အမေရိကန်က မီးနှင့်ကစားနေသည်ဟု တရုတ်ပြော

News Image

  • အမေရိကန်က မီးနှင့်ကစားနေသည်ဟု တရုတ်ပြော

အမေရိကန်နိုင်ငံအနေဖြင့် မီးနှင့်ကစားနေသည်ဟု တရုတ်အစိုးရက ဒီဇင်ဘာလ ၂၂ ရက်တွင် သတိပေးစကားပြောလိုက်ကြောင်း သိရသည်။

အမေရိကန်အစိုးရက ထိုင်ဝမ်ကျွန်းသို့ စစ်လက်နက်ပစ္စည်များ ရောင်းချပေးရေး နှင့် ထောက်ပံ့ပေးရေးအတွက် အတည်ပြုကြောင်း ကြေညာပြီးနောက် တရုတ်အစိုးရက ယခုကဲ့သို့ထုတ်ပြန်ခြင်း ဖြစ်သည်။

ထို့အတူ အမေရိကန်ဒေါ်လာ ၅၇၁ သန်း တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများကို ထိုင်ဝမ်ကျွန်းသို့ ရောင်းချပေးမှုနှင့်ပတ်သက်၍ တရုတ်အစိုးရက ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်အစိုးရအနေဖြင့် ထိုင်ဝမ်ကျွန်းသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေမှုကို ရပ်တန့်ရန်၊ ထိုင်ဝမ်ရေလက်ကြား၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိခိုက်လျော့ပါးစေမည့် လုပ်ရပ်များကိုရပ်တန့်ရန် တိုက်တွန်းကြောင်း တရုတ်အစိုးရ၏    ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ထိုင်ဝမ်ကျွန်းသည် နိုင်ငံတကာဥပဒေများအရ တရုတ်နိုင်ငံပိုင်ဒေသ တစ်ခုဖြစ်ပြီး အမေရိကန်က တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ခံသော်လည်း ခွဲထွက်ခွင့်ရ ရေးကြိုးပမ်းနေသည့် ထိုင်ဝမ်ကျွန်းကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။ 

Source: Myawady Web Portal