ထရန့်၏ FBI နှင့် တရားရေးရာဌာန အကြီးအကဲနေရာများတွင် ခန့်အပ်တာဝန်ပေးမည့်သူများက မယုံကြည်နိုင်လောက်အောင် အန္တရာယ်ပေးနိုင်မလား

News Image

  • ထရန့်၏ FBI နှင့် တရားရေးရာဌာန အကြီးအကဲနေရာများတွင် ခန့်အပ်တာဝန်ပေးမည့်သူများက မယုံကြည်နိုင်လောက်အောင် အန္တရာယ်ပေးနိုင်မလား

 ရွေးကောက်ခံသမ္မတ Trump သည် ၎င်း၏သစ္စာတော်ခံ နှစ်ဦးဖြစ်သည့် Kash Patel နှင့် Pam Bondi တို့အား အမေရိကန်စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် တရားရေးရာဌာန တို့၏ အကြီးအကဲအဖြစ် အဆိုတင်သွင်းခဲ့ခြင်းသည် အမေရိကန်ပြည်သူတို့၏ Trumpအစိုးရအပေါ် ယုံကြည်မှု ကျဆင်းစေပါကြောင်း၊ Kash Patel နှင့် Pam Bondi နှစ်ဦးတို့မှာ Trump ၏ သစ္စာခံလူယုံတော်များ ဖြစ်ကြပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် Trump က Biden အား မဲဖြင့် ရှုံးနိမ့်ခဲ့ခြင်းမှာ မဲမသမာမှုကြောင့် ဖြစ်သည်ဟူ၍ လှုံဆော်ခဲ့ကြသူများလည်း ဖြစ်ပါကြောင်း၊ Patel သည် Trump ပထမသမ္မတသက်တမ်းတွင် ထိပ်တန်းရှေ့နေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး Bondi သည် လော်ဘီတစ်ဦးဖြစ်ပြီး Flordia ပြည်နယ်၏ ရှေ့နေ့ချုပ် (အငြိမ်းစား) တစ်ဦးဖြစ်ပါကြောင်း၊ Trump က သူတို့နှစ်ဦးအား အမေရိကန်စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် တရားရေးရာဌာနတို့၏ အကြီးအကဲအဖြစ် အဆိုတင်သွင်းခဲ့ခြင်းသည် ၎င်း၏ အတိုက်အခံပါတီအား လက်စားချေမည့် သဘောသက်ရောက်နေခြင်းကြောင့် ပြည်သူတချို့၏ ယုံကြည်မှုကို ကျဆင်းစေပါကြောင်း၊ ထို့ပြင် FBI နှင့် Department of Justice အဖွဲ့အစည်း တို့၏ ဂုဏ်သိက္ခာ ညှိုးငယ်စေမည့် အလားအလာကို မြင်တွေ့နေရပါကြောင်း ပြည်သူ့အခွင့်အရေး ကျွမ်းကျင်သူများက ပြောဆိုနေကြပါသည်။

ကိုးကားThe Guardian