ကဏ္ဍများ

မြန်မာ့အားကစားယှဉ်ပြိုင်မှုစွမ်းပကား နိုင်ငံတကာအလယ် နိုင်ငံ့ဂုဏ်တင့်တယ်

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါအားကစားပြိုင်ပွဲမကျင်းပမီ လက်ရှိကာလ၌ ပါဝင်ယှဉ်ပြိုင်လျက်ရှိသော ပြည်တွင်း/ ပြည်ပအားကစားပြိုင်ပွဲများမှ မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ရေကုန်ရေခန်း အနိုင်မခံအရှုံးမပေး ယှဉ်ပြိုင်နေမှုများသည် နိုင်ငံတကာအလယ်၌ မြန်မာအားကစားစွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ကို တင့်တယ်စေမည့် အလားအလာကောင်းများအဖြစ် မြင်တွေ့နေရသည်။

ပြည်တွင်း၌ ကျင်းပလျက်ရှိသည့် ဖူဆယ်လိဂ်ပြိုင်ပွဲများ၊ MNL ပြိုင်ပွဲများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများ၊ ဗီယက်နမ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၂၅ ခုနှစ် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲများ၊ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ် အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပြိုင်ပွဲများနှင့် ၂၀၂၆ ခုနှစ် အာရှဖလား ယူ-၁၇ အမျိုးသားဘောလုံးပြိုင်ပွဲများနှင့်ပတ်သက်၍ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်နေမှု စွမ်းပကားများနှင့် အလားအလာကောင်းများသည် မြန်မာအားကစားလောကအတွက်သာမက အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှ အာရှအားကစားပြိုင်ပွဲများအထိ အောင်မြင်စွာတက်လှမ်းနိုင်မည့် လက်ရည်၊ ခြေရည်များကို မြင်တွေ့နေရသည်။

၂၀၂၅ ခုနှစ် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ခြေစစ်ပြိုင်ပွဲများတွင် မြန်မာအမျိုးသမီးဘောလုံးအသင်းသည် တီမောအသင်းကို သုံးဂိုးပြတ်ဖြင့် နှစ်ပွဲဆက်အနိုင်ရလဒ်ကြောင့် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရန် အခြေအနေကောင်းသော်လည်း ဖိလစ်ပိုင်အသင်း၏ရှုံးပွဲကြောင့် နောက်ဆုံးတွင် အနိမ့်ဆုံးသရေကစားရမည်ဖြစ်ပြီး လက်ရှိတွင် မြန်မာအသင်းက ခြောက်မှတ်ဖြင့် ဦးဆောင်နေပြီး ဆီမီးဖိုင်နယ်တွင် အနိုင်ရလဒ်ကောင်းရရှိနိုင်သည်။ ပြည်တွင်း၌ကျင်းပသည့် ၂၀၂၆ ခုနှစ် အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲတွင် မြန်မာအသင်းသည် မထင်မှတ်ဘဲ အိန္ဒိယအသင်းကို ရှုံးနိမ့်သွားခဲ့ပြီး ခြေစစ်ပွဲအပြီးတွင် အိန္ဒိယအသင်းက ခုနစ်မှတ်ဖြင့် အုပ်စုပထမ၊ အင်ဒိုနီးရှားအသင်းက ငါးမှတ်နှင့် မြန်မာအသင်းက လေးမှတ်ရရှိခဲ့သည်။

မည်သို့ပင်ဖြစ်စေ မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းသည် နိုင်ငံတကာလက်ရွေးစင်အသင်းများနှင့် ရေကုန်ရေခန်း အကြိတ်အနယ်ယှဉ်ပြိုင်နိုင်ခဲ့ပြီး မြန်မာအမျိုးသမီးဘောလုံးအသင်း၏ ခြေစွမ်းခြေစများမှာ အားတက်ဂုဏ်ယူဖွယ် ရလဒ်ကောင်းပေါ်ထွက်ခဲ့သည်။ လက်ရှိကာလ မြန်မာဘောလုံးလောက၌ အမျိုးသားဘောလုံးအသင်းထက် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းများအနေဖြင့် အလားအလာကောင်းများရှိနေသည်။ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ၂၀၂၆ ခုနှစ် အာရှဖလား ယူ-၁၇ ခြေစစ်ပွဲတွင် မြန်မာအမျိုးသားဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး MNL လူငယ်လိဂ်ပြိုင်ပွဲအတွေ့အကြုံများအရ မြန်မာလူငယ် အမျိုးသားဘောလုံးအသင်းသည် အခြေအနေကောင်းများ ရရှိနိုင်သည်။

ခြေစစ်ပွဲကို နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ခြေစစ်ပွဲအုပ်စုအရ မြန်မာအသင်းသည် အိုမန်၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ နီပေါအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်သဖြင့် ခြေစစ်ပွဲအတွက် ရုန်းကန်ရဖွယ်ရှိသည်။ အာရှဖလား ယူ-၁၇ ပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအလိုက် အသင်းစုစုပေါင်း ၃၈ သင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထို့ပြင် နာမည်ကြီးကလပ် ဘာစီလိုနာ ယူ-၁၂ အသင်းအပါအဝင် နိုင်ငံအလိုက် အသင်းပေါင်း ၄၀ ပါဝင်ယှဉ်ပြိုင်မည့် ဂျပန်ဖိတ်ခေါ် ယူ-၁၂ ဂျူနီယာကမ္ဘာ့အားကစားချန်ပီယံရှစ် ၂၀၂၅ ပြိုင်ပွဲကို ယခု ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဂျပန်နိုင်ငံ ချီဘားရှိ ဖူကူဒါဒန်ရှိကွင်း၌ ကျင်းပမည်ဖြစ်ရာ မြန်မာ ယူ-၁၂ လူငယ်လေးများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လူငယ်ကစားသမားများ နိုင်ငံတကာပြိုင်ပွဲများ၌ အတွေ့အကြုံများရရှိစေရန် ၂၀၂၃ ခုနှစ်မှစတင်၍ အဆိုပါပြိုင်ပွဲတွင် မြန်မာလူငယ်လေးများကို ပါဝင်ယှဉ်ပြိုင်စေလျက်ရှိသည်။ ယင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၂ အသင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးချယ်ထားသည့် ကစားသမားလေးများ၊ အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) နှင့် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) တို့မှ ကစားသမား ၁၈ ဦးဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါပြိုင်ပွဲအပြီးတွင် ဂျပန်နိုင်ငံ၏ အထင်အကရနေရာများသို့ သွားရောက်လေ့လာခြင်း၊ ဂျေလိဂ်ဘောလုံးပြိုင်ပွဲ ကြည့်ရှုခြင်းအစီအစဉ်များကို ဆောင်ရွက်ပေးမည်ဖြစ်ရာ မြန်မာနိုင်ငံမှ လက်ရွေးစင်အားကစားသမားများအနေဖြင့် နိုင်ငံတော်က အားပေးမြှင့်တင်မှု၊ ပင်ကိုခြေစွမ်းခြေစများနှင့် နိုင်ငံတကာအတွေ့အကြုံများအရ အနာဂတ်တွင် အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

ကောင်းမွန်သည့်လူငယ်စွမ်းပကားဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆီသို့

ယနေ့လူငယ်များသည် နောင်ဝယ်လူကြီးဖြစ်ပြီး မိမိအကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးထမ်းဆောင်ကြမည့်သူများဖြစ်သည်။ လူငယ်လူရွယ်များသည် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူကြမည့် မျိုးဆက်သစ်များဖြစ်ကြရာ လူငယ်လူရွယ်များ၏ စွမ်းပကား၊ ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်ဓာတ်ခွန်အားများ တိုးတက်တောက်ပြောင် ကောင်းမွန်လာအောင် ပြုစုပျိုးထောင်မြေတောင်မြှောက် ပေးကြရမည်ဖြစ်သည်။ လူငယ်များအား မြေတောင်မြှောက်မြှင့်တင်ပေးနိုင်မှ နိုင်ငံအနာဂတ်ကောင်းမွန်မည်။

၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဆီသို့” (Local Youth Actions For The SDGs And Beyond) ဆောင်ပုဒ်ဖြင့် အသိပေးထားသည်။ လူငယ်များ၏ စွမ်းပကားသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သောပန်းတိုင်ဆီသို့ ဦးတည်နေသည်။ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ကို ဖန်တီးကြမည့်မျိုးဆက်များဖြစ်သောကြောင့် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံပြီး ပညာပြည့်ဝနှလုံးလှသည့် လူငယ်လူရွယ်များဖြစ်လာအောင် ပြုစုပျိုးထောင်ကြရမည်ဖြစ်သည်။

