အစိုးရစက်မှုလက်မှုကျောင်း၌ ရွေ့လျားစနစ်ဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

News Image

  • အစိုးရစက်မှုလက်မှုကျောင်း၌ ရွေ့လျားစနစ်ဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ကျောက်ဆည်၊ ဩဂုတ်-၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အစိုးရစက်မှုလက်မှုကျောင်း၌ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အား ရွေ့လျားစနစ်ဖြင့် အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်သည့် အသား၊ ငါး၊ ဆီ၊ ဟင်းသီး/ဟင်းရွက်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အခြေခံစားသောက်ကုန်များရောင်းချရာ၌ လက်ရှိပေါက်ဈေးအပေါ်(၂၀)ရာခိုင်နှုန်းလျော့ချ၍ ဝက်သား (၂၀) ပိဿာ၊ အမဲသား(၂၅)ပိဿာ၊ ဆိတ်သား (၁၅)ပိဿာ၊ စားအုန်းဆီ(၁၁၀)ပိဿာအပြင် ဟင်းသီး/ဟင်းရွက်များပါ ရောင်းချပေးခဲ့ကြောင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ရွေ့လျား စနစ်ဖြင့် ပြည်သူ့သက်သာဈေးဖွင့်ပြီး အခြေခံစားသောက်ကုန်များကို ဝန်ထမ်းများနှင့်ဝန်ထမ်း မိသားစုများ စားဝတ်နေရေးအထောက်အကူဖြစ်စေရေး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

 သက်မောင်(ကျောက်ဆည်)