လန်ဒန်မှ နယူးယောက်သို့ ၄၅ မိနစ်ဖြင့် အရောက်သွားမယ့် အသံထက် ၇ ဆမြန်လေယာဉ်

Posted_Date

Image

လန်ဒန်မှ နယူးယောက်သို့ ၄၅ မိနစ်ဖြင့် အရောက်သွားမယ့် အသံထက် ၇ ဆမြန်လေယာဉ်

Body

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှ အမေရိကန်နိုင်ငံ နယူးယောက်မြို့အထိကို သာမန်အားဖြင့် လေယာဉ်စီးမယ်ဆိုရင် အချိန်ကရှစ်နာရီ ကျော်ကြာမြင့်မှာပါ။ အကွာအဝေးကလည်း ကီလို မီတာပေါင်း  ၅၅၅၄  ကီလိုမီတာကျော်ပါတယ်။

တကယ်လို့များ လန်ဒန်မြို့ကနေ နယူးယောက်မြို့ကို လေယာဉ်စီးပြီးသွားရမယ်ဆိုရင်တော့ အချိန်အားဖြင့်တစ်နေကုန်လောက်ယူရမှာ အသေအချာပါပဲ။ ဒါကြောင့်လည်း သိပ္ပံပညာရှင်များက အဲဒီလိုမျိုးကြာမြင့်ချိန်ကိုလျှော့ချနိုင်စေဖို့အတွက် တီထွင်ဆန်းသစ်မှုတွေလုပ်ဆောင်လာတာတွေ့ရပါတယ်။ အဓိကအားဖြင့် မြန်နှုန်းမြင့်လေယာဉ်တွေကို တီထွင်လာကြတာပါ။

ဒီလိုမျိုး   တီထွင်လာကြခြင်းရဲ့အကျိုးရလဒ်တစ်ခုအနေနဲ့ လန်ဒန်မြို့ကနေ နယူးယောက်မြို့ကို ၄၅ မိနစ်အတွင်းအရောက်သွားနိုင်တယ်ဆိုရင် ယုံနိုင်ပါ့မလား။ ဒီလိုမျိုးအရောက်သွားနိုင်ဖို့ဆိုရင် အသံထက်အလွန်မြန်တဲ့နှုန်းနဲ့သွားမှသာရောက်ရှိမှာပါ။

အခုတော့ A-HyM Hypersonic Air Master ဆိုတဲ့လေယာဉ်ရဲ့ ဒီဇိုင်းပိုင်းထွက်ပေါ်လာပါပြီ။ ဒီလေယာဉ်ကအပေါ်မှာပြောခဲ့သလိုမျိုးပဲ လန်ဒန်မြို့ကနေ နယူးယောက်မြို့ကို ၄၅ မိနစ်အတွင်းအရောက်သွားနိုင်စေမှာပါ။ ဒီလိုသွားနိုင်ဖို့အတွက်သူ့ရဲ့အမြန်နှုန်းက အသံထက် ၇ ဒသမ ၃ ဆမြန်တဲ့နှုန်းနဲ့သွားမှာဖြစ်ပါတယ်။

အသံထက် ၇ ဒသမ ၃ ဆမြန်တဲ့နှုန်းဆိုတာကို ရှင်းလင်းမြင်သာအောင်ပြရရင် တစ်နာရီကိုမိုင်ပေါင်း ၅၆၀၀ ကျော်နှုန်း၊ ကီလိုမီတာအားဖြင့် ၉၀၀၀ ကျော် နှုန်းနဲ့သွားနိုင်တာဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့အဆင့်အမြင့်ဆုံးခရီးသည်တင်လေယာဉ်တောင်မှ အမြန်ဆုံးအနေနဲ့ တစ်နာရီကိုမိုင် ၅၆၀ နှုန်းနဲ့သာ ပျံသန်းနိုင်ပါသေးတယ်။ အတိတ်တုန်းက လန်ဒန်က နေ နယူးယောက်ကို ကြာမြင့်ချိန်သုံးနာရီခွဲဝန်းကျင်နဲ့ပျံသန်းခဲ့ဖူးတဲ့ ကမ္ဘာကျော်ကွန်းကော့လေယာဉ်တောင်မှ A-HyM Hypersonic Air Master ရဲ့နောက်မှာပြတ်ကျန်ခဲ့ရမယ့်အနေအထားဖြစ်ပါတယ်။

