ဆီဝယ်ယူခွင့်စာအုပ်တစ်အုပ်လျှင် စားအုန်းဆီ(၂)ပိဿာနှုန်းဖြင့် စွန်ရဲတောင်ရွာ၌ စားအုန်းဆီ(၂၂၀)ပိဿာ ရောင်းချပေး
ကျောက်ဆည်၊ ဇူလိုင်-၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူများ စားဝတ်နေရေးအတွက် အခြေခံ စားသောက်ကုန် များဝယ်ယူရာတွင် အထောက်ပံ့ဖြစ်စေရေး ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းညှိနှိုင်းပြီး အသား ငါးများ၊ ဟင်းသီး ဟင်းရွက်များ၊ စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဆီဝယ်ယူခွင့်စာအုပ်တစ်အုပ်လျှင် စားအုန်းဆီ(၂)ပိဿာနှုန်းဖြင့် စဉ့်ကိုင်မြို့နယ်၊ စွန်ရဲ တောင်ရွာ၌ စားအုန်းဆီ(၂၂၀)ပိဿာအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ရောင်းချပေးရာတွင် အရည်အသွေးပြည့်ဝသော စားအုန်းဆီများကို Resources Group Trading Co,Ltd မှ ဝယ်ယူခဲ့ပြီး စားအုန်းဆီတစ်ပိဿာငွေ(၇၁၁၅)ကျပ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ထိုသို့ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချခြင်းများကို ကျောက်ဆည်၊ မြစ်သား မြို့နယ်များနှင့် ပုလိပ်၊ ကူမဲ မြို့နယ်ခွဲ များအတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင်လည်း သက်ဆိုင်ရာ မြို့နယ် များရှိ ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဝင် ဆီအရောင်းဆိုင်များမှ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့်ပူးပေါင်းကာ အလှည့်ကျစနစ်ဖြင့် စဉ်ဆက်မပြတ်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)