နိုင်ငံတကာတွင် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိသူများကို လူငယ်ဟုသတ်မှတ်ပြီး မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိသူများကို လူငယ်ဟုသတ်မှတ်ထားသည်။ ၂၀၂၅ ခုနှစ် ကမ္ဘာ့လူဦးရေစာရင်းအရ လူငယ် ၁၆ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ လူငယ် ၃၅ ရာခိုင်နှုန်းခန့်ရှိသည်။ ထို့ကြောင့် နိုင်ငံတကာနှင့်နှိုင်းယှဉ်လျှင် မြန်မာ နိုင်ငံရှိ လူငယ်ရာခိုင်နှုန်းမှာ များပြားသည်ဟုဆိုနိုင်သည်။ အဆိုပါလူငယ်များကို ကောင်းမွန်စွာပျိုးထောင်ပေးနိုင်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် တန်ဖိုးရှိစွာအသုံးပြုနိုင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည်ဆောက်ရေးတွင် အထောက်အကူပြုမည်ဖြစ်သည်။

သို့သော် နိုင်ငံ၏နောက်ခံသမိုင်းကြောင်းနှင့် ဖြစ်ထွန်းနေမှုအခြေအနေများအရ လူငယ်လူရွယ်များ၏ အခန်းကဏ္ဍကို အပြည့်အဝအသုံးမပြုနိုင်သည်ကို တွေ့ရသည်။ လွတ်လပ်ရေးနှင့်အတူဖြစ်ပေါ်လာသည့် နိုင်ငံရေးပယောဂများ၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် လူငယ်များ၏အနာဂတ်များ မှေးမှိန်မှုန်ဝါးနေသလို ခေတ်ရေစီးကြောင်းအရ စိန်ခေါ်မှုများစွာရှိနေသည်ကို တွေ့မြင်နိုင်သည်။ ပဋိပက္ခ များနှင့် အလုပ်အကိုင်အခွင့်အလမ်းပြဿနာများအရ လူငယ်များ ပညာကိုဆုံးခန်းတိုင်အောင် မသင်ယူနိုင်မှုနှင့် နိုင်ငံရေးပယောဂနှင့် ပတ်ဝန်းကျင်ရိုက်ခတ်မှုအရ လမ်းမှားရောက်သည့် လူငယ်များလည်းရှိနေသည်။ နည်းပညာများ တိုးတက်ထွန်းကားလာသည်နှင့်အမျှ လူငယ်များအတွက် ကောင်းကျိုးဆိုးပြစ်များရှိလာသည်။

မျက်မှောက်ကာလတွင် နိုင်ငံတော်အစိုးရက လူငယ်များအား နယ်ပယ်အလိုက် အားပေးမြှင့်တင်ဆောင်ရွက်ပေးနိုင်မှုများကြောင့် လူငယ်စွမ်းပကားများဖြင့် နိုင်ငံ့အကျိုး မြှင့်တင်ဆောင်ရွက်နိုင်သည်ကို တွေ့ရသည်။ ပညာရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍတို့တွင် လူငယ်လူရွယ်များ၏ စွမ်းပကားများ တိုးတက်ခိုင်မာအားကောင်းလာသည်ကိုတွေ့ရသည်။ လောကတွင် ရုပ်ပိုင်းဆိုင်ရာ ကို ချက်ချင်းတည်ဆောက်နိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာကို ကာလတစ်ခု၊ မျိုးဆက်တစ်ခုမက ပြုစုပျိုးထောင်တည်ဆောက်ရသည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အတွက် ရေရှည်ရင်းနှီးမြှုပ်နှံရမည်မှာ လူငယ်ကဏ္ဍဖြစ်ပြီး လူငယ်ကဏ္ဍကို အခြေခံပညာကျောင်းများမှ စတင်ပျိုးထောင်လျက်ရှိသည်။

သို့ဖြစ်ရာ လူငယ်လူရွယ်များကို ငယ်စဉ်ကပင် စဉ်ဆက်မပြတ် ပညာသင်ကြား နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ခြင်း၊ အသိဉာဏ်ပညာနှင့် ပြည့်စုံစေရန် စာပေဖတ်ရှု သည့်အလေ့အထ ထူထောင်ပေးခြင်း၊ စာပေမှတစ်ဆင့် ဆွဲဆောင်စည်းရုံးခြင်း၊ လူငယ်များ စုဝေးဆွေးနွေးဆောင်ရွက်ခြင်း၊ လူငယ်အားကစားအမျိုးမျိုးတို့ကို ကဏ္ဍအလိုက် အားပေးမြှင့်တင်ဖြည့်ဆည်းပေးခြင်း၊ ဝါသနာပါရာလုပ်ငန်းစဉ်များ တိုးတက်အောင်မြင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးပေးခြင်း၊ နည်းပညာများကို အကျိုးရှိထိရောက်စွာ အသုံးချစေခြင်း၊ အများအကျိုးဆောင်ရွက်လိုစိတ်များ တိုးပွားလာစေရန် ဖန်တီးပေးခြင်း၊ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှုနှင့်ကိုက်ညီသည့် ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်စံနှုန်းများ တိုးပွားလာအောင် ဆောင်ကြဉ်းပေးခြင်း စသည်တို့ကို ပျိုးထောင်ပေးပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ပန်းတိုင်သို့ တက်လှမ်းနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

Photo Crd- NOSHAA

လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်ဆီသို့

မျက်မှောက်ကာလ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်သည် အသက် ၃၀ သို့မဟုတ် ၎င်းထက်ငယ်ရွယ်သူများဖြစ်ကြပြီး နောက်လာမည့် ငါးနှစ်ကာလ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၅၇ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်သည်ဟု မျှော်လင့်ထားကြသည်။ ကမ္ဘာကြီး၏ အနာဂတ်ကို ဖန်တီးကြမည့် လူငယ်တို့၏ အရေးအရာကိစ္စအဝဝတို့ကို ကမ္ဘာ့နိုင်ငံအသီးသီးတို့က အာရုံစိုက်လာကြစေရန် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို နှစ်စဉ်ဩဂုတ်လ ၁၂ ရက်တွင် ကျင်းပလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ရပ်ရွာအကျိုးပြုလုပ်ငန်းများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ လူငယ်များ ပိုမိုပူးပေါင်းပါဝင်လာစေရန်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို

မျက်မှောက်ကာလ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်သည် အသက် ၃၀ သို့မဟုတ် ၎င်းထက်ငယ်ရွယ်သူများဖြစ်ကြပြီး နောက်လာမည့် ငါးနှစ်ကာလ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၅၇ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်သည်ဟု မျှော်လင့်ထားကြသည်။ ကမ္ဘာကြီး၏ အနာဂတ်ကို ဖန်တီးကြမည့် လူငယ်တို့၏ အရေးအရာကိစ္စအဝဝတို့ကို ကမ္ဘာ့နိုင်ငံအသီးသီးတို့က အာရုံစိုက်လာကြစေရန် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို နှစ်စဉ်ဩဂုတ်လ ၁၂ ရက်တွင် ကျင်းပလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ရပ်ရွာအကျိုးပြုလုပ်ငန်းများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ လူငယ်များ ပိုမိုပူးပေါင်းပါဝင်လာစေရန်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို လူငယ်လူရွယ်များ ပိုမိုသိရှိပြီး ပါဝင်ဆင်နွှဲလာကြစေရန်နှင့် လူငယ်များ၏ လိုလားချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်များနှင့် နှစ်စဉ်ကျင်းပလျက်ရှိသည်။

ယခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ကုလသမဂ္ဂကချမှတ်ပေးထားသည့် ဆောင်ပုဒ်မှာ “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ဆီသို့ - Local Youth Actions For The SDGs And Beyond” ဟူ၍ ဖြစ်သည်။ ကုလသမဂ္ဂကချမှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုအစီအစဉ်ဖြစ်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustain-able Development Goals- SDGs) ၏ ၆၅ ရာခိုင်နှုန်းကျော်သည် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရပ်ရွာလူထုအဖွဲ့အစည်းများနှင့် အဓိကဆက်နွှယ်နေပြီး ယင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူငယ်အခန်းကဏ္ဍနှင့် လူငယ်တို့၏ စွမ်းပကားတို့မှာ အရေးကြီးသည်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ အစီအစဉ်သည် ၂၀၃၀ ပြည့်နှစ်တွင် ပြီးဆုံးမည်ဖြစ်ပြီး ယင်းအချိန်တွင် ကမ္ဘာ့လူဦးရေ၏ ၅၇ ရာခိုင်နှုန်းအထိ ရှိနေမည်ဖြစ်သော လူငယ်များက SDGs အလွန် အနာဂတ်ကာလတွင် ပို၍အရေးပါနေမည်ဖြစ်ရာ လူငယ်တို့၏ စွမ်းအားမြင့်မားနေစေရန် မြှင့်တင်ထားဖို့ လိုမည်ဖြစ်သည်။

