ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

အနာဂတ်အတွက် ကြိုးမဲ့လျှပ်စစ်နည်းပညာ
-

မီးကြိုးမလိုဘဲ မီးထွန်းလို့ရနိုင်ပါသလားဟု ဆိုပါက မကြာခင် အနာဂတ်ကာလမှာ  ရနိုင်လာလိမ့်မည်ဟုသာ  ဖြေရပါလိမ့်မည်။ ယခင်က WiFi ခေါ်  ကြိုးမဲ့ဆက်သွယ်ရေးစနစ်   ပေါ်ပေါက်ခဲ့ပြီး အင်တာနက်ဆက်သွယ်ရေး လောကကို တစ်ခေတ်ဆန်းသစ်စေခဲ့သည်။

ယခုအခါ LiFi ခေါ် မြန်နှုန်းမြင့်ကြိုးမဲ့ ဆက်သွယ်ရေးစနစ်ပင် စတင်ပေါ်ပေါက်လာနေပါပြီ။ ကြိုးမဲ့လျှပ်စစ်ပို့ဆောင်သည့်စနစ် Wi Tricity ပေါ်ပေါက်လာဖို့လည်း လမ်းစများ စတင်ရရှိနေပါပြီ။ ဝိုင်ယာလက် Wireless မှ Wi ကို အတိုကောက်ယူထားပြီး လျှပ်စစ်ဆိုတဲ့ အီလက်ထရစ်စီးတီး Electricity မှ Tricity ကိုယူ၍   နှစ်မျိုးပေါင်းပြီး WiTricity ဟု နည်းပညာသစ်ကို အမည်ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည် အမေရိကန်ပြည်ထောင်စု အမ်အိုင်တီမက်ဆက်ချူးဆက် နည်းပညာ တက္ကသိုလ်က ပါမောက္ခမာရင်းဆိုရာချီ၏ တီထွင်မှုဖြစ်သည်။ ပါမောက္ခ မာရင်းဦးဆောင်သည့် နည်းပညာအဖွဲ့သည် ၆၀ ဝပ်အားရှိသော  မီးလုံးတစ်လုံးကို  မည်သည့်မီးကြိုးမှ မဆက်သွယ်ထားဘဲ မီးပလတ်နေရာမှ ၇ ပေအကွာမှာထားပြီး မီးလင်းအောင် ၂၀၁၇ ခုနှစ် ကတည်းကပင် လုပ်ပြနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ မိုဘိုင်းဖုန်းရုပ်မြင်သံကြားနဲ့ လျှပ်စစ်ကား အပါအဝင် အီလက်ထရွန်နစ်ပစ္စည်း အားလုံးမှာ မီးကြိုးတပ်စရာမလို မီးအားပေးနိုင်အောင် ဆက်လက်ကြိုးစား တီထွင်လျက်ရှိကြောင်းနှင့် မကြာမီ အိမ်တွင်းလျှပ်စစ်ပစ္စည်းများကို ကြိုးမဲ့လျှပ်စစ်နည်းပညာဖြင့် လျှပ်စစ်ဓာတ်အား ရရှိနိုင်အောင်   ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း အမေရိကန်နိုင်ငံမှ   မြန်မာကြိုးမဲ့ဆက်သွယ်ရေး နည်းပညာရှင်ပါမောက္ခ ဒေါက်တာဆန်းမော်က မကြာသေးခင်ကမှ ပြောကြားခဲ့သည်။ Wireless Electricity သို့မဟုတ် Wireless Power Transfer ဟု ယခင်ကလူသိများခဲ့သော ကြိုးမဲ့လျှပ်စစ် နည်းပညာဆိုသည်မှာ ဝိုင်ယာကြိုးများ၊ ကေဘယ်ကြိုးများမလိုဘဲ လျှပ်စစ်စွမ်းအင်ကို ထုတ်လွှတ်ပေးပို့နိုင်သည့် နည်းပညာတစ်ခုဖြစ်သည်။ အဆိုပါနည်းပညာမှာ ယခုမှပေါ်ပေါက်လာသော နည်းပညာမဟုတ်ဘဲ ၁၉ ရာစုနှစ်အကုန်ပိုင်းကတည်းက  ကမ္ဘာကျော်သိပ္ပံပညာရှင်  Nikola  Tesla  မှစတင်ခဲ့ပြီး  လက်ရှိအချိန်တွင်မှ ခေတ်စား၍ အသုံးပြုလာနေခြင်းသာဖြစ်သည်။

