ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် မိသားစုဝင် ၃ ဦးကို PDF အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်

News Image

ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် မိသားစုဝင် ၃ ဦးကို PDF အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ တမာကန် ကျေးရွာတွင် ဒီဇင်ဘာလ ၂၂ ရက် ည ၉နာရီအချိန်က အုပ်ချုပ်ရေးမှူး၊ ၎င်း၏ဇနီးဖြစ်သူနှင့် အသက် ၁၈ နှစ်အရွယ်ရှိ သားဖြစ်သူတို့ကို PDF အကြမ်းဖက်သမား ၁၀ ဦးက နေအိမ်အတွင်းဝင်ရောက်ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ကိုးကား-Myanmar National Post

ဆီးရီးယားအစိုးရသစ်က နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ ခန့်အပ်

News Image

ဆီးရီးယားအစိုးရသစ်က နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ ခန့်အပ်

ဆီးရီးယားအုပ်ချုပ်သူများက သမ္မတ Bashar al-Assad အစိုးရကို ဖြုတ်ချခဲ့သည့်အုပ်စုနှင့်ဆက်စပ်နေသောသူများကို နိုင်ငံခြားရေးနှင့်ကာကွယ်ရေးဝန်ကြီးများအဖြစ် ခန့်အပ်လိုက်ပါသည်။

Hayat Tahrir al-Sham (HTS) သူပုန်အဖွဲ့ ခေါင်းဆောင် Abu Mohammed al-Jolani သည် ယာယီအစိုးရ၏ ဝန်ကြီးအဖွဲ့သစ် ဖွဲ့စည်းရန် အစပျိုးလုပ်ဆောင်နေကြောင်း ယူဆရပါသည်။

ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်မရှိဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူက ပြောကြား

News Image

ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်မရှိဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူက ပြောကြား

ယူကရိန်းနှင့် ရုရှားစစ်ပွဲအဆုံးသတ်နိုင်ရေးအတွက် ငြိမ်းချမ်းရေးသဘောတူညီချက်ကိုရှာဖွေရန် ဆွေးနွေးမှု များ မြင့်တက်နေချိန်တွင် အမေရိကန် ရွေးကောက်ခံ သမ္မတနှင့် ဗလာဒီမာပူတင် တွေ့ဆုံရန် အစီအစဉ် မရှိသေးကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောပါသည်။

ယူကရိန်းက ရုရှားနိုင်ငံအတွင်းပိုင်းရှိ ကာဇန်မြို့ကို ဒရုန်းများဖြင့်တိုက်ခိုက်

News Image

ယူကရိန်းက ရုရှားနိုင်ငံအတွင်းပိုင်းရှိ ကာဇန်မြို့ကို ဒရုန်းများဖြင့်တိုက်ခိုက်

ယူကရိန်းစစ်တပ်က ကာမီကာဇေးဒရုန်းသုံးစင်းဖြင့် ရုရှားနိုင်ငံ အတွင်းပိုင်း ကာဇန်မြို့ရှိ အထပ်မြင့် လူနေ အဆောက်အဦများကို ပစ်ခတ်ခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ တိုက်ခိုက်မှုဖြစ်ပွားချိန်နှင့် ၎င်း၏နောက်ဆက်တွဲဖြစ်ရပ်ကို ဖော်ပြသည့် မျက်မြင် သက်သေများ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များကို သတင်းဌာနအချို့က ထုတ်ပြန်ထားသည်ကို တွေ့ရှိ ရသည်။