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံစုစုပေါင်းလူဦးရေ၏ ၃၃ ရာခိုင်နှုန်းကျော်သည် လူငယ်များဖြစ်သည်။ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၃၅ နှစ်အထိ အရွယ်ကို လူငယ်အဖြစ်သတ်မှတ်ထားပြီး နိုင်ငံ၏ လူဦးရေအခြေအနေတွင် လူငယ်ထုအင်အားများပြားခြင်းက အလုပ်လုပ်နိုင်သည့်အရွယ် လုပ်သားအင်အားများပြားခြင်းဖြစ်သည်။ လုပ်သားအင်အားများပြားခြင်းသည် နိုင်ငံတည်ဆောက်ရေးအတွက် အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားခြင်းလည်း ဖြစ်သည်။

နိုင်ငံ၏အနာဂတ်စွမ်းအား လူငယ်များ စွမ်းရည်မြင့်မားနေမှသာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ ပြည့်မီစေရေးဆောင်ရွက်ရာတွင်လည်းကောင်း၊ အနာဂတ်လူ့ဘောင်ကို ဖန်တီးတည်ဆောက်ရာတွင်လည်းကောင်း အဖိုးတန်လူသားအရင်းအမြစ်များအဖြစ် အရေးပါသောကဏ္ဍမှ ပါဝင်နိုင်ကြမည်ဖြစ်သည်။ သို့ဖြစ်ရာ စည်းလုံးညီညွတ်သော၊ သာယာဝပြောသော၊ ဖွံ့ဖြိုးတိုးတက်သော အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်ကြမည့်လူငယ်များအား ကျန်းမာကြံ့ခိုင်ရေး၊ တွေးခေါ်မြော်မြင်နိုင်စွမ်းမြင့်မားရေး၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်ရေး၊ အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်တရားစံနှုန်းများမြင့်မားရေး လေ့ကျင့်ပြုစုပျိုးထောင်မှုများကို အလေးအနက်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

MOI

Photo- UNESCO

အမြင့်မားဆုံးအောင်ပွဲခံနိုင်ရေး ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ဆင်နွှဲရတော့မည့်ရက်မှာ နီးသည်ထက်နီးကပ်လာပြီဖြစ်သည်။ ပြိုင်ပွဲဝင်ကြမည့် အားကစားသမားတိုင်းက ပြိုင်ပွဲတိုင်းမှာ အကောင်းဆုံးယှဉ်ပြိုင်၍ ထိုက်ထိုက်တန်တန်အနိုင်ယူကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ကြရေးအတွက် ယခုအချိန်သည် ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြရမည့်အချိန်ဖြစ်သည်။

အားကစားသမားတစ်ဦးအဖို့ ဆုယူစင်မြင့်၏ အမြင့်ဆုံးနေရာတွင်ရပ်ကာ ရွှေတံဆိပ်ကို လက်ခံရယူပြီး မိမိတို့၏ နိုင်ငံတော်အလံကိုလည်း အမြင့်ဆုံးတွင် လွှင့်ထူခွင့်ရခြင်းက လွန်စွာကြီးမားလှသည့် ဂုဏ်ကျက်သရေပင်ဖြစ်သည်။ နိုင်ငံတကာပရိသတ် ဗိုလ်ပုံအလယ်တွင် ဝင့်ထည်တောက်ပနေမည့် ထိုအချိန်အခါသည် အောင်ပွဲရအားကစားသမားနှင့်အတူ မိခင်နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသား ပြည်သူတစ်ရပ်လုံး တစ်စိတ်တည်းတစ်ဝမ်းတည်း ဂုဏ်ယူကြရသည့် အချိန်အခါလည်းဖြစ်သည်။ သို့ဖြစ်ရာ ပြိုင်ပွဲဝင်သည့်အချိန်တွင် ခွန်အား၊ သက်လုံ၊ ကျွမ်းကျင်မှု၊ လျင်မြန်မှုနှင့် စိတ်ဓာတ်တို့ အမြင့်မားဆုံးအနေအထားတွင် ရောက်ရှိနေစေရေးအတွက် ပွဲမဝင်မီလေ့ကျင့်ချိန်ကာလအတွင်း အားနည်းချက်တို့ကို ပြင်ဆင်၊ လိုအပ်ချက်တို့ကို ဖြည့်ဆည်းကာ အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်သည်။

လာမည့်ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့်(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတော်တွင် အားကစားနည်း ၅၃ မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံက အားကစားနည်း ၄၀ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ အားကစားနည်း ၃၆ နည်း ထည့်သွင်းကျင်းပခဲ့ရာ မြန်မာနိုင်ငံက အားကစားနည်း ၁၉ နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေ ၂၁၊ ငွေ ၂၅ နှင့် ကြေး ၆၈ ခု ဆွတ်ခူးနိုင်ခဲ့သည်။ အားကစားသမား ၃၄၁ ဦး၊ အုပ်ချုပ်/နည်းပြ ၁၀၄ ဦးတို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ရာ ယှဉ်ပြိုင်သူအားကစားသမားအရေအတွက်နှင့် ဆုတံဆိပ်ရရှိမှု ၃၃ ဒသမ ၄၃ ရာခိုင်နှုန်းရရှိခဲ့ပြီး မိမိတို့နိုင်ငံ၏ နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း အမြင့်ဆုံး အောင်မြင်မှုအဖြစ် မှတ်တမ်းဝင်ထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးသည် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးအတွက် အကြိုပြင်ဆင်မှုတစ်ရပ်ပင်ဖြစ်ပြီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာခဲ့သည်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးတွင် အားကစားနည်း ၂၃ မျိုးအတွက် လူငယ်မျိုးဆက်သစ် အမျိုးသားအင်အား ၅၄၀ ကျော်၊ အမျိုးသမီးအင်အား ၃၀၀ ကျော် စုစုပေါင်းမျိုးဆက်သစ်အင်အား ၈၄၀ ကျော် ရွေးချယ်ရရှိခဲ့ပြီး စံချိန်တင်နိုင်သူများလည်း ပါဝင်ခဲ့သည်ဟု သိရသည်။ လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်  မြန်မာနိုင်ငံက ပြိုင်ပွဲဝင်မည့် ပြိုင်ပွဲ အမျိုးအစား ၄၀ သည် ပြိုင်ခဲ့ဖူးသမျှတွင် အများဆုံးဖြစ်သကဲ့သို့ ပြိုင်ပွဲဝင်မည့် အားကစားသမားနှင့် အုပ်ချုပ်/နည်းပြ အရေအတွက်မှာလည်း အများဆုံးဖြစ်လာမည်ဖြစ်ရာ နိုင်ငံအတွက်လည်း အမြင့်ဆုံးဆုတံဆိပ်များ အများဆုံးပြန်လည်သယ်ဆောင်လာမည်ဟု မျှော်လင့်မိသည်။ ထို့အပြင် အရှေ့တောင်အာရှနိုင်ငံများ ဆတံဆိပ်ရရှိမှ ဆုတံဆိပ်ရရှိမှု တန်းစီဇယားတွင်လည်း တန်းစီဇယားတွင်လည်း ထိပ်ပိုင်းတစ်နေရာသို့ တက်လှမ်းလာနိုင်မည်ဟု ယုံကြည်မိသည်။

မြန်မာနိုင်ငံ၏ အားကစားသမိုင်းကြောင်းတွင် မြင့်မားသည့် အောင်မြင်မှုများ ရှိထားခဲ့ရာ မျိုးဆက်သစ်တို့၏ခေတ်တွင်လည်း သမိုင်းသစ်ကို ရေးထိုးနိုင်ကြရန်လိုသည်။ မျက်မှောက်ကာလ ဆုကြေးစားအားကစားနှင့် E-sport တို့တွင် ကမ္ဘာ့အဆင့်အထိမြန်မာတို့ ထိုးဖောက်လာခဲ့ပြီဖြစ်ရာ ဇွဲ၊ သတ္တိ၊ အားမာန်အပြည့် ဖြင့် အောင်စိတ်ကို အမြင့်ဆုံးလွှင့်ထူ၍ အောင်ပွဲဆီ အရောက်လှမ်း ကြရပါမည့်အကြောင်း။ ။

