အိန္ဒိယ၏ ဖရီးဂိတ်စစ်ရေယာဉ်နှစ်စင်း ယခုလတွင်တပ်တော်ဝင်မည်

News Image

  • အိန္ဒိယ၏ ဖရီးဂိတ်စစ်ရေယာဉ်နှစ်စင်း ယခုလတွင်တပ်တော်ဝင်မည်

အိန္ဒိယနိုင်ငံက ပြည်တွင်းဖြစ်ဖရီးဂိတ် စစ်ရေယာဉ်နှစ်စင်းသည် ယခုလတွင်တပ် တော်ဝင်မည်ဖြစ်ကြောင်း၊    ထိုသို့အမျိုးအစားတူ စစ်ရေယာဉ်နှစ်စင်းကို တစ်ပြိုင်နက် တည်းတပ်တော် သွင်းခြင်းသည် အိန္ဒိယ နိုင်ငံ၏ ပင်လယ်ရေကြောင်းရည်မှန်းချက်များကို အကောင်အထည်ပေါ်စေမည်ဖြစ်သည့်အပြင် ပြိုင်ဘက်နိုင်ငံများကိုလည်း သတိပေးရာရောက်မည်ဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

INS Udaygiri နှင့် INS Himgiri အမည်ရှိ စစ်ရေယာဉ်နှစ်စင်းကို ဩဂုတ်လ ၂၆ ရက်တွင် အိန္ဒိယနိုင်ငံအရှေ့ပိုင်းရှိ ဝိသာခါပတ်တနမ်မြို့၌ တပ်တော်သွင်းသွားမည် ဖြစ်သည်။    ယင်းဖရီးဂိတ် စစ်ရေယာဉ်နှစ်စင်းကို သင်္ဘောကျင်းတစ်ခုစီတွင်တည် ဆောက်ခြင်းဖြစ်ကြောင်း၊ သို့သော် ယင်း သင်္ဘောနှစ်စင်းစလုံးသည် အိန္ဒိယနိုင်ငံ၏ အဆင့်အမြင့်ဆုံးသော ကိုယ်ပျောက်ဖရီး ဂိတ်အစီအစဉ် ဖြစ်သည့် Project 17A ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်သည် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းဖြစ် သင်္ဘောတည်ဆောက်ရေး လုပ်ငန်း၌ ရှေ့ပြေးမှုကို ကိုယ်စားပြုနေကြောင်း လေ့ လာသူများက ပြောသည်။

ထိုသင်္ဘောနှစ်စင်းသည် လေကြောင်းရန်ကာကွယ်ရေးတာဝန်နှင့် ပြည်ပတာဝန် ထမ်းဆောင်ရေးတို့ကို အဓိကဆောင်ရွက် သွားမည်ဖြစ်ကြောင်း လေ့လာသူများက ပြောထားသည်။                   

 Ref: SCMP