ဂျာမနီနိုင်ငံ၊ ခရစ်စမတ်ဈေးပွဲတော်ရှိ လူအုပ်ကြီးကို ကားဖြင့် ဝင်တိုက်ရာ လူ ၅ ဦး သေဆုံးပြီး လူ ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိ
News Image

ဒီဇင်ဘာ ၂၀ ရက်နေ့ညနေပိုင်းက ဂျာမနီနိုင်ငံ အရှေ့ဘက်၊ Magdeburg မြို့၏ ခရစ်စမတ်ဈေးပွဲတော်ရှိ လူအုပ်ကြီးကို ကားဖြင့်ဝင်ရောက် တိုက်ခိုက်မှု ဖြစ်စဥ်ကြောင့် လူ ၅ ဦးသေဆုံး၍ လူပေါင်း ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအနက် ဒီဇင်ဘာ ၂၁ ရက်နေ့အထိ လူ ၄၀ ခန့်မှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိနေကြောင်း သိရှိရပါသည်။