ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတော် အချုပ်အခြာအာဏာကို အစွမ်းကုန် ကာကွယ်လျက်ရှိဟု ထိုင်းနိုင်ငံ ယာယီဝန်ကြီးချုပ် ဆို

News Image

  • ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတော် အချုပ်အခြာအာဏာကို အစွမ်းကုန် ကာကွယ်လျက်ရှိဟု ထိုင်းနိုင်ငံ ယာယီဝန်ကြီးချုပ် ဆို

ထိုင်းနိုင်ငံတွင် လက်ရှိဖြစ်ပျက်နေသည့်ကိစ္စရပ်သည် ကမ္ဘောဒီးယား နိုင်ငံဘက်က လာရောက် ထိပါးခြင်းဖြစ်ပြီး ပြည်သူများ သေဆုံး၊ ဒဏ်ရာ ရမှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတော် အချုပ်အခြာအာဏာကို အစွမ်းကုန် ကာကွယ်လျက်ရှိကြောင်း၊ ကိစ္စရပ်အခြေအနေသည် စစ်ပွဲအဖြစ် အဆင့်မြင့်တက်သွားနိုင်ကြောင်း ထိုင်းနိုင်ငံ ယာယီဝန်ကြီးချုပ် Phumtham Wechayachai က ဇူလိုင် ၂၅ ရက်တွင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခ အခြေအနေနှင့်စပ်လျဉ်း၍ မီဒီယာတွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။

ကိုးကား- Xinhua