ဆီးရီးယားသမ္မတဟောင်း Assad သည် ၎င်း၏ မိသားစု နှင့်အတူမော်စကိုသို့ရောက်ရှိ

News Image

ဆီးရီးယားသမ္မတဟောင်း Assad သည် ၎င်း၏ မိသားစု နှင့်အတူမော်စကိုသို့ရောက်ရှိ

ဆီးရီးယားသမ္မတဟောင်း Assad သည် ၎င်း၏မိသားစု နှင့်အတူ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း ကရင်မလင် သတင်းရင်းမြစ်များကို ကိုးကား၍ TASS သတင်းဌာန ကဖော်ပြထားသည်။

အာဆတ်သည် ၎င်း၏မိသားစုဝင်များနှင့်အတူ မော်စကို မြို့သို့ ရောက်လာခဲ့ကြောင်း၊ ရုရှားနိုင်ငံက ၎င်းတို့ကို လူသားချင်းစာနာသည့် အကြောင်းပြချက်ဖြင့် ခိုလှုံခွင့် ပေးခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက TASS သတင်း အေဂျင်စီသို့ ပြောကြားခဲ့သည်။

ယူကရိန်းသည် အမေရိကန်အစိုးရသစ်လက်ထက်တွင် အမေရိကန်ထံမှ လက်ရှိရရှိနေသည့် စစ်ရေးအကူအညီများကို လက်ခံရရှိမည်မဟုတ်

News Image

ယူကရိန်းသည် အမေရိကန်အစိုးရသစ်လက်ထက်တွင် အမေရိကန်ထံမှ လက်ရှိရရှိနေသည့် စစ်ရေးအကူအညီ များကို လက်ခံရရှိမည်မဟုတ်

ယူကရိန်းသည် အမေရိကန်အစိုးရသစ်လက်ထက်တွင် အမေရိကန်ထံမှ လက်ရှိရရှိနေသည့် စစ်ရေးအကူအညီများကို လက်ခံရရှိမည်မဟုတ်ကြောင်း ဒေါ်နယ်ထရမ့် က NBC သတင်းဌာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်ဟု RIA သတင်းဌာနက ဖော်ပြထားသည်။

ကိုးကား - RIA သတင်းဌာန

အစ္စရေးနိုင်ငံသည် ဆီးရီးယား၏“တပ်ဖွဲ့သစ်များ” နှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ထူထောင်လိုကြောင်း၊ သို့မဟုတ်ပါက ၎င်းသည် မိမိကိုယ်မိမိ ကာကွယ်ရန် အရာအားလုံးကို လုပ်ဆောင်မည်ဖြစ်

News Image

အစ္စရေးနိုင်ငံသည် ဆီးရီးယား၏“တပ်ဖွဲ့သစ်များ” နှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ထူထောင်လိုကြောင်း၊ သို့မဟုတ်ပါက ၎င်းသည် မိမိကိုယ်မိမိ ကာကွယ်ရန် အရာအားလုံးကို လုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့ကြောင်း RIA သတင်းဌာန က ဖော်ပြထားသည်။ ၁၉၇၃ ခုနှစ် Yom Kippur စစ်ပွဲအပြီး  ရရှိခဲ့သော ဂိုလန်ကုန်းမြင့်တွင် ဆီးရီးယားနှင့် တပ်ဖွဲ့များ ခွဲထွက်ရေး သဘောတူညီချက်သည် အကျုံးမဝင်ကြောင်း အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက အဆိုပါနယ်နိမိတ်မျဉ်းသို့ အလည်အပတ် သွားရောက်စဉ် ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် နေတန်ယာဟ

အစ္စရေးနိုင်ငံသည် ဆီးရီးယား၏“တပ်ဖွဲ့သစ်များ” နှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ထူထောင်လိုကြောင်း၊သို့မဟုတ်ပါက ၎င်းသည် မိမိကိုယ်မိမိ ကာကွယ်ရန်အရာအားလုံးကို လုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့ကြောင်း RIA သတင်းဌာန က ဖော်ပြထားသည်။

၁၉၇၃ ခုနှစ် Yom Kippur စစ်ပွဲအပြီး ရရှိခဲ့သော ဂိုလန်ကုန်းမြင့်တွင် ဆီးရီးယားနှင့် တပ်ဖွဲ့များခွဲထွက်ရေး သဘောတူညီချက်သည် အကျုံးမဝင်ကြောင်း အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက အဆိုပါနယ်နိမိတ်မျဉ်းသို့ အလည်အပတ် သွားရောက်စဉ် ပြောကြားခဲ့သည်။

ကုလသမဂ္ဂသည် ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်ဒေသရှိ ၎င်း၏ဝန်ထမ်းများကို ယာယီလျှော့ချခဲ့

News Image

ကုလသမဂ္ဂသည် ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်ဒေသရှိ ၎င်း၏ဝန်ထမ်းများကို ယာယီလျှော့ချခဲ့

ကုလသမဂ္ဂသည် ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်ဒေသရှိ ၎င်း၏ဝန်ထမ်းများကို ယာယီလျှော့ချခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြထားသည်။

အတိုက်အခံလက်နက်ကိုင်အဖွဲ့များက မြို့တော်ဒမတ်စကတ်ကို ဒီဇင်ဘာလ ၈ ရက်နေ့မနက်ပိုင်းကသိမ်းပိုက်ခဲ့ပြီးနောက် ကုလသမဂ္ဂသည် ၎င်း၏ ဝန်ထမ်း များကို လျှော့ချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား- TASS သတင်းဌာန

Photo- abcmedia