တည်ငြိမ်အေးချမ်းရန် အချိန်တန်ပြီဟု ဆီးရီးယား ဝန်ကြီးချုပ်သစ် ပြောကြား

News Image

  • တည်ငြိမ်အေးချမ်းရန် အချိန်တန်ပြီ ဟု ဆီးရီးယား ဝန်ကြီးချုပ်သစ် ပြောကြား

ကာလရှည်ကြာစွာ အုပ်ချုပ်ခဲ့သည့် သမ္မတအာဆတ်ကို သူပုန်များက ဖြုတ်ချပြီးနောက် ဆီးရီးယားနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလ ဝန်ကြီးချုပ်သစ် ဖြစ်လာသူက နိုင်ငံတည်ငြိမ်အေးချမ်းရန် အချိန်တန်ပြီ ဟု ဒီဇင်ဘာ ၁၀ ရက် က ပြောကြားလိုက်ပါသည်။ 

သူပုန်များအနေဖြင့် မတ်လ ၁ ရက်အထိ နိုင်ငံကိုအုပ်ချုပ်ရန် အသွင်ကူးပြောင်းရေးအစိုးရခေါင်းဆောင်အဖြစ် မိုဟာမက်အယ်လ်ဘာရှားကို ခန့်အပ်လိုက်သည်ဟု ကြေညာခဲ့ပါသည်။ ထိုသို့ ခန့်အပ်ခံရပြီးနောက် ဝန်ကြီးချုပ်သစ် ဘာရှားက ၎င်း၏ ပထမဆုံး အင်တာဗျူးဖြစ်သည့် ကာတာ၏ Al Jazeera ရုပ်မြင်သံကြားထံ “ပြည်သူများ တည်ငြိမ်အေးချမ်းရန် အချိန်တန်ပြီ” ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း နိုင်ငံအားလုံးက ဆီးရီးယားတွင် အားလုံးပါဝင်နိုင်သော နိုင်ငံရေးလုပ်ငန်းစဉ်ကို ထောက်ခံကြရန် တိုက်တွန်းလိုက်ပြီး ထိုစံနှုန်းများနှင့်ကိုက်ညီပါက အစိုးရတစ်ရပ်အဖြစ် အမေရိကန်က အသိအမှတ်ပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ကိုးကား - CNA