စားတတ်မှ ကျန်းမာ

သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ - သတ္တဝါဟူသမျှတို့သည် အစာအာဟာရပေါ်၌သာလျှင် ထောက်ရာတည်ရာ ရှိကြကုန်၏ဟု ဗုဒ္ဓကျမ်းဂန်တို့၌ လာရှိသည်နှင့်အညီ အစာအာဟာရစုံလင်ပြည့်ဝကြမှသာ ခန္ဓာအစိတ်အပိုင်းများက ကျန်းမာကြံ့ခိုင်စွာ ရှင်သန်နိုင်ကြမည် ဖြစ်သည်။ သို့ဖြစ်ရာ စိတ်ရောကိုယ်ပါ ကျန်းမာရေးနှင့် ပြည့်စုံနိုင်ကြစေရန်အတွက် အာဟာရပြည့်ဝစွာစားသုံးနိုင်ကြရန်လိုသည်။ အာဟာရပြည့်ဝစေရန် မစားသောက်တတ်ခြင်းကြောင့် အာဟာရလွန်ကဲပြီး အဝလွန်ခြင်းဖြစ်စေနိုင်သလို အာဟာရချို့တဲ့ခြင်းလည်း ဖြစ်စေနိုင်သည်။

အာဟာရအတွက် မိမိတို့နေ့စဉ်စားနေသည့် အစားအစာများတွင် ကောက်နှံများ(ဆန်၊ဂျုံ၊ ပြောင်း)၊ သစ်ဥသစ်ဖုများ (အာလူး၊ ပိန်းဥ၊ ကန်စွန်းဥ)၊ အချိုစာများ (ပျားရည်၊ သကြား)တို့က ကစီဓာတ်ကို ရရှိစေနိုင်ပြီး ဆီအမျိုးမျိုး (သီးနှံဆီ၊ တိရစ္ဆာန်ဆီ)တို့က အဆီဓာတ်ကို ရရှိစေနိုင်သည်။ ကစီဓာတ်နှင့် အဆီဓာတ်တို့သည် အင်အားကိုဖြစ်စေသော အစာအုပ်စုတွင် ပါဝင်သည်။

အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ပင်လယ်စာများ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးတို့သည် အသားဓာတ်ကိုရရှိစေနိုင်ပြီး ခန္ဓာကိုယ်ကြီးထွားစေသော အစာအုပ်စုတွင် ပါဝင်သည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများသည် ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ်တို့ကို ရရှိစေပြီး အရည်အမျိုးမျိုး၊ အရည်ရွှမ်းသည့်အစာများက ရေဓာတ်ကို ရရှိစေနိုင်သည်၊၊ အဆိုပါ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နှင့် ရေဓာတ်တို့မှာ ရောဂါကာကွယ်စေသော အစာအုပ်စုတွင် ပါဝင်သည်။

အာဟာရဓာတ်ပြည့်ဝစေရန်အတွက် အထက်တွင်ဖော်ပြခဲ့သော အင်အားကိုဖြစ်စေသော အစာအုပ်စု၊ ခန္ဓာကိုယ်ကြီးထွားစေသော အစာအုပ်စုနှင့် ရောဂါကာကွယ်စေသော အစာအုပ်စုတို့မှ သုံးခုစလုံး ပါဝင်အောင် စားသောက်ကြရန်လိုသည်။ ပြောင်းလဲလာသည့် လူနေမှုပုံစံများအရ မြို့ပြဒေသများတွင် အသင့်ထုပ်ပိုးထားသော အစားအစာများ၊ အမြန်စားအစားအစာများ၊ အချိုလွန်ကဲသော အစားအစာများ ပိုမိုစားသုံးလာကြခြင်းကလည်း အာဟာရပြဿနာများကို ဖြစ်ပေါ်စေသည်။ အချိုစာများနှင့် အချိုရည်အမျိုးမျိုးတို့မှာ အာဟာရတန်ဖိုး အလွန်နည်းပါးစွာပါဝင်ပြီး ခန္ဓာကိုယ်အလေးချိန်ကို လျင်မြန်စွာ တက်လာစေကာ သွေးတွင်းအဆီကိုလည်း များလာစေသည်။

အစာအုပ်စု သုံးခုစလုံးပါဝင်အောင် နေ့စဉ်စားသောက်ကြရာတွင် မြန်မာတို့ စားသောက်ကြသည့် အစားအစာနှင့် ဓလေ့ထုံးစံအရ ပန်းကန်တစ်ဝက်တွင် ထမင်း၊ ကျန်သည့်ပန်းကန်တစ်ဝက်၏ သုံးပုံနှစ်ပုံတွင် ဟင်းသီးဟင်းရွက်နှင့် သုံးပုံတစ်ပုံတွင် အသား သို့မဟုတ် ငါး သို့မဟုတ် ဥတစ်မျိုးမျိုးဟင်းတို့စားသုံးရန် ကျန်းမာရေးပညာရှင်တို့က အကြံပြုထားသည်။ ထမင်းသည် အင်အားဖြစ်စေသော အစာအုပ်စုတွင်ပါဝင်ပြီး ဟင်းသီးဟင်းရွက်သည် ရောဂါကာကွယ်သော အုပ်စု၊ အသား၊ ငါး၊ ဥဟင်းတို့မှာ ခန္ဓာကိုယ်ကြီးထွားစေသောအုပ်စုတို့တွင်ပါဝင်သည်။ ထို့အပြင် အိုင်အိုဒင်းဆားကို သုံးစွဲခြင်း၊ ရေကိုလုံလောက်အောင်သောက်ခြင်း၊ အဆီ၊ အချို၊ အငန်တို့ကို မလွန်ကဲအောင် ဆင်ခြင်စားသုံးခြင်း၊ သန့်ရှင်းလတ်ဆတ်၍ အန္တရာယ်ကင်းသော သဘာဝအစားအစာများကို ရွေးချယ်စားသုံးခြင်းတို့ကို အလေးဂရုပြုဆောင်ရွက်ကြရမည်လည်းဖြစ်သည်။

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရပြည့်ဝသည့် အစားအစာကို ပို၍စားရန်၊ မွေးကင်းစမှ ကလေးအသက် (၆)လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးရန်၊ အသက်(၆)လမှစ၍ အာဟာရ ပြည့် ဖြည့်စွက်စာအမျိုးမျိုးကို အရွယ်အလိုက် စုံလင်စွာကျွေးပြီး ကလေး(၂)နှစ်အထိ မိခင်နို့တိုက်ကျွေးရန်၊ ကလေးများနှင့် ပျိုဖော်ဝင်အရွယ်များ အစွမ်းကုန်ကြီးထွားဖွံ့ဖြိုးစေရန်အတွက် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာပို၍ကျွေးရန်၊ သက်ကြီးဘိုးဘွားဘဝတွင် အာဟာရဓာတ်ကြွယ်ဝသည့် အစာများရွေးချယ်စားသုံးရန်တို့ကို လည်း အသိပညာပေးထားသည်။

မြန်မာနိုင်ငံသည် ရေမြေသဘာဝကောင်းမွန်ပြီး စားရေရိက္ခာထုတ်လုပ်သည့် နိုင်ငံဖြစ်သည့်အလျောက် နိုင်ငံသူနိုင်ငံသားတို့ စားသမျှ ထုတ်လုပ်ပေးနိုင်သည့် နိုင်ငံမျိုးဖြစ်သည်။ အစာအာဟာရ ပြည့်ဝအောင်စားသုံးကြရာတွင် ငွေကြေးတန်ဖိုးနည်းပါးသော်လည်း အာဟာရတန်ဖိုးကြီးမားသည့် အစားအစာများစွာလည်းရှိနေရာ အာဟာရပြည့်ဝစွာစားသောက်ခြင်းအားဖြင့် ကျန်းမာသက်ရှည် ကြပါစေကြောင်း။      ။

Photo- အစိမ်းရောင်လမ်း

အီလက်ထရောနစ်အားကစားနည်းဖြင့် ကမ္ဘာ့အလယ်ဝင့်ထည်နိုင်ငံ့ဂုဏ်ဆောင်

ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်မြို့တွင် ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၃ ရက် နေ့အထိ ကျင်းပခဲ့သည့် 2025 E-sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့သည့် မြန်မာနိုင်ငံမှ Yangon Galacticos အသင်းသည် ဩဂုတ်လ ၇ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ရာ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးသည့် အောင်ပွဲရအားကစားသမားများအား သောင်းသောင်းဖြဖြကြိုဆိုကြပြီး ဂုဏ်ပြုအခမ်းအနားပြုလုပ်ခဲ့ကြသည်ကို ဝမ်းမြောက်ဖွယ်တွေ့မြင်ကြရသည်။