အဆိုပါကြိုးမဲ့ လျှပ်စစ်နည်းပညာသည် Electromagnetic Induction နှင့် Resonance နိယာမများအပေါ် အခြေခံပြီး အလုပ်လုပ်ခြင်းဖြစ်သည်။ Electromagnetic Induction (လျှပ်စစ်သံလိုက်ညှိယူခြင်း)ဆိုသည်မှာ သံလိုက်မှတစ်ဆင့် လျှပ်ကူးပစ္စည်း(ဥပမာ-ဝိုင်ယာကြိုး)လို ကြားခံများမှတစ်ဆင့်   လျှပ်စစ်စီးကြောင်းကို  ဖြစ်ပေါ်စေသည့် လုပ်ငန်းစဉ်ဖြစ်သည်။ တည်ငြိမ်သံလိုက်စက်ကွင်းမှ လျှပ်စီးကြောင်းကို လုံးဝထုတ်မပေးနိုင်ပါ။ ပြောင်းလဲနေသည့် သံလိုက်စက်ကွင်းမှသာ လျှပ်စီးကြောင်းကို ထုတ်ပေးခြင်းဖြစ်သည်။ သီအိုရီနည်းအရ ရွေ့လျားနေသည့် သံလိုက်မှပြောင်းလဲ သံလိုက်စက်ကွင်း၏ အနားကို လျှပ်ကူးပစ္စည်း(Conductor)တစ်ခုခုထားသည့်အခါမှာ လျှပ်ကူးပစ္စည်းထဲက လျှပ်စစ်ဆောင်အမှုန်တွေကို ပြောင်းလဲသံလိုက်စက်ကွင်းက ညှို့ယူပြီး ဦးတည်ဘက်တစ်ခုစီကို    ရွေ့လျားစေသည်။  သံလိုက်စက်ကွင်း ပြောင်းလဲမှုမှတစ်ဆင့်  ဝိုင်ယာကြိုးထဲမှာ  လျှပ်စစ်စီးဆင်းစေပြီး လျှပ်စစ်စီး‌ကြောင်းများကို ဖြစ်ပေါ်စေသည်။ ကြိုးမဲ့လျှပ်စစ်ဓာတ်အားကို အသုံးပြုသည့် အခြေအနေမှာ လျှပ်စစ်စွမ်းအင်ကို ပါဝါအရင်းအမြစ် (အားသွင်းခုံ)မှ လက်ခံသူ(စမတ်ဖုန်း သို့မဟုတ် လျှပ်စစ်ကား) ဆီသို့ လွှဲပြောင်းပေးနိုင်ရန်  လျှပ်စစ်သံလိုက်လှိုင်းကို အသုံးပြုခြင်းဖြစ်သည်။ 

လက်ခံမည့်ပစ္စည်းအတွင်းမှာရှိသည့် ဝိုင်ယာကြိုးတစ်ခုအတွင်း လျှပ်စီးကြောင်းကို တွန်းပို့နိုင်သည့် ပါဝါရင်းမြစ်နားတွင် သံလိုက်စက်ကွင်းတစ်ခုဖန်တီးပြီး လျှပ်စစ်စီးကြောင်းကို စက်ပစ္စည်းအတွက် ပါဝါပေးဖို့ သို့မဟုတ် ဘက်ထရီအားသွင်းဖို့အတွက် အသုံးပြုနိုင်ခြင်းဖြစ်သည်။ Resonance ဆိုသည်မှာ   အရာ၀တ္ထုတစ်ခုခု အချိန်အပိုင်းအခြားအလိုက်  အားတစ်ခုခုနှင့်ထိတွေ့သည့်အခါမှာ   သီးခြားကြိမ်နှုန်း တစ်ခုစီတုန်ခါစေသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။    ကြိုးမဲ့လျှပ်စစ်ကို အသုံးပြုသည့်အခြေအနေမှာ ပါဝါအရင်းအမြစ်နှင့် လက်ခံပစ္စည်းကြား စွမ်းအင်လွှဲပြောင်းနိုင်သည့် ပမာဏကို တိုးမြှင့်ဖို့အတွက် Resonance ကိုအသုံးပြုရခြင်းဖြစ်သည်။   အမြင့်‌ဆုံးစွမ်းအင်လွှဲပြောင်းခြင်းကို အသုံးပြုနိုင်သည့် စက်နှစ်လုံး၏  Resonance ကို တူညီစေခြင်းမှ Process ကို လုပ်ဆောင်သည်။ ထို့ကြောင့် ကြိုးမဲ့လျှပ်စစ်ဓာတ်အား သဘောတရားရှိနေခဲ့သည်မှာ    ရာစုနှစ်တစ်ခုလောက် ရှိနေခဲ့ပြီဖြစ်သည်။  ၁၈၉၉ ခုနှစ်တွင်  Tesla က မီတာများစွာ  အကွာအဝေးမှ လျှပ်စစ်စွမ်းအင်ကို ကြိုးမဲ့နည်းပညာနှင့် ပို့လွှတ်ခဲ့ပြီး  Wireless   Power  Transfer  စနစ်ကို  လက်တွေ့သရုပ်ပြ နိုင်ခဲ့သည်။  သို့သော်လည်း နည်းပညာ ကန့်သတ်ချက်များနှင့်အတူ နည်းပညာကို အသုံးပြုနိုင်သည့် Infrastructure များမရှိခြင်းကြောင့် အဆိုပါနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခဲ့ခြင်း မရှိခဲ့ပါ။    ကြိုးမဲ့လျှပ်စစ်ဓာတ်အားပေး နည်းပညာဖွံ့ဖြိုးတိုးတက်ရေးမှာ   ‌အရေးပါသည့် အခန်းကဏ္ဍတွင် ပါ၀င်ခဲ့သည့်   အခြားသိပ္ပံပညာရှင်တစ်ဦးမှာ  လျှပ်စစ်သံလိုက်လှိုင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် လူသိများခဲ့သည့် ဂျာမန်ရူပဗေဒပညာရှင် Heinrich Hertz ပဲဖြစ်သည်။ ၁၈၈၇ ခုနှစ်မှာ Hertz ကကြိုးမဲ့လျှပ်စစ် ပို့လွှတ်နိုင်ဖို့  မရှိမဖြစ် လိုအပ်သည့် လျှပ်စစ်သံလိုက်လှိုင်းများ ရှိကြောင်း သက်သေပြနိုင်ခဲ့ပြီး စမ်းသပ်မှု အများအပြားကို ပြုလုပ်ပြသခဲ့သည်။ စမ်းသပ်ချက်များ အောင်မြင်သွားပြီး နောက်ပိုင်းမှသာ ကြိုးမဲ့လျှပ်စစ်နည်းပညာ ဆက်လက်ပေါ်ပေါက် လာခဲ့ခြင်းဖြစ်သည်။ ကြိုးမဲ့လျှပ်စစ်နယ်ပယ်သည် အစောပိုင်းမှာ  အောင်မြင်မှုတွေရှိခဲ့သည်ဟု ဆိုသော်လည်း   ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခြင်းမရှိခဲ့ပါ။  ၁၉၀၀ ပြည့်နှစ်အစောပိုင်းမှာ   Tesla က Wardenclyffe Tower စီမံကိန်းဟုခေါ်သည့် ကြိုးမဲ့ပါဝါပို့လွှတ်မှု စနစ်တစ်ခုကို တည်ဆောက်ဖို့အတွက် ကြိုးစားခဲ့သော်လည်း ရန်ပုံငွေမရှိသဖြင့် စီမံကိန်းမအောင်မြင်ခဲ့ပါ။  သိပ္ပံပညာရှင်များနှင့် တီထွင်သူများက ၁၉ ရာစုအစောပိုင်း ကတည်းက စတင်စမ်းသပ်ခဲ့သော်လည်း ၁၉၀၀ ပြည့်လွန်နှစ်အစောပိုင်းတွေအထိ သိသာထင်ရှားသည့် တိုးတက်မှုများ မရရှိခဲ့ပါ။  

နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေအပြင် လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ အတားအဆီးများပါရှိခဲ့သည်။ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ဖို့အတွက် လက်ရှိ Infrastructure များကို ကြိုးနှင့် သွယ်တန်းပြီး ဒီဇိုင်းထုတ်ထားခြင်းကြောင့် ကြိုးမဲ့စနစ်ကို ကူး‌ပြောင်းရန်အတွက်  ပိုမိုခက်ခဲစေခဲ့သည်။ အဆိုပါကိစ္စများကို‌ အကောင်အထည်ဖော်သည့်နေရာမှာလည်း  ကုန်ကျစရိတ်အလွန်မြင့်မားသည်ကလည်း  အတားအဆီး တစ်ခုလိုဖြစ်‌နေခဲ့သည်။

သို့သော်လည်း စိန်ခေါ်မှုတွေကြားထဲမှ ကြိုးမဲ့လျှပ်စစ်နည်းပညာက ၂၀ ရာစုတစ်လျှောက်လုံး ဆက်လက်တိုးတက် လာနေခဲ့သည်။ ၁၉၆၀ ပြည့်နှစ်မှာ Massachusetts Institute of Technology (MIT)မှ သုတေသီတွေက Resonant Coil တွေကိုအသုံးပြုပြီးတော့ကြိုးမဲ့ ပါဝါပို့လွှတ်ခြင်းအတွက် နည်းလမ်းတစ်ခုကို တီထွင်ခဲ့ပြီး‌ တိုတောင်းတဲ့ အကွာအဝေးအတွင်းမှာ ပိုပြီးများပြားတဲ့ စွမ်းအင်လွှဲပြောင်းမှုတွေ ပြုလုပ်စေနိုင်ခဲ့သည်။   အဆိုပါနည်းပညာက  မော်ဒန်ခေတ်ကြိုးမဲ့ အားသွင်းစနစ်အတွက်  လမ်းခင်းပေးခဲ့ပြီး  ယခုအချိန်မှာဆိုရင်   လူသုံးအီလက်ထရွန်နစ်ပစ္စည်းများမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေကြပြီဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် ယခုအချိန်အထိ Wireless Electricity နဲ့ Charging နည်းပညာများက အသုံးမများကြသေးပါ။ လက်လှမ်းမီနိုင်သည့်အဆင့်အနေဖြင့် ဖုန်းကို Wireless ဖြင့် အားသွင်းနိုင်သည့်အဆင့်သာ ရှိနေပါသေးသည်။ များများစားစားအသုံးပြုရန်  မထုတ်လုပ်နိုင်သေးခြင်း၏ နောက်ကွယ်တွင် ကုန်ကျစရိတ် မြင့်မားမှုများနှင့်အတူ အားနည်းချက်အချို့ ရှိနေသေးသည်။  သို့သော်လည်း လက်ရှိစမ်းသပ်တွေ့ရှိမှုများအရ မကြာခင်နေအိမ်များတွင် ကြိုးမဲ့လျှပ်စစ်နည်းပညာကို အသုံးပြုလာနိုင်သည့် အလားအလာရှိ‌နေသည်။ ကြိုးမဲ့လျှပ်စစ်နည်းပညာ၏ အဓိကအားသာချက်တစ်ခုမှာ Flexible ဖြစ်ခြင်းဖြစ်ပြီး ကြိုးမဲ့လျှပ်စစ် နည်းပညာကို အသုံးပြုခြင်းကြောင့် လျှပ်စစ်ပေးဖို့လိုအပ်သည့် ပစ္စည်းများကို နံရံမှာပလတ်ထိုးထားစရာ‌လိုမည် မဟုတ်တော့ပါ။ အိမ်တွေမှာ ရှုပ်ထွေးသည့်ဝိုင်ယာကြိုးလိုင်းများကို အသုံးပြုခြင်းထက် ပိုမိုအမြင်ရှင်းလင်းပြီး သုံးရလွယ်ကူသွားစေမည်ဖြစ်သည်။  ထို့ပြင် Safe ဖြစ်သည့် အပိုင်းတွင်လည်း အားသာချက်များ ရှိနေပါသေးသည်။ လက်ရှိအသုံးပြုနေသည့် လျှပ်စစ်မီးကြိုးများ အထူးသဖြင့် ဝိုင်ယာကြိုးများတွင် ပွန်းပဲ့ပျက်စီးနေလျှင် လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ခြင်းများနှင့် မီးလောင်နိုင်ခြင်းများရှိသည်။ ကြိုးမဲ့လျှပ်စစ် နည်းပညာမှာ အဆိုပါ အန္တရာယ်လုံးဝ မရှိတော့ဘဲ ပို၍  Safe ဖြစ်သည်။ သို့သော် ကြိုးမဲ့လျှပ်စစ်နည်းပညာ၏ အားနည်းချက်မှာ လက်ရှိအချိန်အထိ လျှပ်စစ်ပို့လွှတ်နိုင်သည့် ပမာဏနည်းနေသေးပြီး  လွှဲပြောင်းသည့် နေရာတွင်လည်း  လျှပ်စစ်ဆုံးရှုံးမှုများ နေဆဲဖြစ်သည်။ ထို့ကြောင့် ပုံမှန်လျှပ်စစ်ဓာတ်အား ပေးခြင်းထက်ထိရောက်မှုနည်းနိုင်ပြီး  လျှပ်စစ်အတွက်  ကုန်ကျစရိတ်ကိုလည်း မြင့်မားစေနိုင်သည်။   အဆိုပါအချက်များသည်  လက်ရှိအချိန်တွင် ကြိုးမဲ့လျှပ်စစ်နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်သေးခြင်း၏ အဓိကအချက်များဖြစ်သော်လည်း မဝေးလှသည့် အနာဂတ်ကာလတွင် ပြဿနာများကို ဖြေရှင်းနိုင်လာပြီး  ပိုမို  Flexible ဖြစ်လာစေမည့်  ကြိုးမဲ့လျှပ်စစ်နည်းပညာ  အနာဂတ်တစ်ခုကို   ဦးတည်စေလိမ့်မည်ဖြစ်ပါကြောင်း  ဗဟုသုတအနေဖြင့်  ရေးသား တင်ပြလိုက်ရပါသည်။    ။

