အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ Jerome Powell အား အစားထိုးမည်မဟုတ်ကြောင်း Trump ဆို
News Image

၂၀၂၆ ခုနှစ်တွင် ပထမသက်တမ်းကုန်ဆုံးမည့် Jerome Powell ကို အစားထိုးမည်မဟုတ်ကြောင်း Trump က အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့ပါသည်။ Trump ၏ ပထမအကြိမ်သမ္မတသက်တမ်းတွင် အတိုးနှုန်းမူဝါဒ သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ Trump နှင့် Powell တို့အကြား အငြင်းပွားမှုများ ရှိခဲ့သည်။ ထို့အပြင် Trump သည် Powell ၏ အတိုးနှုန်းမြှင့်တင်မှုများကို မကျေနပ်သောကြောင့် ၂၀၁၈ ခုနှစ်တွင် ၎င်းအား ရာထူးမှထုတ်ပယ်ရန် တိတ်တဆိတ်ကြိုးပမ်းခဲ့ဖူးသည်။