ဒေသထွက်ကုန်များနှင့် လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သင်းတွဲမြောင်းပေါင်အား ပြန်လည်ပြုပြင်ပေး

News Image

  • ဒေသထွက်ကုန်များနှင့် လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သင်းတွဲမြောင်းပေါင်အား ပြန်လည်ပြုပြင်ပေး

ကျောက်ဆည်၊ဩဂုတ်-၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးတွင်းကာလသွားလာရန်အခက်အခဲဖြစ်ပေါ်နေသည့် သင်းတွဲမြောင်းပေါင် လမ်းပိုင်း တစ်နေရာ အား ရာသီမရွေးသွားလာနိုင်ရေး ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြန်လည်ပြုပြင်ပေးသွားမည့် ကွမ်းဆေးမြောင်းပေါင်လမ်းသည် ကျောက်ဆည်မြို့နယ် သာစည်လေး ကျေးရွာနှင့် ရဲဘော်လေးကျေးရွာအနီး မြောင်း၏ပေတိုင်အမှတ်(၅၀၀၀၀)မှ(၆၀၀၀၀)ကြား အလျား (၁၀၀၀၀)ပေ၊ လမ်း အကျယ် (၁၂) ပေအား မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၈၀)အကုန်အကျခံ၍ မြို့နယ် ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဂျင်းကျောက်မြေခင်းပေးပြီး လမ်းအဆင့် မြှင့်တင်ခြင်းများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမြောင်းပေါင် လမ်းအားအဆင့်မြှင့်တင်ပြီးပါက သာစည်လေးကျေးရာနှင့် ရဲဘော်လေးကျေးရွာမှ တောင်သူ ၏ လယ်ယာထွက်ကုန်များနှင့်စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် များစွာအဆင်ပြေသွားမည် ဖြစ်သည့် အပြင် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများနှင့် အခြားဒေသများဖြင့် ကူးလူးဆက်သွယ်ရာ၌ အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ ကူးလူးဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

          

သက်မောင်(ကျောက်ဆည်)