မောင်မောင်စွယ်စုံထွန်း

အင်အားပြင်း မုန်တိုင်းဒဏ်များကိုပင် ခံနိုင်စွမ်းရှိတဲ့ ကမ္ဘာ့အကြီးဆုံး ရေပေါ်လေတာဘိုင်
-

ပြည့်ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အားကို ထုတ်ယူရရှိနိုင်ဖို့အတွက် ပညာရှင်များ က နည်းလမ်းအမျိုးမျိုးသုံးပြီး ကြိုးပမ်းလာနေကြတာပါ။ ပြည့်ဖြိုးမြဲစွမ်းအင်တွေထဲမှာ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ ရေစွမ်းအင် အစရှိသဖြင့်ပါဝင်ပါတယ်။ လက်ရှိအသုံးပြုမှုအများဆုံး ပြည့်ဖြိုးမြဲစွမ်းအင်က နေရောင်ခြည်စွမ်းအင်နဲ့ ရေ စွမ်းအင်ပါ။ လေစွမ်းအင်ကိုတော့ အတိုင်းအတာ တစ်ခုအထိသာ အသုံးပြုနိုင်ပါသေးတယ်။

လေစွမ်းအင်ကို အများဆုံး ရယူနိုင်တဲ့နေရာတွေက ကွင်းပြင်ကျယ်လိုနေရာမျိုးတွေ၊ လေတိုက်နှုန်း မြင့်မားတဲ့ ပင်လယ်ပြင်လို နေရာမျိုးတွေဖြစ်ပါတယ်။ ကွင်းပြင်ကျယ်လိုနေရာမျိုးက ရံဖန်ရံခါ လေတိုက်ခတ်မှု နည်းပါးနိုင်ပါတယ်။ ပင်လယ်ပြင်ထဲမှာ ကျတော့လည်း ကုန်ကျစရိတ်က အင်မတန်များပြားပါတယ်။ တကယ်လို့များ ပင်လယ်ပြင်ထဲမှာ ကုန်ကျစရိတ်နည်းပါးတဲ့ လေတာဘိုင်ကိုထားနိုင်မယ်ဆိုရင် ဒါဟာ ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှုအတွက် ခုန်ပျံ ကျော်လွှားမှုကြီးတစ်ခုဖြစ်လာမှာ အသေအချာပါပဲ။

ဒီလိုခုန်ပျံကျော်လွှားမှုကြီးကို လုပ်ဆောင်လိုက်သူက တရုတ်နိုင်ငံပါပဲ။ တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များဟာ ကမ္ဘာ့စွမ်းအားအမြင့်ဆုံးနဲ့ အကြီးဆုံးသော လေတာဘိုင်ကြီးကို ဖန်တီးလိုက်ပါတယ်။ အဲဒီတာဘိုင်ကြီးက သမားရိုးကျအတိုင်း ပင်လယ်ပြင်ထဲက ရေအောက်ထဲမှာ စိုက်ထားတာမျိုး မဟုတ်ပါဘူး။ ရေပေါ်အမျိုးအစားဖြစ်ပါတယ်။ ထုတ်လုပ်ပေးနိုင်တဲ့ လျှပ်စစ်ဓာတ်အားက ၁၇ မဂ္ဂါဝပ်ဖြစ်ပြီး တရုတ် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းစု များဖြစ်တဲ့ China Hua-neng Group နဲ့ Dongfang Electric Corporation တို့က ပူးပေါင်း တည်ဆောက်ထားတာဖြစ်ပါတယ်။

အဲဒီလေတာဘိုင်ကြီးက အရွယ်အစားအားဖြင့် ကြီးမားရုံသာမကဘဲ ထုထည်အားဖြင့်လည်း အလွန်ကြီးမားပါတယ်။ သူ့ရဲ့အမြင့်က ၄၉၈ ပေရှိတာဖြစ် တဲ့အတွက် အထပ် ၅၀ ရှိတဲ့ တိုက်တစ်လုံးလောက် ကိုကြီးမားပါတယ်။ ပန်ကာဒလက်ရဲ့ အရွယ်အစား မှာ ၈၅၉ ပေရှိတာကြောင့် သူ့အတွက် လိုအပ်တဲ့နေရာအကျယ်က စတုရန်းမီတာ ၅၃၀၀၀ ဝန်းကျင်ရှိ ပါတယ်။ ဒါဟာ ဘောလုံးကွင်းကြီး ခုနစ်ကွင်းခွဲလောက် ရှိတာဖြစ်ပါတယ်။