မျက်မှောက်ကာလတွင် သတင်းအချက်အလက်နှင့်နည်းပညာမှာ နေ့စဉ်နှင့်အမျှ တိုးတက်မြင့်မားလျက်ရှိပြီး အသစ်အသစ်ပေါ်ထွက်လာသော နည်းပညာများကို ကမ္ဘာပေါ်ရှိလူငယ်လူရွယ်များအားလုံး နှစ်သက်ရာနည်းပညာများကို နေ့စဉ်အသုံးပြုလျက်ရှိသည်။ ဆန်းသစ်သော နည်းပညာအမျိုးမျိုးကို လူငယ်လူရွယ်များအနေဖြင့် အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အီလက်ထရောနစ်အားကစားနည်းကို ကမ္ဘာ့အားကစားကဏ္ဍတွင် အစောပိုင်းကာလများကတည်းက ထည့်သွင်းကျင်းပလာခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်မှစတင်၍ ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းရာမှ E-sports အားကစားနည်းသည် ထင်ရှားလာသည်။

မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်သည် ၂၀၁၉ ခုနှစ် ဆီးဂိမ်း အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အီလက်ထရောနစ်အားကစားသမားများကို လက်ရည်စစ်ရွေးချယ်ခဲ့ရာမှ လူငယ်လူရွယ်များကြားတွင် အီလက်ထရောနစ်အားကစားအပေါ် စိတ်ဝင်စားမှု မြင့်မားလာသည်။ ယခင်က အီလက်ထရောနစ်အားကစားနည်းသည် သရုပ်ပြအားကစားနည်းအဆင့်တွင်သာရှိရာမှ ၂၀၁၉ ခုနှစ် ဆီးဂိမ်းမှစတင်၍ ဆုတံဆိပ်ချီးမြှင့်သည့် ပြိုင်ပွဲအားကစားနည်းအဖြစ်ပါဝင်လာသည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်သည့် အီလက်ထရောနစ်အားကစားနည်း ခြောက်မျိုးအနက် မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံးနှင့် အားကစားသမားအင်အားအတောင့်တင်း ဆုံး DOTA 2, MLBB, VOA Game ကစားနည်းများဖြင့် စတင်ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်အနေဖြင့် E-sports အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် အီလက်ထရောနစ်အားကစားကို စိတ်ဝင်စားကြသည့် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လူငယ်လူရွယ်များ ပါဝင်ယှဉ်ပြိုင် နိုင်ရန် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်းတွင် လက်ရည်စစ်ပြိုင်ပွဲများကို လက်ခံကျင်းပပေးပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ဆုများချီးမြှင့်ပေးခဲ့သည်။ လူငယ်လူရွယ်များအနေဖြင့် မိမိတို့နှစ်သက်ရာ အီလက်ထရောနစ်နည်းအမျိုးမျိုးကို နေ့စဉ်အသုံးပြုလျက်ရှိရာတွင် အပျော်သက်သက် နေ့စဉ်အချိန်ကုန်အချည်းနှီးမဖြစ်စေဘဲ မိမိအတွက်၊ နိုင်ငံအတွက် အကျိုးရှိထိရောက်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ ယခုအခါနိုင်ငံအတွက် ဂုဏ်ယူစရာအကျိုးရလဒ်ကောင်းများကို ရရှိခဲ့ပြီဖြစ်သည်။

ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်မြို့တွင် ကျင်းပခဲ့သည့် 2025 E-sports World Cup ပြိုင်ပွဲသည် ကမ္ဘာ့အဆင့် ပြိုင်ပွဲကြီးတစ်ပွဲဖြစ်သည်။ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ပရော်ဖက်ရှင်နယ်အားကစားသမား ၅၀၀၀ ခန့်် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကြီးကျယ် ခမ်းနားသော ပြိုင်ပွဲကြီးဖြစ်သည်။ မြန်မာနိုင်ငံကိုယ်စားပြု အီလက်ထရောနစ် အားကစားအဖွဲ့အနေဖြင့် ကမ္ဘာ့အဆင့် E-sports ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ E-sports အမျိုးအစား ၂၅ မျိုးကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံကိုယ်စားပြုအသင်းသည် အိမ်ရှင်ဆော်ဒီအာရေဗျ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊ နီပေါ၊ ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ တူကီယဲ၊ အီဂျစ်၊ ဘရာဇီး စသည့်လက်ရွေးစင်နိုင်ငံ ၁၆ နိုင်ငံမှ ထိပ်သီး ၂၄ သင်းနှင့်ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာ့ချန်ပီယံဆုကို ထိုက်တန်စွာ ရရှိခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံကိုယ်စားပြု အီလက်ထရောနစ်အားကစားအသင်းသည် 2025 E-sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံများမှ ပရော်ဖက်ရှင်နယ် အားကစားသမားများကိုကျော်ဖြတ်၍ ပွဲစဉ်တိုင်း၌ အမှတ်အမြင့်ဆုံးဖြင့် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်ရာ မြန်မာနိုင်ငံမှ လူငယ်လူရွယ်များအတွက် အားတက်ဂုဏ်ယူစရာဖြစ်သလို ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့သဖြင့် နိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်ပါကြောင်း။ ။

မေတ္တာလွှမ်းခြုံ လူ့ဘုံခန်းဝါ

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာသည့်ဘဝကို လူတိုင်းအလိုရှိကြသည်။ လိုအင်ဆန္ဒတို့ တစ်လုံးတစ်ဝပြည့်စုံကြသည့်အခါ ဖြစ်တည်လာသည့်ဘဝတွင် ပျော်ရွှင်ကြသည်။ မေတ္တာသည် တစ်ပါးသူတို့၏အကျိုးကို လိုလားပြီး သတ္တဝါမှန်သမျှ ပျော်ရွှင်ချမ်းမြေ့စေလိုသည့်ဆန္ဒဖြစ်သည်။ တစ်ပါးသူတို့၏လိုအပ်ချက်ကို သိနားလည်သည့်အလျောက် ဖြည့်ဆည်းပေးလိုခြင်းနှင့် သတ္တဝါတိုင်းအပေါ် အညီအမျှ ဖြန့်ဝေနိုင်ခြင်းတို့မှာ မေတ္တာ၏သဘောများပင်ဖြစ်သည်။

မေတ္တာသည်ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်ရာ အဒေါသသည် မေတ္တာဖြစ်သည်။ သောဘဏစေတသိက်ထဲတွင်ပါသည့် အဒေါသစေတသိက်တရားသည် မေတ္တာပင်ဖြစ်သည်။ ဇနီးမောင်နှံ၊ မိဘနှင့် သားသမီး၊ ညီအစ်ကိုမောင်နှမတို့အကြားမှ ချစ်ခြင်းကို မေတ္တာနှင့် ရောထွေးတတ်ကြသော်လည်း စင်စစ်အားဖြင့် ၎င်းတို့မှာ တဏှာပေမကို အရင်းခံသည့်ချစ်ခြင်းတို့သာလျှင်ဖြစ်ကြသည်။ တဏှာပေမ မကင်းသည့်ချစ်ခြင်းတို့မှာ ပူပန်မှု၊ ပူလောင်မှုတို့ ရှိနေပြီး ဘာဝနာမှ လာသည့် ချစ်ခြင်းမှာမူ သန့်ရှင်းစင်ကြယ်၍ အေးချမ်းသည်။ တဏှာ ပေမသည် တစ်ပါးသူတို့အပေါ် မူတည်နေသကဲ့သို့ မှီခိုမှု၊ တွယ်တာမှုများရှိသလို မိမိကိုလည်း တစ်ပြန်တစ်လှည့်တုံ့ပြန်မှုကို အလိုရှိသည်။ မိမိမျှော်လင့်ထားသည့် တုံ့ပြန်မှုကို မရသည့်အခါ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း၊ ဒေါသထွက်ခြင်းတို့ ခံစားကြရသည်။ မေတ္တာတရားကမူ ဘာကိုမှ မျှော်လင့်ခြင်းမရှိ။ အားလုံးအပေါ် သိနားလည်ပြီး အညီအမျှ ဖြန့်ဝေနိုင်ခြင်းကြောင့် မည်သူ့အပေါ်တွင်မှ မမှီခို။ မေတ္တာထားခြင်းသည်သာ မိမိ၏ တရားဖြစ်ပြီး မည်သို့တုံ့ပြန်သည်ဆိုသည်မှာ သူ့တရားသာဟု သဘောထားနိုင်ကြသည်။