A-HyM Hypersonic Air Master ဆိုတာ စပိန် နိုင်ငံမှလေကြောင်းအာကာသ ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ အော်စကာဗီနာရဲ့စိတ်ကူးဖြစ်ပါတယ်။သူ့ရဲ့စိတ်ကူးထဲမှာ ခရီးသည် ၁၇၀ ကိုတင်ဆောင်ပြီး မြေမျက်နှာပြင်အထက် ၉၈၄၂၅ ပေကနေပျံသန်းမယ့် အသံ နှုန်းလွန်ခရီးသည်တင်လေယာဉ်ကို ဖန်တီးဖို့ဖြစ်ပါ တယ်။ ဒီအမြင့်ပေဆိုတာကလည်း သာမန်ခရီးသည် တင်လေယာဉ်တွေ   ပျံသန်းတဲ့အမြင့်ပေထက်ကိုနှစ်ဆကျော်ရှိပါတယ်။

“အခုလိုမျိုးလေယာဉ်ကိုစိတ်ကူးပုံဖော်ဖန်တီးရ တဲ့အကြောင်းရင်းက လေယာဉ်စီးသူတွေအနေနဲ့ သူမတူထူးခြားတဲ့အတွေ့အကြုံကိုခံစားရရှိနိုင်စေဖို့နဲ့ ခရီးသွားရတဲ့ကြာမြင့်ချိန်ကိုလည်း သိသိသာသာ လျှော့ချနိုင်စေဖို့ဖြစ်ပါတယ်။ ဒီလေယာဉ်ကြောင့် လန်ဒန်မြို့ရှိ ဟီသရိုးလေဆိပ်ကနေ လေယာဉ်ပေါ် တက်ပြီးချိန်မှ နယူးယောက်မြို့ရှိ လော့အိန်ဂျလိ လေဆိပ်ကိုဆိုက်ရောက်ပြီးဆင်းပြီးသည့်အချိန်အထိစုစုပေါင်းကြာမြင့်ချိန် တစ်နာရီခွဲပဲရှိမှာဖြစ်ပါတယ်လို့ အော်စကာဗီနာကပြောပါတယ်။

အခုလိုမျိုးအသံထက်အလွန်မြန်တဲ့နှုန်းနဲ့ပျံသန်း မယ်ဆိုတာက အဲဒီလေယာဉ်ကိုအမြန်သွားစေတာ တစ်ခုတည်းဖြစ်ပေါ်စေတာမဟုတ်ပါဘူး။    သူနဲ့ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာစိန်ခေါ်မှုတွေကိုပါ ရင်ဆိုင်ရတာဖြစ်ပါတယ်။ အထင်ရှားဆုံးသောနည်း ပညာပိုင်းဆိုင်ရာစိန်ခေါ်မှုကတော့ အပူချိန်မြင့်တက် မှုကိုခံနိုင်ရည်ရှိစေရေးဖြစ်ပါတယ်။ ဒီလိုအရှိန်မျိုးနဲ့ သာလေထဲမှာပျံသန်းမယ်ဆိုရင် လေယာဉ်ကလေထု နဲ့ပွတ်တိုက်မှုကြောင့် အပူချိန် ၁၀၀၀ ဒီဂရီစင်တီ ဂရိတ်အထိကိုရင်ဆိုင်ရမှာပါ။