ဒီလိုကြီးမားလှတဲ့အတွက် လေတာဘိုင်တစ်ခု တည်းကနေပဲ ထုတ်လုပ်ပေးနိုင်တဲ့ လျှပ်စစ်ဓာတ် အားပမာဏက တစ်နှစ်ကို ကီလိုဝပ်နာရီသန်းပေါင်း ၆၈ သန်းရှိပါတယ်။ ဒါဟာအိမ်ခြေပေါင်း ၄၀၀၀၀ ကို စွမ်းအင်ပေးနိုင်တဲ့ အထိဖြစ်ပါတယ်။ သူ့ကို ကွမ်တုံ ပြည်နယ်မှာ လက်တွေ့စမ်းသပ်မှုနဲ့ နေရာချထားမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ရေပေါ်လေတာဘိုင်ဖြစ်တဲ့အတွက် သူ့ရဲ့လိုအပ်ချက်က အင်မတန်မြင့်မားပါတယ်။ အဓိကအားဖြင့် အကြမ်းခံနိုင်စွမ်း ရှိမှုမှာဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲ မှာချထားမှာဖြစ်တဲ့အတွက်  အရင်ဆုံးရင်ဆိုင်ရမှာက လှိုင်းကြီးမှုပါ။ တရုတ်ပညာရှင်များက အမြင့် ၇၈ ပေအထိရှိတဲ့ လှိုင်းများကိုပင် ခံနိုင်စွမ်းရှိစေအောင် လေတာဘိုင်ကို ဖန်တီးထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဆင့် ၁၇ လောက်အထိရှိတဲ့ မုန်တိုင်းအဆင့် လေတိုက်နှုန်းကိုလည်း ကောင်းစွာ ခံနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။

သူ့ရဲ့နောက်ထပ်ထူးခြားချက်က လှိုင်းကြီးလေ ကြီးမှုကြောင့် ရေပေါ်လေတာဘိုင်က စောင်းသွား တယ်ဆိုရင်တောင် လျှပ်စစ်စွမ်းအင်ကို ပုံမှန်အတိုင်း ထုတ်လုပ်ပေးနိုင်စေမှာ ဖြစ်တဲ့အတွက် အင်မတန် ခေတ်ရှေ့ပြေးတဲ့ စနစ်ကြီးတစ်ခု ဖြစ်ပါတယ်။

MWD Web Portal
 
ကိုထက်

အလိုအလျောက် မီးသတ်စနစ်ပါ တစ်ပါတည်း ပါဝင်လာတဲ့ လီသီယံဘက်ထရီ
-

လီသီယံအိုင်းယွန်း ဘက်ထရီများဟာ စွမ်းအင်သိုလှောင်မှုအတွက် အာမခံချက်ရှိ တဲ့ ဘက်ထရီတွေဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ထက်ပိုပြီး စွမ်းအင်သိုလှောင်နိုင်စွမ်းပိုများတာ က လီသီယံသတ္တုဘက်ထရီပါ။ သူက လီသီယံအိုင်း ယွန်းထက် စွမ်းအင်ပမာဏ ၁၀ ပိုများပါတယ်။ ဒါ ကြောင့်လည်း သူ့ကို လျှပ်စစ်စွမ်းအင်သုံးယာဉ်တွေ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့ အလွယ်တကူသယ်ဆောင်သွားနိုင်တဲ့ လျှပ်စစ်ပစ္စည်းတွေအတွက် သိပ် ကိုကောင်းမွန်လှတဲ့ ရွေးချယ်မှု တစ်ခုဖြစ်လာတာ တွေ့ရပါတယ်။

အဲဒီဘက်ထရီတွေက စွမ်းအင်သိုလှောင်နိုင်မှု ပမာဏမြင့်မားတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း မီးလောင်နိုင်စွမ်းက အလွန်မြင့်မားလှတာကိုတွေ့ရ ပါတယ်။ အကြောင်းရင်းကတော့ အပူလွန်ကဲမှုနဲ့အတူ ပေါက်ကွဲနိုင်မှု ကြောင့်ပါပဲ။ ဒီလိုမျိုးဖြစ်ရတာဟာ သူ့မှာပေါင်းစပ်ထည့်သွင်းထားတဲ့ ကုန်ကြမ်းပစ္စည်းများ ကြောင့်ဖြစ်ပါတယ်။

အခုတော့ တရုတ်သိပ္ပံအကယ်ဒမီ ဓာတုဗေဒဌာနမှ သုတေသနပညာရှင်များက ဒီလိုမျိုးမီးလောင်လွယ်နိုင်တဲ့ ဘက်ထရီများအတွက် ဖြေရှင်းမှုတစ်ခုကိုထုတ် ပေးလိုက်ပါတယ်။ အဲဒီဖြေရှင်းမှုကတော့ မီးသတ်စနစ် တစ်ပါတည်း ပါဝင်တဲ့ လီသီယံသတ္တုဘက်ထရီများကို ဖန်တီးလိုက်ခြင်းပဲဖြစ်ပါတယ်။ လက်ရှိမှာ သူတို့က ရှေ့ပြေးပုံစံကိုပဲ ဖန်တီးနိုင်ပါသေးတယ်။ အဲဒီရှေ့ပြေးပုံစံထဲမှာ ပေါ်လီမာတစ်မျိုးကို ထည့်ပေးထားပါတယ်။ သူက အပူချိန်မြင့်မားလာတဲ့အခါမှာ မီးငြှိမ်းသတ်ပေးနိုင်တဲ့ ဓာတုပစ္စည်းများကိုထုတ် ပေးပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် မီးသတ်ဆေး ဘူးအငယ်စားနဲ့ သဏ္ဌာန်တူပါတယ်။

