ကျောက်ဆည်မြို့နယ်တွင် ကျေးရွာ (၄) ရွာအား ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား ကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်
ကျောက်ဆည်၊ ဩဂုတ်-၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှု ဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တောတွင်-မယ်ဇယ်တော-ကျားအိုလေး-တုံလုံကျေးရွာ (၄)ရွာအား ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရှိ ရသည်။
အဆိုပါကျေးရွာချင်းဆက်လမ်းသည် အရှည်(၂/၃)မိုင်ရှည်လျားပြီး ယခင်ကမြေသား(ကျောက်မှုန့်ဖြူး) လမ်းဖြစ် ကြောင်းနှင့် ဒေသထွက်ကုန်များနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၈၄.၀၆)ကျပ်သန်း အကုန်အကျခံကာ လမ်းအရှည်(၀.၃)မိုင် အား (၂လက်မx ၄လက်မ)ကျောက်များဖြင့် လမ်းထု(၆)လက်မ၊ လမ်းအကျယ်(၁၆)ပေအထိ ကျောက်ချောလမ်းအဖြစ် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ယူ၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးသွားပါက တောတွင်-မယ်ဇယ်တော-ကျားအိုလေး-တုံလုံ ကျေးရွာမှ အိမ်ခြေ (၂၉၈)အိမ်၊ လူဦးရေ(၂၇၇၈)ဦးတို့၏ လူမှုဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် အခြားဒေသ များနှင့် ကူးလူးဆက်သွယ်ရာ၌ အချိန်တိုအတွင်း လွယ်ကူမြန်စွာသွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)