မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲ အောင်မြင်တော်မူခဲ့သည့် စာအောင်သံဃာတော်များအား အောင်လက်မှတ် နှင့် စာအောင်ဆုများ ဆပ်ကပ်လှူဒါန်း

News Image

  • မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲ အောင်မြင်တော်မူခဲ့သည့် စာအောင်သံဃာတော်များအား အောင်လက်မှတ် နှင့် စာအောင်ဆုများ ဆပ်ကပ်လှူဒါန်း

ကျောက်ဆည်၊ ဩဂုတ်-၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကျောက်ဆည်မြို့နယ်၊ သင်တောင်းကျေးရွာ၊ မဟာရွှေသိမ်တော် ဆုတောင်းပြည့်ဘုရား ကေသီဦးဓမ္မရုံ၌ ဩဂုတ်လ ၁ ရက်နေ့၊ နေ့လယ်(၁၂)နာရီက မြို့နယ်လုံးဆိုင်ရာ ဝိနည်း စာမေးပွဲ၌ အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆပ်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသူများက  နိုင်ငံတော် ဩဝါဒါစရိယ ဘဒ္ဒန္တာမောက္ခာ ရွှေစေတီကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တပညာသာမိ မဟာဂန္ဓဝါစကကဏ္ဍိတ ရွှေစေတီကျောင်းတိုက် ဆရာတော် မှ အောင်လက်မှတ်ဆပ်ကပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းမိန့်ကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ခေတ္တခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်းနှင့်တာဝန်ရှိသူများက ပင့်သံဃာဆရာတော်ကြီး များနှင့် စာအောင်သံဃာတော်များအား  ဝတ္ထုငွေ၊ သင်္ကန်းခြင်းများနှင့် စာအောင် လက်မှတ်၊ စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဩဝါဒါစရိယရွှေကူညီကျောင်း ဆရာတော် ဘဒ္ဒန္တဇနိတာဘိဝံသ ဆရာတော်ထံမှ ရေစက်သွန်းချ အနုမောဒနာ တရားနာယူကြည်ညိုခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲတွင် အဋ္ဌမအဆင့်၊ သတ္တမအဆင့်၊ ဆဋ္ဌအဆင့်၊ ပဉ္စမအဆင့်၊ စတုတ္ထအဆင့်၊ တတိယအဆင့်၊ ဒုတိယအဆင့်၊ ပထမအဆင့်နှင့် မူလအဆင့် စုစုပေါင်း စာအောင် သံဃာ (၂၀၀)ပါး အောင်မြင်တော်မူခဲ့ကြောင်း သိရသည်။

 

သက်မောင်(ကျောက်ဆည်)