သုတေသနပညာရှင်များက မီးလောင်မှုကို ဟန့်တားပေးနိုင်တဲ့ ပေါ်လီမာကို ဘက်ထရီရဲ့အမလျှပ် ခေါင်းမှာ တစ်ပါတည်း တပ်ဆင်ထားတာပါ။ သူက ပုံမှန်အပူချိန်မှာဆိုရင် ဘယ်လိုမှ အလုပ်မလုပ်ပါဘူး။ ဒါပေမဲ့ ဘက်ထရီရဲ့ အပူချိန်က ၁၀၀ ဒီဂရီစင်တီ ဂရိတ်ကိုရောက်လာပြီဆိုရင် ပေါ်လီမာကပြိုကွဲပြီး အဖိုလျှပ်ခေါင်းမှာ ဓာတုဓာတ်ပြုမှုကို နှိမ်နင်းပေးတာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ မီးလောင်မှုဖြစ်မှာကို ဟန့် တားလိုက်တာပါ။ အခုလိုမျိုး ဆန်းသစ် တီထွင်မှုက လျှပ်စစ်စွမ်းအင်သုံး ယာဉ်များရဲ့ ဘေးကင်းစိတ်ချရ မှုအတွက်လည်း အရေးပါတဲ့ တီထွင်မှုဖြစ်လာမှာဖြစ်ပါတယ်။

အလုံးစုံအာမခံပါ ပါဝင်လာတဲ့ BYD ရဲ့အလိုအလျောက် ပါကင်ထိုးစနစ်
-

လျှပ်စစ်စွမ်းအင်သုံးယာဉ် (EV) ဈေးကွက်မှာတော့ တရုတ်နိုင်ငံရဲ့ BYD က မြင့် မားတဲ့စွမ်းဆောင်ရည်နဲ့အတူ အာမခံချက် အရှိဆုံးသော ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်လာ နေပါတယ်။ အခုနောက်ဆုံးအနေနဲ့ BYD ကုမ္ပဏီက God's Eye လို့ခေါ်တဲ့ အဆင့်မြင့်ယာဉ်မောင်းထောက် ပံ့ရေးစနစ်ကိုဖန်တီးထားပါတယ်။ ဒီဖန်တီးမှုရဲ့တစ် စိတ်တစ်ပိုင်းအဖြစ် L4-level မောင်းသူမဲ့စနစ်လည်း ပါဝင်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ BYD က သူတို့ရဲ့ထုတ်ကုန်ကိုအာမခံတဲ့အနေနဲ့ အလုံးစုံအာ မခံကိုပါ ထည့်သွင်းပေးထားတာပါ။

ဒီစနစ်ထဲမှာ အဆင့်မြင့်မားလှတဲ့ ပါကင်ထိုးစနစ် များပါဝင်ပြီး အရှိန်နှုန်းသုံးမျိုးနဲ့ပါကင်ထိုးတဲ့လုပ်ဆောင်ချက်ဖြစ်ပါတယ်။ အဲဒီလုပ်ဆောင်ချက်ထဲမှာ အသုံးပြုသူရဲ့ အတွေ့အကြုံကိုလည်း မြှင့်တင်ထားပါတယ်။ ဒီအတွက်အသုံးပြုထားတဲ့ L4 စနစ်ဆိုတာကတော့ ယာဉ်တစ်စီးအနေနဲ့ ယာဉ်မောင်းသူရဲ့လုပ် ဆောင်ချက်တစ်စုံတစ်ရာ မလိုအပ်ဘဲ ယာဉ်မောင်းနှင်မှုလုပ်ငန်းများအားလုံးကို အလိုအလျောက်လုပ်ဆောင်နိုင်စွမ်းကို ဆိုလိုတာပါ။ ဒါ့အပြင် ကြိုတင် သတ်မှတ်ချက်ပေးထားပြီးတော့လည်း သူ့ကိုခိုင်းစေနိုင်ပါတယ်။

BYD ကုမ္ပဏီက သူ့ရဲ့ God's EYE စနစ်အပေါ် သိပ်ကိုယုံကြည်ထားတယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ မကြာသေးမီကထွက်ပေါ်လာတဲ့ အွန်လိုင်းထုတ်ပြန်ချက်တစ်ခုအရ အသုံးပြုသူတွေအနေနဲ့  BYD ရဲ့ God's EYE B နဲ့ C စနစ်တွေကို မကြာခင်မှာ အဆင့်မြှင့်တင်နိုင်တော့မှာ ဖြစ်တယ်လို့ ပြောထားတာတွေ့ရပါတယ်။

BYD က သူတို့ရဲ့ L4 ပါကင်ထိုးစနစ်ဟာ နိုင်ငံတကာစံချိန်စံညွှန်းတွေအတိုင်း ဖန်တီးထားတာဖြစ်တယ်လို့ဆိုပါတယ်။ သီးခြားအခြေအနေတွေမှာ ကားအနေနဲ့ ယာဉ်မောင်းရဲ့ လုပ်ဆောင်ချက် လုံးဝမလိုအပ်ပါဘဲ ပါကင်ထိုးခြင်းအလုပ်ကို ကိုယ်တိုင်လုပ်ဆောင်နိုင်စွမ်း ရှိတယ်လို့ဆိုပါတယ်။ တကယ်လို့များ သူတို့စနစ်ကိုအသုံးပြုပြီး ပါကင်ထိုးတဲ့နေရာမှာ မှားယွင်းမှုတစ်ခုခုဖြစ်သွားတယ်ဆိုရင် ယာဉ်မောင်းသူအစား ကားကသာ တာဝန်အပြည့်အဝယူသွားမှာပါလို့ BYD ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပြန်ပါတယ်။