ဗုဒ္ဓဘာသာတွင် သတ္တဝါအားလုံးတို့အပေါ် မေတ္တာထားခြင်းမှာ အလေ့အကျင့်တစ်ရပ်ပင်ဖြစ်ပြီး လူတိုင်းလေ့ကျင့်၍ရသည်။ မိမိကိုယ်ကိုယ်ဖြည့်ကျင့်ခြင်းနှင့် သူတစ်ပါးတို့အပေါ် မေတ္တာထားရှိခြင်း အလေ့အကျင့်များ မိမိနှင့်တစ်သားတည်းဖြစ်လာသည့်အခါ လက်တွေ့အကျိုးတရားများလည်း အလိုအလျောက်ဖြစ်ပေါ်လာမည်ဖြစ်သည်။ မေတ္တာဘာဝနာကျင့်ကြံမည့်သူသည် မိမိကိုယ်ကိုယ်ဖြည့်ကျင့်ရန် (၁၅)ချက်ကို ခေတ်စကားနှင့်ဆိုရလျှင် ကောင်းမှုပြုနိုင်စွမ်းသူဖြစ်ရန်၊ ပြုမူပြောဆိုမှု ရိုးသားဖြောင့်မတ်ရန်၊ စိတ်ဓာတ်အားဖြင့်လည်း ရိုးသားဖြောင့်မတ်ရန်၊ ကောင်းသောအကြံပေးဆုံးမမှုတို့ကို နာခံ လွယ်သူဖြစ်ရန်၊ ယဉ်ကျေးသိမ်မွေ့ရန်၊ ရှိတာနှင့်ကျေနပ်ပြီး ဇီဇာမကြောင်ရန်၊ သူများ၏ ကူညီစောင့်ရှောက်မှုအပေါ် ကျေနပ်နှစ်သက်နိုင်ရန်၊ မလိုအပ်သည့်အပိုကိစ္စများ တတ်နိုင်သမျှ မလုပ်ရန်၊ ဟိတ်ကြီး ဟန်ကြီးမလုပ်ရန်၊ ဣန္ဒြေသိက္ခာရှိရန်၊ ရင့်ကျက်သောပညာနှင့် ပြည့်စုံရန်၊ ကြမ်းတမ်းခက်ထန်သူမဖြစ်စေရန်၊ ပုဂ္ဂိုလ်စွဲ၍ ဘက်လိုက်သူ မဖြစ်ရန်၊ မကောင်းမှုဟူသမျှ အသေးအဖွဲ့ပင်ဖြစ်စေကာမူ မပြုလုပ်ရန်ဟူ၍ဖြစ်သည်။ ဆိုခဲ့ပါအချက်တို့နှင့် ပြည့်စုံသူတစ်ယောက်သည် မည်သို့သော လူ့အသိုင်းအဝိုင်း၊ မည်သည့်ပတ်ဝန်းကျင်၌မဆို အများ၏အလေးဂရုပြုခြင်းကို အသေအချာရရှိနိုင်မည်မှာ ဧကန် မလွဲပင်ဖြစ်သည်။

မိမိကိုယ်မိမိ ဖြည့်ကျင့်ပြီးသည့်အခါ သတ္တဝါအားလုံး ချမ်းသာသုခပြည့်ဝကြပါစေ၊၊ ဘေးရန်ကင်းကြပါစေ၊၊ စိတ်ချမ်းသာမှုနှင့် ပြည့်စုံကြပါစေ၊၊ တစ်ယောက်နှင့်တစ်ယောက် အငြိုးအတေးထားခြင်း ကင်းပါစေ၊၊ တစ်ယောက်ကတစ်ယောက်ကို နှိမ့်ချအထင်သေး စော်ကားခြင်း၊ မုန်းတီးခြင်းတို့ ကင်းပါစေ၊ တစ်ဦးဆင်းရဲဒုက္ခရောက်မည်ကို တစ်ဦးကမလိုလားပါစေနှင့်၊ တစ်ဦးတည်းသော သားကို မွေးထားသည့် မိခင်သည် ထိုသားကို အသက်တမျှ စောင့်ရှောက်ချစ်ခင်သကဲ့သို့ သတ္တဝါအားလုံးတို့အပေါ် မေတ္တာထားနိုင်ပါစေ။ အရပ်မျက်နှာအားလုံးရှိ သတ္တဝါအားလုံး ချမ်းသာပါစေ၊ ဘေးကင်းပါစေ၊၊ ကျဉ်းမြောင်းခွဲခြားသည့်စိတ်ဓာတ်မျိုးမရှိဘဲ တစ်ပြေးညီ မေတ္တာပွားနိုင်ပါစေ၊၊ မေတ္တာဘာဝနာပွားသူသည် ဘေးရန်မရှိ။ အိပ်ချိန်မှတစ်ပါး အချိန်တိုင်းတွင် မေတ္တာပွားပြီး သတိဖြင့် ဆောက်တည်နေထိုင်ခြင်းသည် မြတ်သောနေခြင်းဖြစ်သည်ဟူ၍ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ရဟန်းတို့အား သင်ကြားပေးခဲ့သည့် မေတ္တသုတ်တွင် ပါရှိသည်။

ယနေ့ ဝါခေါင်လပြည့်သည် မေတ္တာအခါတော်နေ့ဖြစ်ရာ လူတိုင်း မေတ္တာဘာဝနာပွားများကာ ဗြဟ္မဝိဟာရအကျင့်မြတ်ကို ဆောက်တည်နေထိုင်ကြခြင်းဖြင့် မိမိနှင့်တကွ မိမိနေထိုင်ရာ ပတ်ဝန်းကျင်တစ်ခုလုံး မေတ္တာဓာတ်လွှမ်းခြုံ၍ အေးချမ်းသာယာပါစေကြောင်း။ ။

သုတေသနလုပ်ငန်းများ အားကောင်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ဖော်ဆောင်

ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအားလုံးတို့သည် သုတေသနလုပ်ငန်းများကို အလေးထားရင်းနှီးမြှုပ်နှံ ထူထောင်ထားကြသည်။ နိုင်ငံအတွင်းရှိ လုပ်ငန်းနယ်ပယ်အသီးသီးတို့တွင် သုတေသနလုပ်ငန်းကဏ္ဍကို တွဲဖက်ထူထောင်ထားကြပြီး မိမိတို့လုပ်ငန်းအတွက် သုတေသနတွေ့ရှိချက်များကို အစဉ်ဖော်ထုတ်ပြီး လုပ်ငန်းအနာဂတ်မြင့်မားတိုးတက်လာအောင် မြှင့်တင်ဖော်ဆောင်လျက်ရှိရာ ခေတ်နှင့်လျော်ညီစွာ တိုးတက်အောင်မြင်ဖြစ်ထွန်းမှုများ စဉ်ဆက်မပြတ်ရရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

သုတေသနလုပ်ငန်းဆောင်ရွက်မှု၏ တိုးတက်ဖြစ်ထွန်းမှုအကျိုးရလဒ်များကို သိရှိနားလည်ထားကြသဖြင့် နိုင်ငံတိုင်းက အလေးထားလုပ်ဆောင်လျက်ရှိရာတွင် မြန်မာနိုင်ငံအနေဖြင့်လည်း ရှေးအစဉ်အဆက်ခေတ်ကာလများကတည်းက သုတေသနလုပ်ငန်းများကို အသီးသီးဖော်ဆောင်ခဲ့ကြသော်လည်း ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအပိုင်း အားနည်းမှုအမျိုးမျိုးရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အင်စတီကျူးရှင်းအားကောင်းသည့် သုတေသနဗဟိုဌာနများရှိခဲ့သည်။ လွန်ခဲ့သည့်အစိုးရလက်ထက်ကာလများက အမျိုးသားအဆင့် သုတေသနမူဝါဒချမှတ်နိုင်ရန် အစပျိုးခဲ့သည်။

သို့သော် အကြောင်းအမျိုးမျိုးဖြင့် အကောင်အထည်ပေါ်မလာခဲ့ပေ။ သုတေသနလုပ်ငန်း အားမကောင်းသည့်အချက်များတွင် ဌာနအဆင့်လျှောကျခြင်း၊ လူသားအရင်းအမြစ်နှင့် ဘတ်ဂျက်အကန့်အသတ်ရှိခြင်း၊ အခွင့်အလမ်းနည်းပါးခြင်း စသည့်အကြောင်းအချက်များပါဝင်သဖြင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းတင်နိုင်သည့် အင်အားတစ်ရပ်လိုအပ်ခဲ့သည်။ သုတေသနလုပ်ငန်းများတွင် ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့် နည်းပညာကဏ္ဍများသည် အလွန်အရေးပါသည့်ကဏ္ဍများဖြစ်သလို စီးပွားရေးကဏ္ဍများတွင်သာမက စာပေ၊ ယဉ်ကျေးမှု၊ လူမှုရေးကဏ္ဍများတွင်လည်း အရေးကြီးပါသည်။ နယ်ပယ်ကဏ္ဍစုံအတွက် သုတေသနလုပ်ငန်းများကို အခြေပြုဆောင်ရွက်ရာ၌ ပညာရေးကဏ္ဍသည် အလွန် အရေးပါသည့် ဗဟိုချက်ဖြစ်သည်ကို တွေ့မြင်နိုင်သည်။

ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ သုတေသနလုပ်ငန်းများအပေါ် တန်ဖိုးထားမှု၊ အားပေးမြှင့်တင်ဆောင်ရွက်မှုတို့ကြောင့် အထူးသဖြင့် ပညာရေးကဏ္ဍနှင့် စီးပွားရေးကဏ္ဍတို့တွင် သုတေသနကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ အာဆီယံနိုင်ငံများတွင် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် သုတေသနကဏ္ဍကို ဦးစားပေးဆောင်ရွက်ခဲ့သောကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကတွန်းအားတစ်ရပ်ရရှိလာသည်ကို တွေ့မြင်ရသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချမှုကဏ္ဍစုံအတွက် နိုင်ငံတကာအကူအညီနှင့် နိုင်ငံအထူးပြု ပရောဂျက်များအပြင် သီးသန့်စီမံချက်များဖြင့် အကောင်အထည်ဖော်ခဲ့ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် အထောက်အပံ့ကောင်းဖြစ်လာခဲ့သည်။

အလားတူ ထိုင်းနိုင်ငံအနေဖြင့်လည်း ဗီယက်နမ်နိုင်ငံကဲ့သို့ အဆိုပါကဏ္ဍများတွင် အားကောင်းလာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထိုသို့ပြုလုပ်ရာတွင် နည်းပညာသုတေသန၊ ဈေးကွက်သုတေသနနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်မှုသုတေသနလုပ်ငန်းများစွာတို့ကို ဦးစားပေးအကောင်အထည်ဖော်ခဲ့သည်။ သုတေသနအဖွဲ့အစည်းများ အားကောင်းမှုတွင် သုတေသနမူဝါဒ ခိုင်မာအားကောင်းမှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု၊ တက္ကသိုလ်သုတေသနများ ပါဝင်ဆောင်ရွက်မှု၊ သုတေသနပညာရှင်များ စုစည်းလေ့ကျင့်ပျိုးထောင်နိုင်မှု၊ ကဏ္ဍအလိုက်၊ ဒေသအလိုက် အမျိုးသားမူဝါဒများ ချမှတ်အကောင်အထည်ဖော်နိုင်မှုများကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံအနေဖြင့် သုတေသနလုပ်ငန်းများကို ဦးစားပေးအကောင်အထည် ဖော်လျက်ရှိသော်လည်း စီးပွားရေးကဏ္ဍတွင် နည်းပညာသုတေသန၊ ဈေးကွက်သုတေသနနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်မှု သုတေသနလုပ်ငန်းများတွင် အားနည်းမှုများရှိနေသောကြောင့် စီးပွားရေးဘက်တွင် အဆိုပါနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နောက်ကျန်နေမှုများရှိနေသည်ဟု သုံးသပ်ရှုမြင်ရသည်။ ထို့ကြောင့် ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် နယ်ပယ်စုံ ကဏ္ဍစုံ၌ သုတေသနလုပ်ငန်းများ အားကောင်းလာသည်ကို အခိုင်အမာတွေ့ရှိထားသည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့်လည်း လိုအပ်ချက်များ မပြည့်စုံခြင်းကြောင့် သုတေသနလုပ်ငန်းများမလုပ်နိုင်၊ သုတေသနလုပ်ငန်းများ မလုပ်နိုင်သောကြောင့် နိုင်ငံတိုးတက်မှု နှေးကွေးခြင်းမဖြစ်အောင် နယ်ပယ်စုံ ကဏ္ဍစုံ အထူးသဖြင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် သုတေသနလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများ နိုင်ငံ၊ လူမျိုးဂုဏ်နှင့် မျိုးချစ်စိတ်မြင့်မား

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာကြီးမားသော နိုင်ငံဖြစ်သည်။ နှစ်ပေါင်းရာထောင်ချီ ရှည်လျားရပ်တည်ဖြစ်ထွန်းလာခဲ့သည့် သမိုင်းဝင်သာသနိက ရှေးဟောင်းအမွေအနှစ်များနှင့် သမိုင်းဝင်အဆောက်အအုံများကို မူလအခြေအနေမပျက် ဆက်လက်ထိန်းသိမ်းမြှင့်တင်ထားခြင်းသည် နိုင်ငံတော်နှင့် လူမျိုး၏ ဂုဏ်ဒြပ်များ မြင့်မားတိုးတက်စေသည့်အပြင် နိုင်ငံသူနိုင်ငံသားများ၊ မျိုးဆက်သစ်များအား နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်မြင့်မားတိုးတက်စေသည်။

နိုင်ငံတော်အနေဖြင့် ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များကို အစဉ်အဆက်ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတစ်ဝန်း၌ ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံများ အမြောက်အမြား တည်ရှိလျက်ရှိသည်။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဩဂုတ်လ ၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)၊ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) နှင့် ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တို့သို့ သွားရောက်၍ ခင်းကျင်းပြသထားမှုနှင့် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သော နေအိမ်သမိုင်းပြတိုက်သည် ဗိုလ်ချုပ်အောင်ဆန်း၏ တစ်မူထူးခြားသည့်ဘဝဖြစ်စဉ်များနှင့် ရပ်တည်ရှင်သန်လှုပ်ရှားခဲ့သည့် သမိုင်းမှတ်တမ်းများကို မျက်မှောက်ကာလပြည်သူများနှင့် နောင်လာနောက်သားအဆက်ဆက်တို့ သတိတရအမှတ်ရနေစေခြင်းသာမက လေးစားဂုဏ်ယူထိုက်သည့် သမိုင်းအထောက်အထားများကို လေ့လာကြည့်ရှုအတုယူအားကျစေနိုင်သည့် အကျိုးများ ရရှိစေနိုင်သည်။ အဆိုပါသမိုင်းအမွေအနှစ်များကို မပျောက်မပျက်မူလအခြေအနေမပျက် ထိန်းသိမ်းစောင့်ရှောက်ထားခြင်းသည် မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာများဖြစ်သည်။ အထူးသဖြင့် နေအိမ်ခြံဝင်းအတွင်း မအားလပ်သည့်ကြားမှ သီးပင်စားပင်များ စိုက်ပျိုးထားသည်မှာ အတုယူအားကျဖွယ်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် (ရန်ကုန်) သည် ၁၉၂၁ ခုနှစ်တွင် တည်ဆောက်ထားသော အဆောက်အအုံဖြစ်ပြီး အနောက်တိုင်းဗိသုကာလက်ရာများ ရောနှောတည်ဆောက်ထားသော သမိုင်းဝင်အဆောက်အအုံဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် မိသားစုနှင့်အတူ အဆိုပါနေအိမ်၌ ၁၉၄၅ ခုနှစ် မေလမှ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့သည်။ အချိန်တိုကာလအတွင်း အမျိုးသားခေါင်းဆောင်ကြီး၏ သမိုင်းမှတ်တမ်းများမှာ မမေ့နိုင်စရာဖြစ်၍ လာရောက်လေ့လာကြသည့် ပြည်သူများ၏ မှတ်တမ်းများကို စနစ်တကျစာရင်းသွင်းထားရန်လိုပြီး ထူးခြားသည့် ကိန်းဂဏန်းများဖြစ်သည့် ရာပြည့်၊ ထောင်ပြည့် လာရောက်သူများအတွက် သင့်လျော်သည့် လက်ဆောင်ပစ္စည်းများ ပေးအပ်သွားရန် လမ်းညွှန်ထားသည်။

ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) သည် ကိုလိုနီခေတ်အုပ်ချုပ်ရေးယန္တရားလည်ပတ်ရာ အဆောက်အအုံကြီးတစ်ခုဖြစ်ခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးမရရှိမီ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် မြန်မာနိုင်ငံအစိုးရအဖွဲ့ ရုံးစိုက်ခဲ့ပြီး အကြမ်းဖက်သမားများ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များကျဆုံးခဲ့သော ရုံးခန်းကို မူလအနေအထားမပျက်ထိန်းသိမ်းထားရှိသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ခေတ်အဆက်ဆက်အစိုးရအဖွဲ့များသည် အဆိုပါဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အအုံတွင် ရုံးထိုင်လုပ်ကိုင်ခဲ့ပြီး တိုင်းကျိုးပြည်ပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် သမိုင်းဝင်ရှေးဟောင်းအဆောက်အအုံကြီးဖြစ်သည်။

