အမေရိကန်၏ လက်ခံနိုင်ဖွယ်အဆိုပြုချက် ရရှိထားသည်ဟု ကရင်မလင် အကြံပေးဆို
ယူကရိန်းပဋိပက္ခ ဖြေရှင်းရေးနှင့်ပတ်သက်၍ အမေရိကန်ထံမှ လက်ခံ နိုင်ဖွယ် အဆိုပြုချက်ရရှိထားသည်ဟု ကရင်မလင်အကြံပေး ယူရီ ဦရှာ ကော့ဗ်က အမေရိကန်အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်၏ မော်စကို ခရီးစဉ်အပြီးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ကြာသပတေးနေ့ (ဩဂုတ် ၇) တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ တွင် ဦရှာကော့ဗ်က ဝစ်ကော့ဖ်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ အကြား ဆွေးနွေးမှုများအပေါ် မှတ်ချက်ပြုခဲ့ပြီး အမေရိကန်တို့၏ အဆိုပြု ချက်ကိုရရှိထားပြီး စဉ်းစားဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေကြောင်း ဖော်ပြခဲ့သည်။ သို့သော် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။
ဦရှာကော့ဗ်က ရုရှားနှင့် အမေရိကန်တို့တွင် ဆွေးနွေးစရာခေါင်းစဉ်များ ရှိနေကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။ ထို့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ယခုဆွေးနွေးပွဲကို ရလဒ်ကောင်း များရရှိခဲ့သည့်နေ့ဟု ဖော်ပြခဲ့သည့် သဘောထားကိုလည်း ထောက်ခံ ခဲ့သည်။ ရူဘီယိုက "ပြီးပြည့်စုံသောငြိမ်းချမ်းရေးဆီသို့ လျှောက်လှမ်း ရမည့် ခရီးစဉ်သည် မနေ့ကထက် ယနေ့ပိုမိုနီးစပ်လာပြီ " ဟု ဖြည့်စွက် ပြောဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