ဒေသအတွင်းနှင့် အခြားဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ရေတိုက်စားသွားသော လမ်းတာပေါင် အား ပြန်လည်ပြုပြင်ပေး
ကျောက်ဆည်၊ ဇူလိုင်-၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေး လမ်း၊ တံတားများအသစ်တည်ဆောက်ပေးခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဒေသအတွင်းနှင့် အခြားဒေသထွက်ကုန်များ ကုန်စည် စီးဆင်းမှုမြန်ဆန်ရေး အမှတ်(၂)ခရိုင်ချင်းဆက်လမ်းမှ ရေတိုက်စားသွားသော လမ်းတာပေါင် တစ်နေရာအား ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။
ရေတိုက်စား၍ ပြန်လည်ပြုပြင်ပေးလျက်ရှိသော လမ်းတာပေါင်သည် အမှတ်(၂)ခရိုင်ချင်းဆက်လမ်း၏ (၆၉.၈) ကီလိုမီတာနှင့် (၇၀.၄) ကီလိုမီတာအတွင်းရှိ လမ်းအရှည်(၀.၆)ကီလိုမီတာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ခွင့်ပြု (ငွေလုံးငွေရင်း)ရန်ပုံငွေ (၂၁.၇၀၀) ကျပ်သန်းအကုန်အကျခံကာ မြို့နယ်လမ်းဦးစီးဌာနမှ လမ်းအကျယ် (၁.၂၅) မီတာထိ ပြန်လည်ပြုပြင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန် အတွက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ်သက်သာစေရန်နှင့် ဒေသထွက်ကုန်များနှင့် အခြား လူသုံးကုန်ပစ္စည်းများသယ်ယူရာတွင် အချိန်တိုအတွင်းလွယ်ကူမြန်စွာ သယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့် ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)