ဒီစိန်ခေါ်မှုကိုဖြေရှင်းနိုင်ဖို့အတွက် အော်စကာဗီနာက လေယာဉ်ရဲ့ကိုယ်ထည်ကို တိုက်တေနီယံ၊ ကာဗွန်ဖိုက်ဘာတို့နဲ့ပေါင်းစပ်ပြုလုပ်သွားမယ်လို့ဆိုပါတယ်။ ဒီကုန်ကြမ်းပစ္စည်းတွေက အလေးချိန်အား ဖြင့်ပေါ့ပါးတဲ့အပြင် အပူဒဏ်ကိုလည်းအလွန်ခံနိုင် ရည်ရှိပါတယ်။ ဒီအတွက်ကြောင့် သူတို့ကိုကမ္ဘာ့မြေ မျက်နှာပြင်အမြင့်ပိုင်းတွေမှာ အသုံးပြုဖို့အတွက် အသင့်လျော်ဆုံးသော ကုန်ကြမ်းပစ္စည်းတွေဖြစ်စေ တာပါ။

အခုလောက်ထိမြန်တဲ့နှုန်းနဲ့သွားမယ်ဆိုရင် အသံ ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့ မလွဲမသွေရင်ဆိုင်ရမှာပါ။ အဓိကကတော့ ကြီးမားပြီးကျယ်လောင်တဲ့အသံကို ထွက်ပေါ်စေမှာအမှန်ပါပဲ။ ဒီအခက်အခဲကိုဖြေရှင်း ဖို့အတွက်ကျတော့ Sonic Boom Mitigation စနစ် ကိုအသုံးပြုသွားမယ်လို့ဆိုပါတယ်။ ဒီစနစ်ဆိုတာကလေယာဉ်က လေထုကိုဖြိုခွဲသွားတဲ့အခါ ထွက်ပေါ်လာတဲ့အသံပေါက်ကွဲမှုကို လျှော့ချပေးနိုင်တဲ့စနစ်ဖြစ်ပါတယ်။

တကယ်လို့သာ  ဒီစနစ်အောင်မြင်သွားပါကသူ့ကိုသာမန်အသံနှုန်းလွန်ပျံသန်းမှုတွေမှာ ထည့်သွင်း အသုံးပြုလာနိုင်ပါလိမ့်မယ်။ ဥပမာအားဖြင့် တိုက် လေယာဉ်တစ်စင်းဆိုလျှင် အသံထက်မြန်စနစ်ကို ဖွင့်ပြီးသွားပါက အလွန်ကိုဆူညံတဲ့လေကိုထိုးခွဲသံ ထွက်ပေါ်စေပါတယ်။ ဒီအသံကို အောက်မှာရှိနေတဲ့ ပြည်သူတွေက ဘယ်လိုမှမခံနိုင်ပါဘူး။ ဒါကြောင့် လည်း အသံထက်မြန်စနစ်အသုံးပြုမယ်ဆိုရင် လူထု ကိုကြိုတင်အသိပေးကြရတာပါ။

A-HyM Hypersonic Air Master အနေနဲ့အခုလိုမျိုးအမြန်နှုန်းနဲ့ပျံသန်းနိုင်ဖို့အတွက်   အဓိကကျတဲ့ အရာက သူ့ရဲ့အင်ဂျင်ဖြစ်ပါတယ်။  ဒီနေရာမှာလည်း သူ့ရဲ့နည်းပညာအဆင့်အတန်းမြင့်မားမှုကိုဖော်ပြနေ တာတွေ့ရပါတယ်။ အကြောင်းရင်းကတော့ အင်ဂျင် အတွက်လိုအပ်တဲ့လောင်စာအဖြစ် ဟိုက်ဒရိုဂျင်ကို အသုံးပြုသွားမယ်လို့ဆိုထားတဲ့အတွက်ပါ။ အင်ဂျင် စနစ်ကလည်း ပေါင်းစပ်အင်ဂျင်စနစ်ဖြစ်ပြီး ဒီစနစ်မှာ Turbojet၊ Ramjet နဲ့ Oblique Detonation Engine နည်းပညာတွေကို ပေါင်းစပ်ထားတာကြောင့် စတင် ပျံတက်ချိန်မှသည်   အသံနှုန်းလွန်အမြန်နှုန်းဖြင့်ပျံသန်းချိန်အထိကို  အရှိန်အမျိုးမျိုးတင်နိုင်စေမှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ သက်သောင့်သက်သာဖြစ် မှုပါ။ လေယာဉ်က အသံထက် ၇ ဆမြန်တဲ့နှုန်းနဲ့ပျံသန်းမှာဖြစ်တဲ့အတွက် လေယာဉ်ပေါ်လိုက်ပါစီးနင်း ကြမယ့် ခရီးသည်တွေအနေနဲ့ သက်သောင့်သက်သာ ဖြစ်ဖို့အင်မတန်အရေးကြီးပါတယ်။ ဒီအတွက် သမား ရိုးကျလေယာဉ်တွေလိုမျိုး ပြတင်းပေါက်သေးသေး လေးတွေနဲ့မဟုတ်ဘဲ မြင်ကွင်းကျယ်ပုံရိပ်တွေကို အချိန်နဲ့တစ်ပြေးညီဖော်ပြပေးနိုင်မယ့်စနစ်ကို အသုံး ပြုသွားမယ်လို့ အော်စကာဗီနာကဆိုပါတယ်။ ဒီစနစ် ကဖြစ်ပေါ်နေတဲ့အခြေအနေများကိုသာမက ဖျော် ဖြေရေးနဲ့သတင်းအချက်အလက်ပေးရေးလုပ်ငန်းကိုလည်း တာဝန်ယူသွားမှာပါ။

