုင်ငံတကာပရိသတ် ဗိုလ်ပုံအလယ်တွင် ဝင့်ထည်တောက်ပနေမည့် ထိုအချိန်အခါသည် အောင်ပွဲရအားကစားသမားနှင့်အတူ မိခင်နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသား ပြည်သူတစ်ရပ်လုံး တစ်စိတ်တည်းတစ်ဝမ်းတည်း ဂုဏ်ယူကြရသည့် အချိန်အခါလည်းဖြစ်သည်။ သို့ဖြစ်ရာ ပြိုင်ပွဲဝင်သည့်အချိန်တွင် ခွန်အား၊ သက်လုံ၊ ကျွမ်းကျင်မှု၊ လျင်မြန်မှုနှင့် စိတ်ဓာတ်တို့ အမြင့်မားဆုံးအနေအထားတွင် ရောက်ရှိနေစေရေးအတွက် ပွဲမဝင်မီလေ့ကျင့်ချိန်ကာလအတွင်း အားနည်းချက်တို့ကို ပြင်ဆင်၊ လိုအပ်ချက်တို့ကို ဖြည့်ဆည်းကာ အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်သည်။လာမည့်ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့်(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတော်တွင် အားကစားနည်း ၅၃ မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံက အားကစားနည်း ၄၀ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ အားကစားနည်း ၃၆ နည်း ထည့်သွင်းကျင်းပခဲ့ရာ မြန်မာနိုင်ငံက အားကစားနည်း ၁၉ နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေ ၂၁၊ ငွေ ၂၅ နှင့် ကြေး ၆၈ ခု ဆွတ်ခူးနိုင်ခဲ့သည်။ အားကစားသမား ၃၄၁ ဦး၊ အုပ်ချုပ်/နည်းပြ ၁၀၄ ဦးတို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ရာ ယှဉ်ပြိုင်သူအားကစားသမားအရေအတွက်နှင့် ဆုတံဆိပ်ရရှိမှု ၃၃ ဒသမ ၄၃ ရာခိုင်နှုန်းရရှိခဲ့ပြီး မိမိတို့နိုင်ငံ၏ နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း အမြင့်ဆုံး အောင်မြင်မှုအဖြစ် မှတ်တမ်းဝင်ထားသည်။ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးသည် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးအတွက် အကြိုပြင်ဆင်မှုတစ်ရပ်ပင်ဖြစ်ပြီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာခဲ့သည်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးတွင် အားကစားနည်း ၂၃ မျိုးအတွက် လူငယ်မျိုးဆက်သစ် အမျိုးသားအင်အား ၅၄၀ ကျော်၊ အမျိုးသမီးအင်အား ၃၀၀ ကျော် စုစုပေါင်းမျိုးဆက်သစ်အင်အား ၈၄၀ ကျော် ရွေးချယ်ရရှိခဲ့ပြီး စံချိန်တင်နိုင်သူများလည်း ပါဝင်ခဲ့သည်ဟု သိရသည်။ လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်  မြန်မာနိုင်ငံက ပြိုင်ပွဲဝင်မည့် ပြိုင်ပွဲ အမျိုးအစား ၄၀ သည် ပြိုင်ခဲ့ဖူးသမျှတွင် အများဆုံးဖြစ်သကဲ့သို့ ပြိုင်ပွဲဝင်မည့် အားကစားသမားနှင့် အုပ်ချုပ်/နည်းပြ အရေအတွက်မှာလည်း အများဆုံးဖြစ်လာမည်ဖြစ်ရာ နိုင်ငံအတွက်လည်း အမြင့်ဆုံးဆုတံဆိပ်များ အများဆုံးပြန်လည်သယ်ဆောင်လာမည်ဟု မျှော်လင့်မိသည်။ ထို့အပြင် အရှေ့တောင်အာရှနိုင်ငံများ ဆတံဆိပ်ရရှိမှ ဆုတံဆိပ်ရရှိမှု