တံတားဦးမြို့နယ် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချ
တံတားဦး ၊ ဇူလိုင် - ၂၅
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ပြည်သူများသို့ အခြေခံ စားသောက်ကုန်များ များအား ယနေ့နံနက် (၇) နာရီက တံတားဦးမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေး တောင်ဘက်လမ်းတွင် သက်သာသောဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးကြောင်းသိရသည် ။
ထိုသို့ရောင်းချပေးရာ၌ တံတားဦးခရိုင်/မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် တံတားဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ဆန်ကုန်သည်များအသင်း၊ ဆီကုန်သည် များအသင်းနှင့် ဥစားကြက်မွေးမြူရေး လုပ်ငန်းရှင်များ ပူးပေါင်း၍ ပြည်သူများအတွက် လက်ရှိကာလပေါက် ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းလျော့ချ၍ ရောင်းချခဲ့ရာ အမဲသားမှာ မူရင်းဈေးဖြစ်သည့် တစ်ပိဿာလျှင် (၃၄၀၀၀) ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်ဖြင့် အချိန်(၃၀)ပိဿာ ၊ ဝက်သားမှာ မူရင်း ဈေးဖြစ်သည့် တစ်ပိဿာလျှင် (၃၆၀၀၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ် ဖြင့် အချိန်(၃၅)ပိဿာ ၊ ဆိတ်သားမှာ မူရင်းဈေး ဖြစ်သည့် တစ်ပိဿာလျှင်(၄၄၀၀၀)ကျပ်အစား သက်သာသော ဈေးအဖြစ် တစ်ပိဿာလျှင် ၃၆၀၀၀ ကျပ်ဖြင့် အချိန်(၁၅)ပိဿာ ၊ ကြက်ဥတစ်လုံးလျှင် မူရင်းဈေးမှာ (၄၅၀) ကျပ် အစား သက်သာသောဈေးအဖြစ် တစ်လုံးလျှင်(၃၀၀)ကျပ်ဖြင့် ကြက်ဥ(၁၅၀၀)လုံး ၊ စားသုံးဆီ တစ်ပိဿာ လျှင် မူရင်းဈေးမှာ (၁၀၀၀၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပိဿာလျှင်(၇၄၀၀)ကျပ်ဖြင့် ဆီ(၁၁၀) ပိဿာ၊ ဆန်တစ်ပြည်လျှင် မူရင်းဈေးမှာ (၄၅၀၀) ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပြည်လျှင် (၃၅၀၀) ကျပ်ဖြင့် ဆန်(၂၆၀)ပြည်တို့ကို စားသုံးသူများ၏ လက်ဝယ်အရောက် ရောင်းချပေးကြောင်း သတင်းရရှိသည် ။
ဦးရဲတင့်( ပြန်/ဆက်)