ဒါ့အပြင် လေယာဉ်ရဲ့အတွင်းပိုင်းမှာ လိုက်ပါစီးနင်းသူတွေအနေနဲ့ ကျယ်ဝန်းပြီးသက်သောင့်သက် သာဖြစ်စွာ စီးနင်းရတယ်ဆိုတဲ့ခံစားချက်ကိုရရှိစေ ဖို့အတွက် လိုအပ်တဲ့အကျယ်အဝန်းကိုထားရှိပေးဦးမှာပါ။ အထူးသဖြင့် အပေါ်မှာပြောခဲ့သလိုမျိုးပဲ မြန် နှုန်းမြင့်အရှိန်နဲ့ပျံသန်းနေတဲ့လေယာဉ်ပေါ်မှာ သက် သောင့်သက်သာဖြစ်တဲ့ခံစားချက်ကိုပေးစွမ်းနိုင်စေ ဖို့ဖြစ်ပါတယ်။

A-HyM Hypersonic Air Master အသံနှုန်းလွန် လေယာဉ်က လက်ရှိမှာစိတ်ကူးနဲ့ဒီဇိုင်းဖော်ထားတဲ့ အဆင့်မှာသာရှိနေသေးပေမယ့် ဒီစိတ်ကူးကြောင့်ပဲ အလွန်လျင်မြန်တဲ့ လေကြောင်းခရီးသွားလာမှုနည်း ပညာကို တစ်ဖန်ပြန်လည်ဆန်းသစ်လာစေတာဖြစ် ပါတယ်။ ဒါ့အပြင် အရင်တစ်ချိန်တုန်းက သိပ္ပံစိတ် ကူးယဉ်ဇာတ်လမ်းတွေထဲမှာသာ မြင်တွေ့ခဲ့ရဖူးတဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးအင်ဂျင်စနစ်၊ အသံပေါက်ကွဲမှုထိန်းချုပ်ရေးစနစ် အစရှိတဲ့ နည်းပညာတွေဆိုရင်လည်း လက်ရှိမှာလက်တွေ့ဖန်တီးစမ်းသပ်မှုတွေလုပ်ဆောင်လာနိုင်နေပြီဖြစ်တာကြောင့် အသံ ထက် ၇ ဆမြန်တဲ့ခရီးသည်တင်လေယာဉ်ဆိုတာက လည်း သိပ်မဝေးတော့တဲ့အချိန်ကာလမှာ လက်တွေ့ ကမ္ဘာဆီကို ပေါ်ထွက်လာမှာအမှန်ဖြစ်ကြောင်း ရေး သားတင်ပြလိုက်ရပါတယ်။      ။      

Ref: IE

Source: Myawady Web Portal