တန်းစီဇယားတွင်လည်း တန်းစီဇယားတွင်လည်း ထိပ်ပိုင်းတစ်နေရာသို့ တက်လှမ်းလာနိုင်မည်ဟု ယုံကြည်မိသည်။မြန်မာနိုင်ငံ၏ အားကစားသမိုင်းကြောင်းတွင် မြင့်မားသည့် အောင်မြင်မှုများ ရှိထားခဲ့ရာ မျိုးဆက်သစ်တို့၏ခေတ်တွင်လည်း သမိုင်းသစ်ကို ရေးထိုးနိုင်ကြရန်လိုသည်။ မျက်မှောက်ကာလ ဆုကြေးစားအားကစားနှင့် E-sport တို့တွင် ကမ္ဘာ့အဆင့်အထိမြန်မာတို့ ထိုးဖောက်လာခဲ့ပြီဖြစ်ရာ ဇွဲ၊ သတ္တိ၊ အားမာန်အပြည့် ဖြင့် အောင်စိတ်ကို အမြင့်ဆုံးလွှင့်ထူ၍ အောင်ပွဲဆီ အရောက်လှမ်း ကြရပါမည့်အကြောင်း။ ။
Sun, 08/10/2025 - 12:00
အီလက်ထရောနစ်အားကစားနည်းဖြင့် ကမ္ဘာ့အလယ်ဝင့်ထည်နိုင်ငံ့ဂုဏ်ဆောင်
အီလက်ထရောနစ်အားကစားနည်းဖြင့် ကမ္ဘာ့အလယ်ဝင့်ထည်နိုင်ငံ့ဂုဏ်ဆောင်
ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်မြို့တွင် ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၃ ရက် နေ့အထိ ကျင်းပခဲ့သည့် 2025 E-sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့သည့် မြန်မာနိုင်ငံမှ Yangon Galacticos အသင်းသည် ဩဂုတ်လ ၇ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ရာ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးသည့် အောင်ပွဲရအားကစားသမားများအား သောင်းသောင်းဖြဖြကြိုဆိုကြပြီး ဂုဏ်ပြုအခမ်းအနားပြုလုပ်ခဲ့ကြသည်ကို ဝမ်းမြောက်ဖွယ်တွေ့မြင်ကြရသည်။မျက်မှောက်ကာလတွင် သတင်းအချက်အလက်နှင့်နည်းပညာမှာ နေ့စဉ်နှင့်အမျှ တိုးတက်မြင့်မားလျက်ရှိပြီး အသစ်အသစ်ပေါ်ထွက်လာသော နည်းပညာများကို ကမ္ဘာပေါ်ရှိလူငယ်လူရွယ်များအားလုံး နှစ်သက်ရာနည်းပညာများကို နေ့စဉ်အသုံးပြုလျက်ရှိသည်။ ဆန်းသစ်သော နည်းပညာအမျိုးမျိုးကို လူငယ်လူရွယ်များအနေဖြင့် အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အီလက်ထရောနစ်အားကစားနည်းကို ကမ္ဘာ့အားကစားကဏ္ဍတွင် အစောပိုင်းကာလများကတည်းက ထည့်သွင်းကျင်းပလာခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်မှစတင်၍ ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းရာမှ E-sports အားကစားနည်းသည် ထင်ရှားလာသည်။မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်သည် ၂၀၁၉ ခုနှစ် ဆီးဂိမ်း အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အီလက်ထရောနစ်အားကစားသမားများကို လက်ရည်စစ်ရွေးချယ်ခဲ့ရာမှ လူငယ်လူရွယ်များကြားတွင် အီလက်ထရောနစ်အားကစားအပေါ် စိတ်ဝင်စားမှု မြင့်မားလာသည်။ ယခင်က အီလက်ထရောနစ်အားကစားနည်းသည် သရုပ်ပြအားကစားနည်းအဆင့်တွင်သာရှိရာမှ ၂၀၁၉ ခုနှစ် ဆီးဂိမ်းမှစတင်၍ ဆုတံဆိပ်ချီးမြှင့်သည့် ပြိုင်ပွဲအားကစားနည်းအဖြစ်ပါဝင်လာသည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်သည့် အီလက်ထရောနစ်အားကစားနည်း