ကျောက်ဆည်မြို့နယ်တွင် တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေး

News Image

  • ကျောက်ဆည်မြို့နယ်တွင် တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက် စေရေး မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေး

ကျောက်ဆည်၊ ဇူလိုင်-၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများ ကြွေးမြီ ကင်းရှင်းပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင်ဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိရှာ ယနေ့(၉)နာရီအထိ ငွေ(၄၂၂,၁၀၀,၀၀၀)ကျပ် ထုတ်ချေး ပေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ မိုးရာသီစိုက်ပျိုးစရိတ်ချေးများ ထုတ်ချေးပေးရာ၌ လယ်သီးနှံဖြစ်သည့် စပါး(၁)ဧကတွင် ငွေ(၁)သိန်းခွဲ ကျပ်၊ ယာသီးနှံများဖြစ်သည့် ကုလားပဲ၊ ပဲတီစိမ်း၊ ချည်မျှင်ရှည်ဝါ သီးနှံများအတွက် (၁)ဧက ငွေ(၁)သိန်းကျပ် နှုန်းဖြင့် ကျေးရွာအုပ်စု (၂၈) အုပ်စုမှ တောင်သူ (၆၁၇) ဦး၏ စပါးသီးနှံ (၂၃၃၄) ဧက၊ ပဲတီစိမ်းသီးနှံ (၆၅၁) ဧက၊ ချည်မျှင်ရှည်ဝါသီးနှံ (၅၉) ဧက၊ ကုလားပဲသီးနှံ (၁၀) ဧက စုစုပေါင်းသီးနှံမျိုးစုံ (၃၀၅၄) ဧကအတွက် စိုက်ပျိုး ချေးငွေ(၄၂၂,၁၀၀,၀၀၀)ကျပ် ထုတ်ချေးပေးပြီးဖြစ်ကြောင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင် ဘဏ်ခွဲအနေဖြင့် တောင်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ၂၀၂၅ ခုနှစ် မိုးရာသီ၌ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း(၂)သောင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေးပို့သူ- သက်မောင်(ကျောက်ဆည်)