အဲဒီလိုမျိုးတာဝန်ယူမှုထဲမှာ God's EYE စနစ်ကို အသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ပြုပြင်မှုကုန်ကျ စရိတ်များအားလုံး၊ တတိယအဖွဲ့ရဲ့ ပျက်စီးမှုအားလုံး၊ လူပုဂ္ဂိုလ်ထိခိုက်ဒဏ်ရာ ရရှိမှုအတွက် လျော်ကြေးငွေအားလုံးကို BYD က ပေးလျော်မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့စနစ်ရဲ့မှားယွင်း မှုကြောင့် ဒီလိုမျိုးမတော်တဆမှု ဖြစ်လာခဲ့တယ်ဆိုရင်ပေါ့လေ။

အကယ်၍ ဒီလိုမတော်တဆမှုဖြစ်လာခဲ့တယ်ဆိုရင် ယာဉ်မောင်းသူအနေနဲ့ အာမခံကုမ္ပဏီကနေ တစ်ဆင့်လျှောက်ထားစရာမလိုဘဲ BYD ကုမ္ပဏီကို တိုက်ရိုက် ဆက်သွယ်နိုင်တယ်လို့လည်း ဆိုပါတယ်။ ဒီလိုမျိုးဆက်သွယ်လာရင် ဘယ်လိုအာမခံငွေသားကိုမျှ ထိခိုက်မှုမရှိဘဲ သီးခြားအာမခံအနေနဲ့ ပေးလျော်မှု တွေလုပ်သွားမယ်လို့ ပြောပါတယ်။

BYD အနေနဲ့ God's EYE အဆင့်မြင့်ယာဉ်မောင်းသူ အထောက်အပံ့ပေးစနစ်ကို ယခုနှစ်ဖေဖော်ဝါရီလမှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ သူတို့ထုတ်လုပ်ထားတဲ့ မော်တော်ကားတွေအားလုံး ဒီစနစ်ကို အသုံးပြုနိုင်စေဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။       

လျင်မြန်မှုနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့ အတူတည်ရှိနိုင်ကြောင်း သက်သေပြလိုက်တဲ့ ပြိုင်ကား
-

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ ဒီကနေ့ခေတ်မှာ အင်မတန်မှ အရေးပါတဲ့ လုပ်ငန်းတစ်ခုဖြစ်လာပါတယ်။ ပြောရမယ်ဆိုရင် တစ်ခုခုလုပ်မယ်ဆိုတာနဲ့ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးကို ထည့်သွင်းစဉ်းစား တွက်ချက်ရတဲ့အထိ ဖြစ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ ပြိုင်ကား လောကဆိုတာ လောင်စာဆီကို အများအပြား အသုံးပြုရတဲ့ နယ်ပယ်တစ်ခုဖြစ်ပါတယ်။ ပုံမှန်အား ဖြင့်ကြည့်မယ်ဆိုရင် ပြိုင်ကားလောကနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေတဲ့ အရာလို့ဆိုရမှာပါ။

ဒါပေမဲ့ အမေရိကန်မှအင်ဂျင်နီယာ ကျောင်းသား ၁၄ ဦးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က အမေရိကန်ပြိုင်ကား ကလပ်ရဲ့ကူညီမှုနဲ့အတူ စနစ်တစ်ခုကို ဖန်တီးလိုက်ပါတယ်။ သူတို့ဖန်တီးလိုက်တဲ့စနစ်က ပြိုင်ကားတွေကို အသုံးပြုပေမယ့် တစ်ဖက်မှာလည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်စေမယ့် နည်းလမ်းဖြစ်ပါ တယ်။ အခြေခံသဘော တရားကတော့ လောင်စာဆီသုံးပြိုင်ကားတွေမှာ စွမ်းအင်နှစ်မျိုးပေါင်းစပ် အသုံးပြုနိုင်အောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

သူတို့ဖန်တီးလိုက်တဲ့ပြိုင်ကားက လေးဘီးယက်စနစ်နဲ့ပြိုင်ကားဖြစ်ပါတယ်။ ဒါပေမဲ့ သမားရိုးကျပုံစံတော့မဟုတ်ပါဘူး။ ရှေ့နှစ်ဘီးအတွက်ကို လျှပ်စစ်မော်တာ အသုံးပြုထားပြီး နောက်နှစ်ဘီးအတွက်ကိုသာ လောင်စာဆီသုံးအင်ဂျင် အသုံးပြုထားတာဖြစ်ပါတယ်။ ဒီစနစ်ရဲ့နောက်ထပ် ထူးခြားမှုတစ်ခုက ကား အတွင်းပိုင်းမှာ ရှေ့ဘီးယက်စနစ်နဲ့ နောက်ဘီးယက် စနစ်တို့ကြား ဘယ်လိုမျိုးဆက်သွယ် ချိတ်ဆက်မှုမှ မရှိခြင်းဘဲဖြစ်ပါတယ်။

သူ့မှာ ဘရိတ်ဖမ်းစနစ်ကနေ တစ်ဆင့်လျှပ်စစ်စွမ်းအင်ကို ဘက်ထရီထဲအား ပြန်သွင်းတဲ့စနစ်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် သိုလှောင်သိမ်းဆည်းထားတဲ့ စွမ်းအင်ကို လောင်စာဆီသုံးအင်ဂျင်ရဲ့စွမ်းအင်ကို မြှင့်တင်ပေးဖို့အတွက်လည်း အသုံးပြုထားပါတယ်။ ဒါကြောင့် အင်ဂျင်အနေနဲ့လောင်စာဆီကိုအသုံးပြု ထားရပေမယ့်လည်း ဆီစားသက်သာတဲ့အပြင် အရှိန်တင်မှုကို အလွယ်တကူ လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အခုဖန်တီးလိုက်တဲ့ကားက လျင်မြန်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့ အတူယှဉ်တွဲ တည်ရှိနိုင်တယ်ဆိုတာကို သက်သေပြ လိုက်တာဖြစ်ပါတယ်။

ရန်သူ့ လျှပ်စစ်ဓာတ်အားများကို ပြတ်တောက်သွားစေမယ့် တရုတ်ရဲ့ ဂရပ်ဖိုက်ဗုံး
-

လျှပ်စစ်စွမ်းအင်ဆိုတာ ယနေ့လူသားများရဲ့ နေ့စဉ်ဘဝမှာမရှိမဖြစ် လိုအပ်ချက်ဖြစ် လာပြီဆိုတဲ့အချက်ကို ဘယ်သူမှငြင်း နိုင်မယ်မထင်ပါဘူး။ ဒီလိုမျိုး လျှပ်စစ်ဓာတ်အားရဲ့ အရေးပါမှုက အရပ်ဘက်မှာသာမက စစ်ဘက်မှာပါ နေရာယူလာတာဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေကြတဲ့စစ်လက်နက်ပစ္စည်းများက လျှပ်စစ်စွမ်းအင် မဖြစ်မနေ လိုအပ်လာပါတယ်။ အထူးသဖြင့် ရေဒါတို့၊ လေကြောင်းရန် ကာကွယ်ရေးစနစ်တို့ပေါ့။

ဒါကြောင့် ဒီလိုမျိုးလိုအပ်လှတဲ့ လျှပ်စစ်စွမ်းအင်ကို ရှေ့တန်းနေရာများမှာပါ အသုံးပြုနိုင်စေဖို့အတွက် စက်မှုနည်းပညာ ဖွံ့ဖြိုးတဲ့နိုင်ငံများက နျူကလီးယား ဓာတ်ပေါင်းဖို အသေးစားများကို တီထွင်ပြီး ရှေ့တန်းမှာလျှပ်စစ်မီးပေးနိုင်ဖို့ လုပ်ဆောင်လာနေကြတာ တွေ့ရပါတယ်။  အကယ်၍များ လျှပ်စစ်ဓာတ်အား မရဘူးဆိုရင် ခေတ်သစ်စစ်လက်နက် ပစ္စည်းများဟာ ဘယ်လိုမှအသုံးမဝင်တဲ့ အရုပ်သာသာဖြစ်သွားမှာ အမှန်ပါပဲ။

ဒီလိုဖြစ်လာစေဖို့ကိုလည်း နိုင်ငံများကလိုလားကြမှာပါ။ ဒါကြောင့် လျှပ်စစ်ဓာတ်အားကို ဘယ်လိုလက်နက်နဲ့ ဖြတ်တောက်နိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ရှာဖွေလေ့လာမှုတွေ လုပ်ခဲ့တဲ့အခါ ဂရပ်ဖိုက်ဗုံး ဆိုတာကိုသွားတွေ့ပါတယ်။ ဂရပ်ဖိုက်ဗုံးဆိုတာက လူ့အသက်များကိုသေစေတဲ့ ဗုံးအမျိုးအစားမဟုတ်ပါဘူး။ လျှပ်စစ်ဓာတ်အားလိုင်းများမှာ လျှပ်စစ်ပြတ်တောက်မှုကိုသာဖြစ်စေမယ့် လက်နက်ဖြစ်ပါတယ်။ ဒီလက်နက်ကို  တဖြည်းဖြည်းနဲ့အဆင့်မြှင့်တင်နိုင်ဖို့ကိုလည်း နိုင်ငံကြီးများက ကြိုးပမ်းလာကြတာကို တွေ့ရပါတယ်။

မကြာသေးမီက   တရုတ်နိုင်ငံပိုင် သတင်းဌာနတစ်ခုကနေ ထုတ်ဖော်ပြသလိုက်တဲ့ ဗီဒီယိုတစ်ခုမှာ ဂရပ်ဖိုက်ဗုံး အမျိုးအစားအသစ်လို့ ထင်ရတဲ့အရာတစ်ခုကို ထည့်သွင်းဖော်ပြသွားတာ တွေ့ရပါတယ်။ အဲဒီဂရပ်ဖိုက်ဗုံး အမျိုးအစားအသစ်က ရန်သူ့ဓာတ်အားပေး စက်ရုံများကို အမှောင်ဖုံးစေပြီး သတ်မှတ်ထားတဲ့ နယ်မြေတစ်ခုအတွင်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကိုဖြစ်စေမှာဖြစ်တယ်လို့ အဲဒီသတင်းဌာနက ဆက်လက် ဖော်ပြထားပါတယ်။

CCTV သတင်းဌာနက ဖော်ပြထားတဲ့ အဲဒီဗီဒီယိုက အန်နီမေးရှင်းဗီဒီယိုဖြစ်ပြီး မြေပြင်အခြေပြုယာဉ်ကနေ  လက်နက်တစ်ခုကို ပစ်လွှတ်လိုက်တာ တွေ့ရပါတယ်။ ပြီးတဲ့အခါ အဲဒီလက်နက်က ထုလုံးပုံခဲယမ်း ၉၀ ကိုထပ်မံထုတ်လွှတ် လိုက်တာဖြစ်ပါတယ်။

သူ့ရဲ့စွမ်းဆောင်ရည်ကတော့ အနည်းဆုံးစတုရန်း မီတာ ၁၀၀၀၀ ရှိတဲ့နယ်မြေတစ်ခုလုံးကို လျှပ်စစ်ဓာတ်အား ပြတ်တောက်စေနိုင်ပါတယ်။ အဓိကအားဖြင့် ရန်သူ့ကွပ်ကဲမှုနဲ့ ထိန်းချုပ်မှုစနစ်များကို ပစ်မှတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။  