ခြောက်မျိုးအနက် မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံးနှင့် အားကစားသမားအင်အားအတောင့်တင်း ဆုံး DOTA 2, MLBB, VOA Game ကစားနည်းများဖြင့် စတင်ယှဉ်ပြိုင်ခဲ့ကြသည်။မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်အနေဖြင့် E-sports အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် အီလက်ထရောနစ်အားကစားကို စိတ်ဝင်စားကြသည့် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လူငယ်လူရွယ်များ ပါဝင်ယှဉ်ပြိုင် နိုင်ရန် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်းတွင် လက်ရည်စစ်ပြိုင်ပွဲများကို လက်ခံကျင်းပပေးပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ဆုများချီးမြှင့်ပေးခဲ့သည်။ လူငယ်လူရွယ်များအနေဖြင့် မိမိတို့နှစ်သက်ရာ အီလက်ထရောနစ်နည်းအမျိုးမျိုးကို နေ့စဉ်အသုံးပြုလျက်ရှိရာတွင် အပျော်သက်သက် နေ့စဉ်အချိန်ကုန်အချည်းနှီးမဖြစ်စေဘဲ မိမိအတွက်၊ နိုင်ငံအတွက် အကျိုးရှိထိရောက်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ ယခုအခါနိုင်ငံအတွက် ဂုဏ်ယူစရာအကျိုးရလဒ်ကောင်းများကို ရရှိခဲ့ပြီဖြစ်သည်။ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်မြို့တွင် ကျင်းပခဲ့သည့် 2025 E-sports World Cup ပြိုင်ပွဲသည် ကမ္ဘာ့အဆင့် ပြိုင်ပွဲကြီးတစ်ပွဲဖြစ်သည်။ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ပရော်ဖက်ရှင်နယ်အားကစားသမား ၅၀၀၀ ခန့်် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကြီးကျယ် ခမ်းနားသော ပြိုင်ပွဲကြီးဖြစ်သည်။ မြန်မာနိုင်ငံကိုယ်စားပြု အီလက်ထရောနစ် အားကစားအဖွဲ့အနေဖြင့် ကမ္ဘာ့အဆင့် E-sports ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ E-sports အမျိုးအစား ၂၅ မျိုးကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံကိုယ်စားပြုအသင်းသည် အိမ်ရှင်ဆော်ဒီအာရေဗျ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊ နီပေါ၊ ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ တူကီယဲ၊ အီဂျစ်၊ ဘရာဇီး စသည့်လက်ရွေးစင်နိုင်ငံ ၁၆ နိုင်ငံမှ ထိပ်သီး ၂၄ သင်းနှင့်ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာ့ချန်ပီယံဆုကို ထိုက်တန်စွာ ရရှိခဲ့ခြင်းဖြစ်သည်။သို့ဖြစ်ရာ မြန်မာနိုင်ငံကိုယ်စားပြု အီလက်ထရောနစ်အားကစားအသင်းသည် 2025 E-sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံများမှ ပရော်ဖက်ရှင်နယ် အားကစားသမားများကိုကျော်ဖြတ်၍ ပွဲစဉ်တိုင်း၌ အမှတ်အမြင့်ဆုံးဖြင့် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်ရာ မြန်မာနိုင်ငံမှ လူငယ်လူရွယ်များအတွက် အားတက်ဂုဏ်ယူစရာဖြစ်သလို ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့သဖြင့် နိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်ပါကြောင်း။ ။MOI
