ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကြား ပြန်လည်သင့်မြတ်စေရေး တရုတ်နိုင်ငံက ကူညီပေးရန် အသင့်ရှိဟုဆို
တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကြား ပြန်လည်သင့်မြတ်စေရေးအတွက် လိုအပ်သည်များကိုကူညီပေးရန်အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ဩဂုတ်လ ၁၄ ရက် တွင်ပြောသည်။
ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အနေဖြင့် နှစ်နိုင်ငံကြားနယ်စပ်ပြဿနာ ပြေလည်စေရေးအတွက် ဖြေရှင်းရာတွင် အကူအညီတောင်းဆိုလာပါက ကူညီရန် အသင့်ရှိကြောင်း၊ ဆွေးနွေးပွဲဖြစ်မြောက်ရေးကိုလည်း ကူညီပေးမည်ဖြစ်ကြောင်း၊ ထိုနှစ်နိုင်ငံအနေဖြင့် ယုံကြည်မှုပြန်လည် တည်ဆောက်ပြီး ချစ်ကြည်မှုပြန်လည်ရရှိရေးကြိုးပမ်းမည်ဟု မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက လန်ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့မှ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲများတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံပြီးနောက် ယခုကဲ့သို့ပြောလာခြင်း ဖြစ်ကြောင်း သိရသည်။
Ref: RTA
MWD