အလားတူ ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အဆောက်အအုံသည် ကိုလိုနီလက်ထက်မှစ၍ လွတ်လပ်ရေးရရှိပြီး အစိုးရအဆက်ဆက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်အထိ တရားရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ခဲ့သော သမိုင်းဝင်အဆောက်အအုံဖြစ်သည်။ အဆိုပါအဆောက်အအုံများသည် ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများဖြစ်၍ ရေရှည်တည်တံ့ခိုင်မြဲနေစေရေး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို မူလလက်ရာများအတိုင်း စဉ်ဆက်မပြတ် ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် ရှေးမီနောက်မီပညာရှင်များနှင့် စနစ်တကျသုတေသနပြုဆောင်ရွက်သွားကြခြင်းဖြင့် နိုင်ငံတော်နှင့် လူမျိုးအတွက် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် စသည့်သမိုင်းမှတ်တမ်းအကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း။ ။

အကြမ်းဖက်နှင့် အဖျက်ကင်းစင် အေးချမ်းပျော်ရွှင် ပညာသင်

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်း ဩဂုတ်လ ၃ ရက်နေ့အထိ အခြေခံပညာကျောင်းပေါင်း ၂၂ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၄၄၇ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက် ရှိသည့်သတင်းမှာ လွန်စွာမင်္ဂလာရှိသည့်သတင်းပင်ဖြစ်သည်။ နောင်ချိုတွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများကို တစ်နှစ်နီးပါး ပိတ်ထားခဲ့ရခြင်းက ဒေသခံ တိုင်းရင်းသားပြည်သူများ၏ ရင်သွေးငယ်များ ပညာသင်ယူမှုအခွင့်အရေးကို ထိခိုက်နစ်နာစေသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်မှစ၍ ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားပေးနေပြီး ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆ

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်း ဩဂုတ်လ ၃ ရက်နေ့အထိ အခြေခံပညာကျောင်းပေါင်း ၂၂ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၄၄၇ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက် ရှိသည့်သတင်းမှာ လွန်စွာမင်္ဂလာရှိသည့်သတင်းပင်ဖြစ်သည်။ နောင်ချိုတွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများကို တစ်နှစ်နီးပါး ပိတ်ထားခဲ့ရခြင်းက ဒေသခံ တိုင်းရင်းသားပြည်သူများ၏ ရင်သွေးငယ်များ ပညာသင်ယူမှုအခွင့်အရေးကို ထိခိုက်နစ်နာစေသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်မှစ၍ ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားပေးနေပြီး ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူဦးရေ ဆက်လက်တိုးတက်လာနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် သူပုန်သူကန်ပေါင်းစုံတို့ ထကြွသောင်းကျန်းခဲ့ကြသည့် ခေတ်အခါက ပညာရေးဝန်ထမ်းဆရာ ဆရာမများကို တောတွင်းကွန်မြူနစ်သောင်းကျန်းသူများက လိုက်လံရှာဖွေသတ်ဖြတ်ခဲ့ကြသည့်နည်းတူ မျက်မှောက်ကာလတွင်လည်း ဒီမိုကရေစီဟူ၍ အမည်ခံထားကြသူ အကြမ်းဖက်သမားများက ကွန်မြူနစ်တို့၏ခြေရာကိုနင်းကာ ဆရာ ဆရာမများကို သတ်ဖြတ်ခဲ့ကြခြင်းကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းတွင် ဆရာ ဆရာမ သေဆုံးမှုပေါင်း ၈၀ ကျော်ခဲ့ပြီဖြစ်သည်။ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းမတက်ရေး၊ စာသင်ကျောင်းများ မဖွင့်လှစ်ရေးနှင့် ဆရာ ဆရာမများ စာမသင်ရေးတို့ကို မူဝါဒအဖြစ်ကိုင်စွဲထားသည့် NUG အမည်ခံအကြမ်း ဖက်အဖွဲ့အစည်းသည်လည်းကောင်း၊ မိမိကိုယ်တိုင်က ပါမောက္ခချုပ်ကြီးဖြစ်ခဲ့ပြီး ကျောင်းသူ ကျောင်းသား ကလေးငယ်များ ကျောင်းသွားပါက ဖောက်ခွဲတိုက်ခိုက်မှု၊ အဆိပ်ခတ်လုပ်ကြံမှုများ နှင့်တွေ့ကြုံရမည်ဟု သွယ်ဝိုက်ခြိမ်းခြောက်ခဲ့သော NUG အမည်ခံဝန်ကြီးဆိုသူတို့သည်လည်းကောင်း စာသင်ကျောင်းများပိတ်ထား ရမှု၊ ဆရာ ဆရာမများ သေဆုံးမှုတို့အတွက်တာဝန်ရှိသည်။

မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့်နိုင်ငံဖြစ်ရာ နိုင်ငံသူနိုင်ငံသားတို့ ပညာတတ်ရန်လိုသည်။ ဉာဏ်ပညာအတွေးအခေါ် မြင့်မားရန်လိုသည်။ နိုင်ငံသားများ ပညာရေးနိမ့်ကျခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ပုဂ္ဂိုလ်စွဲ/ပါတီစွဲကြီးခြင်းတို့သည် ဒီမိုကရေစီစနစ်အတွက် အန္တရာယ်များဖြစ်သည်။ ထို့အပြင်ကမ္ဘာပေါ်တွင် စစ်မက်ထူပြော၍ သူပုန်သူကန်ပေါသောနိုင်ငံများသည် စာမတတ်သူ၊ ပညာရေးနိမ့်ကျသူများသည့် နိုင်ငံများဖြစ်ရာ မိမိတို့နိုင်ငံတွင် ဤအဖြစ်မျိုးသို့ မရောက်စေရန် နိုင်ငံသားတို့ ပညာရေးမနိမ့်ကျစေဖို့ လွန်စွာအရေးကြီးသည်။ သို့ဖြစ်ရာ နောင်ချိုမြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူတို့ ကင်းစင် သွားသည်နှင့်အမျှ ပညာရေး၊ ကျန်းမာရေးအခွင့်အလမ်းများ ပြန်လည်ပွင့်လန်းလာခြင်းဖြစ်ရာ လက်နက်ကိုင်အကြမ်းဖက်သမားများ ဝင်ထွက်သွားလာခြိမ်းခြောက်နေကြခြင်းကြောင့် ကျောင်းများမဖွင့်နိုင်သည့် ဒေသများတွင်လည်း နောင်ချိုကဲ့သို့ပင် လက်နက်ကိုင်အကြမ်းဖက်များကင်းစင်ပါမှ ပညာရေးအခွင့်အလမ်းတို့ ပြန်လည်ရရှိနိုင်ကြမည်ဖြစ်သည်။

ကျောင်းနေအရွယ်သို့ ရောက်ကြသည်နှင့် ကျောင်းတက်၍ ပညာသင်ကြရခြင်းသည် ကလေးတို့၏ ဘဝရှေ့ရေးအတွက် အသိပညာ၊ အတတ်ပညာ ဖြည့်ဆည်းကြရခြင်းဖြစ်သည်။ ပညာရေးနိမ့်ကျလျှင် ကာယကံရှင်ကိုယ်တိုင်နှင့် မိသားစုအတွက်၊ ဒေသအတွက်၊ တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုး မပြုနိုင်။ ကျောင်းနေရမည့်အရွယ်မလွန်မီ ကလေးများ ပညာသင်ယူမှုအပေါ် ခြိမ်းခြောက်နှောင့်ယှက်ခြင်း၊ နည်းမျိုးစုံဖြင့် ဟန့်တားခြင်းတို့က ကလေးများ၏ ဘဝရှေ့ခရီးကို ဖျက်ဆီးခြင်းဖြစ်သလို အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ခြင်းလည်း ဖြစ်သည်။

အကြမ်းဖက်အဖျက်လုပ်ရပ်များကြောင့် ကလေးများ ပညာသင်ယူမှုအခွင့်အရေးများ ဆုံးရှုံးနေကြရမှုများ ပြန်လည်ရရှိရေး၊ နိုင်ငံတစ်ဝန်း စာသင်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်ကာ ကျောင်းနေအရွယ်ကလေးတိုင်း အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားများကင်းစင်ရေးတွင် လူတိုင်းပါဝင်ကြရပါမည့်အကြောင်း။ ။