Sat, 08/09/2025 - 12:00
စားတတ်မှ ကျန်းမာ
စားတတ်မှ ကျန်းမာ
သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ - သတ္တဝါဟူသမျှတို့သည် အစာအာဟာရပေါ်၌သာလျှင် ထောက်ရာတည်ရာ ရှိကြကုန်၏ဟု ဗုဒ္ဓကျမ်းဂန်တို့၌ လာရှိသည်နှင့်အညီ အစာအာဟာရစုံလင်ပြည့်ဝကြမှသာ ခန္ဓာအစိတ်အပိုင်းများက ကျန်းမာကြံ့ခိုင်စွာ ရှင်သန်နိုင်ကြမည် ဖြစ်သည်။ သို့ဖြစ်ရာ စိတ်ရောကိုယ်ပါ ကျန်းမာရေးနှင့် ပြည့်စုံနိုင်ကြစေရန်အတွက် အာဟာရပြည့်ဝစွာစားသုံးနိုင်ကြရန်လိုသည်။ အာဟာရပြည့်ဝစေရန် မစားသောက်တတ်ခြင်းကြောင့် အာဟာရလွန်ကဲပြီး အဝလွန်ခြင်းဖြစ်စေနိုင်သလို အာဟာရချို့တဲ့ခြင်းလည်း ဖြစ်စေနိုင်သည်။အာဟာရအတွက် မိမိတို့နေ့စဉ်စားနေသည့် အစားအစာများတွင် ကောက်နှံများ(ဆန်၊ဂျုံ၊ ပြောင်း)၊ သစ်ဥသစ်ဖုများ (အာလူး၊ ပိန်းဥ၊ ကန်စွန်းဥ)၊ အချိုစာများ (ပျားရည်၊ သကြား)တို့က ကစီဓာတ်ကို ရရှိစေနိုင်ပြီး ဆီအမျိုးမျိုး (သီးနှံဆီ၊ တိရစ္ဆာန်ဆီ)တို့က အဆီဓာတ်ကို ရရှိစေနိုင်သည်။ ကစီဓာတ်နှင့် အဆီဓာတ်တို့သည် အင်အားကိုဖြစ်စေသော အစာအုပ်စုတွင် ပါဝင်သည်။အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ပင်လယ်စာများ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးတို့သည် အသားဓာတ်ကိုရရှိစေနိုင်ပြီး ခန္ဓာကိုယ်ကြီးထွားစေသော အစာအုပ်စုတွင် ပါဝင်သည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများသည် ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ်တို့ကို ရရှိစေပြီး အရည်အမျိုးမျိုး၊ အရည်ရွှမ်းသည့်အစာများက ရေဓာတ်ကို ရရှိစေနိုင်သည်၊၊ အဆိုပါ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နှင့် ရေဓာတ်တို့မှာ ရောဂါကာကွယ်စေသော အစာအုပ်စုတွင် ပါဝင်သည်။အာဟာရဓာတ်ပြည့်ဝစေရန်အတွက် အထက်တွင်ဖော်ပြခဲ့သော အင်အားကိုဖြစ်စေသော အစာအုပ်စု၊ ခန္ဓာကိုယ်ကြီးထွားစေသော အစာအုပ်စုနှင့် ရောဂါကာကွယ်စေသော အစာအုပ်စုတို့မှ သုံးခုစလုံး ပါဝင်အောင် စားသောက်ကြရန်လိုသည်။ ပြောင်းလဲလာသည့် လူနေမှုပုံစံများအရ မြို့ပြဒေသများတွင် အသင့်ထုပ်ပိုးထားသော အစားအစာများ၊ အမြန်စားအစားအစာများ၊ အချိုလွန်ကဲသော အစားအစာများ ပိုမိုစားသုံးလာကြခြင်းကလည်း အာဟာရပြဿနာများကို ဖြစ်ပေါ်စေသည်။ အချိုစာများနှင့် အချိုရည်အမျိုးမျိုးတို့မှာ အာဟာရတန်ဖိုး အလွန်နည်းပါးစွာပါဝင်ပြီး ခန္ဓာကိုယ်အလေးချိန်ကို လျင်မြန်စွာ တက်လာစေကာ သွေးတွင်းအဆီကိုလည်း များလာစေသည်။အစာအုပ်စု သုံးခုစလုံးပါဝင်အောင် နေ့စဉ်စားသောက်ကြရာတွင် မြန်မာတို့ စားသောက်ကြသည့် အစားအစာနှင့် ဓလေ့ထုံးစံအရ ပန်းကန်တစ်ဝက်တွင် ထမင်း၊ ကျန်သည့်ပန်းကန်တစ်ဝက်၏ သုံးပုံနှစ်ပုံတွင် ဟင်းသီးဟင်းရွက်နှင့် သုံးပုံတစ်ပုံတွင် အသား သို့မဟုတ် ငါး သို့မဟုတ် ဥတစ်မျိုးမျိုးဟင်းတို့စားသုံးရန် ကျန်းမာရေးပညာရှင်တို့က အကြံပြုထားသည်။ ထမင်းသည် အင်အားဖြစ်စေသော အစာအုပ်စုတွင်ပါဝင်ပြီး ဟင်းသီးဟင်းရွက်သည် ရောဂါကာကွယ်သော အုပ်စု၊ အသား၊ ငါး၊ ဥဟင်းတို့မှာ ခန္ဓာကိုယ်ကြီးထွားစေသောအုပ်စုတို့တွင်ပါဝင်သည်။ ထို့အပြင် အိုင်အိုဒင်းဆားကို သုံးစွဲခြင်း၊ ရေကိုလုံလောက်အောင်သောက်ခြင်း၊ အဆီ၊ အချို၊ အငန်တို့ကို မလွန်ကဲအောင် ဆင်ခြင်စားသုံးခြင်း၊ သန့်ရှင်းလတ်ဆတ်၍ အန္တရာယ်ကင်းသော သဘာဝအစားအစာများကို ရွေးချယ်စားသုံးခြင်းတို့ကို အလေးဂရုပြုဆောင်ရွက်ကြရမည်လည်းဖြစ်သည်။ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရပြည့်ဝသည့် အစားအစာကို ပို၍စားရန်၊ မွေးကင်းစမှ ကလေးအသက် (၆)လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးရန်၊ အသက်(၆)လမှစ၍ အာဟာရ ပြည့် ဖြည့်စွက်စာအမျိုးမျိုးကို အရွယ်အလိုက် စုံလင်စွာကျွေးပြီး ကလေး(၂)နှစ်အထိ မိခင်နို့တိုက်ကျွေးရန်၊ ကလေးများနှင့် ပျိုဖော်ဝင်အရွယ်များ အစွမ်းကုန်ကြီးထွားဖွံ့ဖြိုးစေရန်အတွက် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာပို၍ကျွေးရန်၊ သက်ကြီးဘိုးဘွားဘဝတွင် အာဟာရဓာတ်ကြွယ်ဝသည့် အစာများရွေးချယ်စားသုံးရန်တို့ကို လည်း အသိပညာပေးထားသည်။မြန်မာနိုင်ငံသည် ရေမြေသဘာဝကောင်းမွန်ပြီး စားရေရိက္ခာထုတ်လုပ်သည့် နိုင်ငံဖြစ်သည့်အလျောက် နိုင်ငံသူနိုင်ငံသားတို့ စားသမျှ ထုတ်လုပ်ပေးနိုင်သည့် နိုင်ငံမျိုးဖြစ်သည်။ အစာအာဟာရ ပြည့်ဝအောင်စားသုံးကြရာတွင် ငွေကြေးတန်ဖိုးနည်းပါးသော်လည်း အာဟာရတန်ဖိုးကြီးမားသည့် အစားအစာများစွာလည်းရှိနေရာ အာဟာရပြည့်ဝစွာစားသောက်ခြင်းအားဖြင့် ကျန်းမာသက်ရှည် ကြပါစေကြောင်း။      ။Photo- အစိမ်းရောင်လမ်း
Sat, 08/09/2025 - 12:00

Information

  • Today Visitors: 23
  • Unique Visitor: 23656
  • Total Visitor: 172643

Event & Guidlines

Article
Forum & Discussion
Q&A

Contact

Ministry of the President's Office, Naypyidaw
presoffministry@gmail.com
067-3409722

Quick Link

Myanmar National Portal
Ministry of Information
Findings on the investigation of Electoral Frauds and Malpractices in 2020 Multi-party Democracy General Election

Monthly archive

  • August 2025 (512)
  • July 2025 (1317)
  • June 2025 (1386)
  • May 2025 (1019)
  • April 2025 (465)
Suggestion Box
Facebook Instagram Youtube
© Copyright 2024 SAC All Rights Reserved.